သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္ဘက္က ေက်း႐ြာေတြမွာ ဒီလအတြင္းေတြ႕တဲ့ လူေသအေလာင္း ၂၀ ေက်ာ္ရွိ 


အာဆီယံ စံျပၿမိဳ႕ အျဖစ္ အေရြးခံရတဲ့ လြိဳင္ေကာ္

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ပန္ကန္းရပ္ကြက္နဲ႔ လြိဳင္ေကာ္ၿမိဳ႕နဲ႔ မေဝးတဲ့ ေရယိုေက်း႐ြာတို႔မွာ လူေသအေလာင္း ၉ ေလာင္း ဒီေန႔ ထပ္မံေတြ႕ရွိရတယ္လို႔ လူမႈကူညီေရးအသင္းက ေျပာပါတယ္။ ဒီလအတြင္းမွာ ေတြ႕ရွိတဲ့ အေလာင္း ၂၀ ေက်ာ္ရွိေနပါၿပီ။ တိုက္ပြဲ ဆက္တိုက္ျဖစ္ေနတဲ့ လြိဳင္ေကာ္ၿမိဳ႕ မိုင္းလုံရပ္ကြက္တဝိုက္မွာ ဇန္နဝါရီ ၂၇ ရက္ ၾကာသပေတးေန႔ကလည္း တိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

ဇန္နဝါရီလဆန္းပိုင္းကတည္းက စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖဲ့ြေတြ ျပင္းျပင္းထန္ထန္တိုက္ပြဲျဖစ္ေနတဲ့ လြိဳင္ေကာ္ၿမိဳ႕တဝိုက္ လူအေလာင္း ၉ ေလာင္း ထပ္မံေတြ႕ရွိရတယ္လို႔ အဲဒီဘက္မွာ ပရဟိတလုပ္ေပးေနတဲ့ လူမႈကူညီေရးအသင္းက ဗြီအိုေအကို ေျပာပါတယ္။ လြိဳင္ေကာ္ၿမိဳ႕ေပၚက ပန္ကန္းရပ္ကြက္မွာ လူေသအေလာင္း ၃ ေလာင္းနဲ႔ လြိဳင္ေကာ္ၿမိဳ႕နဲ႔ မေဝးတဲ့ ေရယိုေက်း႐ြာက အိမ္သာက်င္းတခုမွာ အေလာင္း ၆ ေလာင္းေတ့ြရွိတယ္လို႔ ခုလိုေျပာျပပါတယ္။

“ေရယို၊ ေရယိုေလး ေတြ႕တာေတာ့ ၆ေလာင္းေပါ့။ အိမ္ထဲမွာဆိုေပမယ့္ အဲ့လိုမ်ိဳး (အေလာင္းေတြ႕ရွိတာ) အိမ္သာက်င္းထဲမွာေပါ့။ အခုသတင္းကေတာ့ ထပ္ရွိတဲ့အေနအထားကေတာ့ ေနာက္ထပ္ အခုေလာေလာဆယ္ ပန္ကန္းဘက္မွာေပါ့ေနာ္။ ပန္ကန္းဘက္မွာ မသၿဂိဳလ္ရေသးဘူး။ ေလာေလာဆယ္ေတာ့ ၃ ေလာင္းေတာ့ ေတြ႕ရွိထားေသးတယ္ေပါ့ေနာ္။ ဒီေန႔ သၿဂိဳလ္ၿပီးတာက ၆ေလာင္း ၿပီးေတာ့ အခု သယ္ရမယ့္အေလာင္းေတြ ရွိေသးတာေပါ့ေနာ္။ ဒီေန႔ ေလာေလာဆယ္ေတာ့ ၉ ေလာင္းေပါ့ေနာ္ဗ်ာ။”

အခု ဇန္နဝါရီလအတြင္းမွာပဲ သူတို႔အသင္းက ကူညီသယ္ေပးရတဲ့အေလာင္း စုစုေပါင္း ၂၀ ေက်ာ္ရွိသြားၿပီးလို႔ ေျပာပါတယ္။ ေသဆုံးသူေတြ ဘယ္လိုအေျခအေနမ်ိဳးနဲ႔ ေသဆုံးခဲ့တယ္ဆိုတာကိုေတာ့ သူတို႔အေနနဲ႔ မခန႔္မွန္းတတ္ဘူးလို႔လည္း ေျပာပါတယ္။

