သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖယ္ခုံၿမိဳ႕နယ္အတြင္း ေဒသခံကာကြယ္ေရးနဲ႔ စစ္ေကာင္စီ တိုက္ပြဲျပင္းထန္


ကရင္နီ စစ္ေဘးဒုကၡသည္မ်ား။

[[Zawgyi/Unicode]]

ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ လြယ္ပသာေက်း႐ြာနဲ႔ ေ႐ႊးျပည္ေအးေက်း႐ြာဘက္မွာ ကရင္နီကာကြယ္ေရး ပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီအၾကား မေန႔က တေန႔ကုန္ ျပင္းျပင္းထန္ထန္ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ တိုက္ပြဲျဖစ္တဲ့အနီးအနားက ႐ြာ ၅႐ြာေလာက္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ သတင္း မဆုမြန္ေျပာျပပါမယ္။

ဖယ္ခုံၿမိဳ႕နယ္၊ လြယ္ပသာေက်း႐ြာနဲ႔ ေ႐ႊျပည္ေအး ေက်း႐ြာဘက္မွာ ဇူလိုင္ ၄ရက္ မေန႔က တိုက္ပြဲျဖစ္ေနၿပီး လက္နက္ႀကီး ပစ္ခတ္သံေတြ ျပင္းျပင္းထန္ထန္ ၾကားေနရတယ္လို႔ ပတ္ဝန္းက်င္႐ြာခံတဦးက VOA ကို ေျပာပါတယ္။

“တိုက္ပြဲေတာ့ ေတာ္ေတာ္ျပင္းထန္တယ္၊ အျပန္အလွန္ျဖစ္ၾကတယ္လို႔ပဲ။ (အရပ္သားျပည္သူ)လူေတာ့ ထိခိုက္မႈမရွိေပမယ့္ အိမ္ေတာ့ ပ်က္စီးသြားတာေတာ့ ရွိတယ္။ လက္နက္ႀကီးက်လို႔တာ၊ (လက္နက္ႀကီးသံ) ၾကားရတယ္၊ ဒီလိုေပါ့ေနာ္ လက္နက္ငယ္သံေတြေတာ့ မၾကားရဘူး၊ လက္နက္ႀကီးသံေတြေတာ့ ၾကားရတယ္။ မေန႔ကေတာ့ လက္နက္ႀကီးသံေတာ့ တေန႔ကုန္ၾကားရတယ္၊ ဆက္တိုက္ဆိုသလိုပဲ။ က်ေနာ္တို႔ေက်း႐ြာဘက္က မေျပးရဘူး၊ ဒါေပမယ့္ အထုပ္အပိုးေတြေတာ့ အဆင္သင့္ေတာ့ ျပင္ထားရတာေပ့ါ။”

တိုက္ပြဲနဲ႔ နည္းနည္းလွမ္းတဲ့ ေက်း႐ြာေတြက ေဒသခံေတြကေတာ့ ေနရပ္ကေန မေျပးၾကေသးေပမယ့္ အေျခအေနေတြေစာင့္ၾကည့္ေနၿပီး ေဘးလြတ္ရာကိုေရွာင္တိမ္းဖို႔ အဆင္သင့္ ျပင္ဆင္ထားၾကတယ္လို႔ ဆိုပါတယ္။ တိုက္ပြဲေတြျဖစ္ေနတဲ့ လြယ္ပသာ ေက်း႐ြာကို ဆိုင္ကယ္နဲ႔ သြားရင္ မိနစ္ ၂၀ ေလာက္ေဝးတဲ့ စက္ေတာ္ေက်း႐ြာခံတဦးကလည္း လက္နက္ႀကီးပစ္ခတ္သံေတြ ဆက္တိုက္ၾကားေနရလို႔ ႐ြာထဲ လက္နက္ႀကီးက်ေရာက္မွာကို စိုးရိမ္ေနၾကတယ္လို႔ အခုလို ေျပာပါတယ္။

“ မနက္ ၄ နာရီကတည္းက ညေနအထိေတာ့ ပစ္ေတာ့ ပစ္ေနၾကတယ္၊ ဘယ္လိုျဖစ္လဲေတာ့မသိ၊ အသံေတာ့ ၾကားေတာ့ၾကားတယ္၊ တေန႔ကုန္ေတာ့ ၾကားတယ္။ အိမ္မွာ ေနတဲ့အခါက်ေတာ့ လက္နက္ႀကီးသံေတာ့ ၾကားတယ္။ တေန႔ကုန္ၾကားတယ္၊ တေန႔ကုန္ထုတာရွင့္။ အေျခအေနေတာ့ ေစာင့္ၾကည့္ေနတုန္းပဲရွင့္။ ေျပးေတာ့မေျပးၾကေသးဘူး၊ ဒါေပမယ့္ စိုးေတာ့စိုးရိမ္ေနက်တယ္ေပါ့ေနာ္၊လက္နက္ႀကီးက်မွာကို။ ဟိုအရင္တုန္းကလည္း တခါေျပးရတယ္ရွင့္။ ေနာက္အခု႐ြာျပန္ေရာက္တဲ့အခါက်ေတာ့ ႐ုတ္တရက္ အဲ့လိုမ်ိဳး ျပန္ျဖစ္တဲ့အခါက်ေတာ့ ေနာက္တစ္ေခါက္ထြက္ေျပးရတာမ်ိဳးေနာ္။”

လြယ္ပသာ႐ြာေတာင္ကုန္းမွာ တပ္စြဲေနရာယူထားတဲ့ စစ္ေကာင္စီတပ္စခန္းကို ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြ တိုက္ခိုက္ၿပီး လက္နက္ခဲယမ္းပစၥည္းေတြ ရွင္းလင္း သိမ္းဆည္ေနခ်ိန္မွာ၊ စစ္ေကာင္စီဖက္က စစ္ကူေတြ ေရာက္လာသလို လက္နက္ႀကီး ပစ္ကူေတြနဲ႔လည္း တိုက္ခိုက္ခံရလို႔ ျပန္လည္ဆုတ္ခြာခဲ့ရတယ္လို႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က သိရပါတယ္။

ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ (KNDF) ေျပာေရးဆိုခြင့္ရွိသူတဦးကေတာ့ လြယ္ပသာေက်း႐ြာနဲ႔ ေ႐ႊးျပည္ေအးေက်း႐ြာအနား စစ္ေကာင္စီတပ္ေတြ အထိုင္ခ်ထားတဲ့ တပ္စခန္းကို ကရင္နီ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕က သြားေရာက္ တိုက္ခိုက္ရာမွာ အျပန္အလွန္ပစ္ခတ္မႈ တိုက္ပြဲျဖစ္သြားေၾကာင္း အတည္ျပဳေျပာဆိုပါတယ္။

“တိုက္ပြဲကေတာ့ ဒီလိုေပါ့ စစ္ေကာင္စီရဲ႕ စခန္းကို ဝင္သိမ္းတဲ့ တိုက္ပြဲတစ္ပြဲပါ။ ဟိုဟာနဲ႔ ၆ နာရီစတယ္။ က်ေနာ္တို႔ မြန္လြဲပိုင္း ၃ ေလာက္အထိ တိုက္ပြဲျပန္းထန္ခဲ့တယ္ဆိုတာေတာ့ မွန္ပါတယ္ခင္ဗ်။ က်ေနာ္တို႔ ပူးေပါင္းတပ္ကေတာ့ ဒါ ႏွစ္ေယာက္ကေတာ့ က်တယ္၊ ဒါ က်ေနာ္အတည္ျပဳလို႔ ရႏိုင္တဲ့ဟာပဲ။ ၄ေယာက္နဲ႔ ၅ေယာက္ၾကားမွာေတာ့ က်ေနာ္တို႔ ထိခိုက္ဒဏ္ရာရမႈေတြ ရွိတယ္ဆိုတာေတာ့ က်ေနာ္ ဒါ အားလုံးအတည္ျပဳလို႔ရတယ္။”