“ ေပါင္းလိုက္မယ္ဆိုရင္ အကုန္လုံး ေလာေလာဆယ္ေတာ့ ၂၂ ေလာင္းေပါ့။ အေျခအေနအရဆိုတာ အခုမွာ ျဖစ္တဲ့ ဥစၥာေတြေတာ့ မဟုတ္ဘူးေပါ့ဗ်။ နည္းနည္းေတာ့ အ႐ုပ္ေတြ ပ်က္ေနၿပီးေပ့ါ။ အရင္ ရက္ေတြတုန္းကျဖစ္ထားတဲ့ ဟာေတြေပါ့။ ၿပီးမွ က်ေနာ္တို႔က က်ေနာ္တို႔ေပၚမွာ သတင္းတက္လာတဲ့ အေနအထားမွာ မူတည္ၿပီးမွ က်ေနာ္တို႔ကို အေၾကာင္းၾကားလာတဲ့ အေနအထားေပၚမွာ က်ေနာ္ သြားသယ္ရတာကိုး။”

လြိဳင္ေကာ္ၿမိဳ႕ ပန္ကန္းရပ္ကြက္မွာ ဇန္နဝါရီလဆန္းထဲက တိုက္ပြဲျပင္းထန္ျဖစ္ခဲ့သလို ၿမိဳ႕နဲ႔ မေဝးတဲ့ ေရယိုေက်း႐ြာမွာလည္း စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္လို႔ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေရွာင္တိမ္းခဲ့ၾကရတာပါ။

မိုင္းလုံးရပ္ကြက္မွာ တိုက္ပြဲေတြကေတာ့ ၾကာသပေတးေန႔အထိ ဆက္ရွိေနပါတယ္။ ၾကာသပေတးေန႔ မနက္ ၁၀ နာရီေလာက္က မႈံျပာကန္အနီး တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြကို ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြက သြားတိုက္ရာက ပစ္ခတ္တိုက္ခိုက္မႈေတြျဖစ္ခဲ့တယ္လို႔

ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

“လြိဳင္ေကာ္ၿမိဳ႕နယ္ မိုင္းလုံးအုပ္စု ေအာက္ဖက္ ဒီမႈံျပာကန္နားမွာ ျဖစ္တယ္။ တိုက္ပြဲရယ္လို႔ မဟုတ္ဘူး က်ေနာ္တို႔ နည္းနည္းေလးပဲ ေပ်ာက္က်ားနဲ႔ ဝင္ပစ္တယ္ေလး။ အဲ့မွာ ခဏေလးပါပဲ။ ဒီမႈံျပာကန္နားမွာ သူတို႔စခန္းလာခ်မယ့္ သေဘာမွာရွိေနတယ္ အဲ့မွာ အင္အားလည္း ျဖည့္ထားတယ္ေပါ့ေနာ္။ အဲ့ေတာ့ က်ေနာ္တို႔ လူအင္အားမ်ားမ်ားသုံးလည္း အဆင္မေျပဘူး။ အဲ့မွာကြင္းျပင္ႀကီးဆိုေတာ့ လယ္ကြင္းျပင္ဘက္မွာေလး က်ေနာ္တို႔ ေလယာဥ္ ဗုံးနဲ႔ အႀကဲခံရမွာလည္း စိုးရိမ္ရတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ လူအင္အားမသုံးပဲနဲ႔ က်ေနာ္တို႔လူအင္အား အနည္းငယ္နဲ႔ပဲ သြားၿပီးေတာ့ ေပ်ာက္က်ားနဲ႔ ဝင္ပစ္လိုက္တယ္ေပါ့ေနာ္။”