လြယ္ပသာေက်း႐ြာဘက္မွာ မေန႔တုန္းက ၉ နာရီၾကာ တိုက္ပြဲ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ရာမွာ၊ ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြဘက္က ေသဆုံးမႈနဲ႔ ဒဏ္ရာရရွိမႈေတြလည္း ရွိခဲ့ပါတယ္။ တိုက္ပြဲျဖစ္တဲ့ပတ္ဝန္းက်င္ ေက်း႐ြာ ၅ ႐ြာေလာက္ဟာ ေဘးလြတ္ရာကို ေရွာင္တိမ္းေနၾကရသလို၊ ဒီ ဒုကၡသည္ေတြကို ကာကြယ္ေရးတပ္ေတြဖက္က အကူအညီေပးခဲ့တယ္လို႔ KNDF ေျပာေရးဆိုခြင့္ရွိသူ က ဆက္ေျပာပါတယ္။

“တိုက္ပြဲျဖစ္ေနတန္လန္မွာပဲ က်ေနာ္တို႔ ရဲေဘာေတြက အဲ့ဒီ႐ြာသားေတြကို ေ႐ႊ႕ေျပာင္းခိုင္းတဲ့ဟာေတြ ေ႐ႊ႕ေျပာင္းႏိုင္ဖို႔ က်ေနာ္တို႔ ဝန္ေဆာင္မႈေတြ လုပ္ထားတယ္။ အဲ့ေတာ့ အဲ့ဒီနားမွာ ရွိတဲ့ ႐ြာေတြအားလုံး ေတာ္ေတာ္မ်ားမ်ားကေတာ့ ေ႐ႊ႕ေျပာင္းသြားၿပီးလို႔ က်ေနာ္တို႔ ေျပာလို႔ရတယ္ခင္ဗ်။ က်ေနာ္သိတာကေတာ့ ေ႐ႊျပည္ေအးရယ္၊ ကုန္ဆုံရယ္ အဲ့ဒီနားတဝိုက္က ႐ြာေတြ အားလုံးကေတာ့ ဒါ ၄၊ ၅ ႐ြာေလာက္ကေတာ့ ဒါေ႐ႊ႕ေျပာင္းလိုက္ရတယ္လို႔ က်ေနာ္သိရတယ္ဗ်ာ။”

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာ ၂၆ ရက္ေန႔က ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားမႈမရွိခဲ့ဘဲ ဖယ္ခုံၿမိဳ႕အတြင္း စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ ပစ္ခတ္လိုက္လို႔ သာမန္အရပ္သားျပည္သူ သုံးဦး က်ည္ထိမွန္ ဒဏ္ရာရရွိခဲ့ပါတယ္။

အဲဒီေနာက္ ဖယ္ခုံၿမိဳ႕နယ္ ကုန္းဆုံေက်း႐ြာအုပ္စု ကသဲေက်း႐ြာ အနီးမွာ စစ္တပ္စြဲထားတဲ့ စစ္ေကာင္စီအဖြဲ႕ကို ကာကြယ္ေရးပူးေပါင္းအဖြဲ႕တို႔က သြားေရာက္တိုက္ခိုက္လို႔ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ပြားရာကေန ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလဆန္ပိုင္းထိ တိုက္ပြဲ ဆက္တိုက္ျပင္းထန္ခဲ့ၿပီး ေဒသခံေတြ လနဲ႔ခ်ီၾကာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရပါတယ္။

အဲ့ဒီေနာက္ ေဒသအေျခအေန တည္ၿငိမ္လို႔ ေဒသခံေတြ ေနရပ္ကို ျပန္လာၾကၿပီး အခုတခါ တိုက္ပြဲထပ္မံျဖစ္ပြားလို႔ ဒုတိယအႀကိမ္ ထပ္မံေျပးေရွာင္ၾကရပါတယ္။ စစ္ေရွာင္ျပည္သူေတြအတြက္ ေနရာထိုင္ခင္းနဲ႔ စားေရးေသာက္ေရး အကူအညီေတြ လိုအပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပသာကျေးရွာနဲ့ ရွှေးပြည်အေးကျေးရွာဘက်မှာ ကရင်နီကာကွယ်ရေး ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီအကြား မနေ့က တနေ့ကုန် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့အနီးအနားက ရွာ ၅ရွာလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်း မဆုမွန်ပြောပြပါမယ်။