ကယားျပည္နယ္က တိုက္ပြဲေတြျဖစ္တဲ့ေနရာေတြမွာ စစ္ေကာင္စီက ေလေၾကာင္းကေနပါ တိုက္ခိုက္တဲ့အတြက္ စစ္ေျပးဒုကၡသည္ေတြ ေသဆုံးတာလည္း ရွိခဲ့ပါတယ္။ တိုက္ပြဲေတြ ရပ္ေနခ်ိန္မွာလည္း အရပ္သားေတြ ရွိရာဘက္ကို စစ္တပ္က လက္နက္ႀကီးေတြနဲ႔ မၾကာ မၾကာပစ္ခတ္ ေျခာက္လွန႔္တာမ်ိဳးလုပ္တဲ့အတြက္ စစ္ေဘးဒုကၡသည္ေတြ ေနရာေျပာင္း ခိုလႈံေနၾကရပါတယ္။

..............................................................................

တိုက္႐ိုက္ လင့္ခ္


လွိုင်ကော်ဘက်က ကျေးရွာတွေမှာ ဒီလအတွင်းတွေ့တဲ့ လူသေအလောင်း ၂၀ ကျော်ရှိ

(Unicode)

ကယားပြည်နယ် လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်နဲ့ လွိုင်ကော်မြို့နဲ့ မဝေးတဲ့ ရေယိုကျေးရွာတို့မှာ လူသေအလောင်း ၉ လောင်း ဒီနေ့ ထပ်မံတွေ့ရှိရတယ်လို့ လူမှုကူညီရေးအသင်းက ပြောပါတယ်။ ဒီလအတွင်းမှာ တွေ့ရှိတဲ့ အလောင်း ၂၀ ကျော်ရှိနေပါပြီ။ တိုက်ပွဲ ဆက်တိုက်ဖြစ်နေတဲ့ လွိုင်ကော်မြို့ မိုင်းလုံရပ်ကွက်တဝိုက်မှာ ဇန်နဝါရီ ၂၇ ရက် ကြာသပတေးနေ့ကလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

ဇန်နဝါရီလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖဲ့ွတွေ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတဲ့ လွိုင်ကော်မြို့တဝိုက် လူအလောင်း ၉ လောင်း ထပ်မံတွေ့ရှိရတယ်လို့ အဲဒီဘက်မှာ ပရဟိတလုပ်ပေးနေတဲ့ လူမှုကူညီရေးအသင်းက ဗွီအိုအေကို ပြောပါတယ်။ လွိုင်ကော်မြို့ပေါ်က ပန်ကန်းရပ်ကွက်မှာ လူသေအလောင်း ၃ လောင်းနဲ့ လွိုင်ကော်မြို့နဲ့ မဝေးတဲ့ ရေယိုကျေးရွာက အိမ်သာကျင်းတခုမှာ အလောင်း ၆ လောင်းတေ့ွရှိတယ်လို့ ခုလိုပြောပြပါတယ်။

“ရေယို၊ ရေယိုလေး တွေ့တာတော့ ၆လောင်းပေါ့။ အိမ်ထဲမှာဆိုပေမယ့် အဲ့လိုမျိုး (အလောင်းတွေ့ရှိတာ) အိမ်သာကျင်းထဲမှာပေါ့။ အခုသတင်းကတော့ ထပ်ရှိတဲ့အနေအထားကတော့ နောက်ထပ် အခုလောလောဆယ် ပန်ကန်းဘက်မှာပေါ့နော်။ ပန်ကန်းဘက်မှာ မသဂြိုလ်ရသေးဘူး။ လောလောဆယ်တော့ ၃ လောင်းတော့ တွေ့ရှိထားသေးတယ်ပေါ့နော်။ ဒီနေ့ သဂြိုလ်ပြီးတာက ၆လောင်း ပြီးတော့ အခု သယ်ရမယ့်အလောင်းတွေ ရှိသေးတာပေါ့နော်။ ဒီနေ့ လောလောဆယ်တော့ ၉ လောင်းပေါ့နော်ဗျာ။”