ဖယ်ခုံမြို့နယ်၊ လွယ်ပသာကျေးရွာနဲ့ ရွှေပြည်အေး ကျေးရွာဘက်မှာ ဇူလိုင် ၄ရက် မနေ့က တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံတွေ ပြင်းပြင်းထန်ထန် ကြားနေရတယ်လို့ ပတ်ဝန်းကျင်ရွာခံတဦးက VOA ကို ပြောပါတယ်။

“တိုက်ပွဲတော့ တော်တော်ပြင်းထန်တယ်၊ အပြန်အလှန်ဖြစ်ကြတယ်လို့ပဲ။ (အရပ်သားပြည်သူ)လူတော့ ထိခိုက်မှုမရှိပေမယ့် အိမ်တော့ ပျက်စီးသွားတာတော့ ရှိတယ်။ လက်နက်ကြီးကျလို့တာ၊ (လက်နက်ကြီးသံ) ကြားရတယ်၊ ဒီလိုပေါ့နော် လက်နက်ငယ်သံတွေတော့ မကြားရဘူး၊ လက်နက်ကြီးသံတွေတော့ ကြားရတယ်။ မနေ့ကတော့ လက်နက်ကြီးသံတော့ တနေ့ကုန်ကြားရတယ်၊ ဆက်တိုက်ဆိုသလိုပဲ။ ကျနော်တို့ကျေးရွာဘက်က မပြေးရဘူး၊ ဒါပေမယ့် အထုပ်အပိုးတွေတော့ အဆင်သင့်တော့ ပြင်ထားရတာပေ့ါ။”

တိုက်ပွဲနဲ့ နည်းနည်းလှမ်းတဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ နေရပ်ကနေ မပြေးကြသေးပေမယ့် အခြေအနေတွေစောင့်ကြည့်နေပြီး ဘေးလွတ်ရာကိုရှောင်တိမ်းဖို့ အဆင်သင့် ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ လွယ်ပသာ ကျေးရွာကို ဆိုင်ကယ်နဲ့ သွားရင် မိနစ် ၂၀ လောက်ဝေးတဲ့ စက်တော်ကျေးရွာခံတဦးကလည်း လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရလို့ ရွာထဲ လက်နက်ကြီးကျရောက်မှာကို စိုးရိမ်နေကြတယ်လို့ အခုလို ပြောပါတယ်။

“ မနက် ၄ နာရီကတည်းက ညနေအထိတော့ ပစ်တော့ ပစ်နေကြတယ်၊ ဘယ်လိုဖြစ်လဲတော့မသိ၊ အသံတော့ ကြားတော့ကြားတယ်၊ တနေ့ကုန်တော့ ကြားတယ်။ အိမ်မှာ နေတဲ့အခါကျတော့ လက်နက်ကြီးသံတော့ ကြားတယ်။ တနေ့ကုန်ကြားတယ်၊ တနေ့ကုန်ထုတာရှင့်။ အခြေအနေတော့ စောင့်ကြည့်နေတုန်းပဲရှင့်။ ပြေးတော့မပြေးကြသေးဘူး၊ ဒါပေမယ့် စိုးတော့စိုးရိမ်နေကျတယ်ပေါ့နော်၊လက်နက်ကြီးကျမှာကို။ ဟိုအရင်တုန်းကလည်း တခါပြေးရတယ်ရှင့်။ နောက်အခုရွာပြန်ရောက်တဲ့အခါကျတော့ ရုတ်တရက် အဲ့လိုမျိုး ပြန်ဖြစ်တဲ့အခါကျတော့ နောက်တစ်ခေါက်ထွက်ပြေးရတာမျိုးနော်။”