အခု ဇန်နဝါရီလအတွင်းမှာပဲ သူတို့အသင်းက ကူညီသယ်ပေးရတဲ့အလောင်း စုစုပေါင်း ၂၀ ကျော်ရှိသွားပြီးလို့ ပြောပါတယ်။ သေဆုံးသူတွေ ဘယ်လိုအခြေအနေမျိုးနဲ့ သေဆုံးခဲ့တယ်ဆိုတာကိုတော့ သူတို့အနေနဲ့ မခန့်မှန်းတတ်ဘူးလို့လည်း ပြောပါတယ်။

“ ပေါင်းလိုက်မယ်ဆိုရင် အကုန်လုံး လောလောဆယ်တော့ ၂၂ လောင်းပေါ့။ အခြေအနေအရဆိုတာ အခုမှာ ဖြစ်တဲ့ ဥစ္စာတွေတော့ မဟုတ်ဘူးပေါ့ဗျ။ နည်းနည်းတော့ အရုပ်တွေ ပျက်နေပြီးပေ့ါ။ အရင် ရက်တွေတုန်းကဖြစ်ထားတဲ့ ဟာတွေပေါ့။ ပြီးမှ ကျနော်တို့က ကျနော်တို့ပေါ်မှာ သတင်းတက်လာတဲ့ အနေအထားမှာ မူတည်ပြီးမှ ကျနော်တို့ကို အကြောင်းကြားလာတဲ့ အနေအထားပေါ်မှာ ကျနော် သွားသယ်ရတာကိုး။”

လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်မှာ ဇန်နဝါရီလဆန်းထဲက တိုက်ပွဲပြင်းထန်ဖြစ်ခဲ့သလို မြို့နဲ့ မဝေးတဲ့ ရေယိုကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်းခဲ့ကြရတာပါ။

မိုင်းလုံးရပ်ကွက်မှာ တိုက်ပွဲတွေကတော့ ကြာသပတေးနေ့အထိ ဆက်ရှိနေပါတယ်။ ကြာသပတေးနေ့ မနက် ၁၀ နာရီလောက်က မှုံပြာကန်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သွားတိုက်ရာက ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လွိုင်ကော်မြို့နယ် မိုင်းလုံးအုပ်စု အောက်ဖက် ဒီမှုံပြာကန်နားမှာ ဖြစ်တယ်။ တိုက်ပွဲရယ်လို့ မဟုတ်ဘူး ကျနော်တို့ နည်းနည်းလေးပဲ ပျောက်ကျားနဲ့ ဝင်ပစ်တယ်လေး။ အဲ့မှာ ခဏလေးပါပဲ။ ဒီမှုံပြာကန်နားမှာ သူတို့စခန်းလာချမယ့် သဘောမှာရှိနေတယ် အဲ့မှာ အင်အားလည်း ဖြည့်ထားတယ်ပေါ့နော်။ အဲ့တော့ ကျနော်တို့ လူအင်အားများများသုံးလည်း အဆင်မပြေဘူး။ အဲ့မှာကွင်းပြင်ကြီးဆိုတော့ လယ်ကွင်းပြင်ဘက်မှာလေး ကျနော်တို့ လေယာဉ် ဗုံးနဲ့ အကြဲခံရမှာလည်း စိုးရိမ်ရတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လူအင်အားမသုံးပဲနဲ့ ကျနော်တို့လူအင်အား အနည်းငယ်နဲ့ပဲ သွားပြီးတော့ ပျောက်ကျားနဲ့ ဝင်ပစ်လိုက်တယ်ပေါ့နော်။”

ကယားပြည်နယ်က တိုက်ပွဲတွေဖြစ်တဲ့နေရာတွေမှာ စစ်ကောင်စီက လေကြောင်းကနေပါ တိုက်ခိုက်တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေ သေဆုံးတာလည်း ရှိခဲ့ပါတယ်။ တိုက်ပွဲတွေ ရပ်နေချိန်မှာလည်း အရပ်သားတွေ ရှိရာဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ မကြာ မကြာပစ်ခတ် ခြောက်လှန့်တာမျိုးလုပ်တဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ နေရာပြောင်း ခိုလှုံနေကြရပါတယ်။

XS
SM
MD
LG