လွယ်ပသာရွာတောင်ကုန်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ပြီး လက်နက်ခဲယမ်းပစ္စည်းတွေ ရှင်းလင်း သိမ်းဆည်နေချိန်မှာ၊ စစ်ကောင်စီဖက်က စစ်ကူတွေ ရောက်လာသလို လက်နက်ကြီး ပစ်ကူတွေနဲ့လည်း တိုက်ခိုက်ခံရလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူတဦးကတော့ လွယ်ပသာကျေးရွာနဲ့ ရွှေးပြည်အေးကျေးရွာအနား စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ တပ်စခန်းကို ကရင်နီ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲဖြစ်သွားကြောင်း အတည်ပြုပြောဆိုပါတယ်။

“တိုက်ပွဲကတော့ ဒီလိုပေါ့ စစ်ကောင်စီရဲ့ စခန်းကို ဝင်သိမ်းတဲ့ တိုက်ပွဲတစ်ပွဲပါ။ ဟိုဟာနဲ့ ၆ နာရီစတယ်။ ကျနော်တို့ မွန်လွဲပိုင်း ၃ လောက်အထိ တိုက်ပွဲပြန်းထန်ခဲ့တယ်ဆိုတာတော့ မှန်ပါတယ်ခင်ဗျ။ ကျနော်တို့ ပူးပေါင်းတပ်ကတော့ ဒါ နှစ်ယောက်ကတော့ ကျတယ်၊ ဒါ ကျနော်အတည်ပြုလို့ ရနိုင်တဲ့ဟာပဲ။ ၄ယောက်နဲ့ ၅ယောက်ကြားမှာတော့ ကျနော်တို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်ဆိုတာတော့ ကျနော် ဒါ အားလုံးအတည်ပြုလို့ရတယ်။”

လွယ်ပသာကျေးရွာဘက်မှာ မနေ့တုန်းက ၉ နာရီကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာမှာ၊ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့ပတ်ဝန်းကျင် ကျေးရွာ ၅ ရွာလောက်ဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရသလို၊ ဒီ ဒုက္ခသည်တွေကို ကာကွယ်ရေးတပ်တွေဖက်က အကူအညီပေးခဲ့တယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူ က ဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတန်လန်မှာပဲ ကျနော်တို့ ရဲဘောတွေက အဲ့ဒီရွာသားတွေကို ရွှေ့ပြောင်းခိုင်းတဲ့ဟာတွေ ရွှေ့ပြောင်းနိုင်ဖို့ ကျနော်တို့ ဝန်ဆောင်မှုတွေ လုပ်ထားတယ်။ အဲ့တော့ အဲ့ဒီနားမှာ ရှိတဲ့ ရွာတွေအားလုံး တော်တော်များများကတော့ ရွှေ့ပြောင်းသွားပြီးလို့ ကျနော်တို့ ပြောလို့ရတယ်ခင်ဗျ။ ကျနော်သိတာကတော့ ရွှေပြည်အေးရယ်၊ ကုန်ဆုံရယ် အဲ့ဒီနားတဝိုက်က ရွာတွေ အားလုံးကတော့ ဒါ ၄၊ ၅ ရွာလောက်ကတော့ ဒါရွှေ့ပြောင်းလိုက်ရတယ်လို့ ကျနော်သိရတယ်ဗျာ။”

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ ဖယ်ခုံမြို့အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ သာမန်အရပ်သားပြည်သူ သုံးဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာ အနီးမှာ စစ်တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က သွားရောက်တိုက်ခိုက်လို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားရာကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်ပိုင်းထိ တိုက်ပွဲ ဆက်တိုက်ပြင်းထန်ခဲ့ပြီး ဒေသခံတွေ လနဲ့ချီကြာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

အဲ့ဒီနောက် ဒေသအခြေအနေ တည်ငြိမ်လို့ ဒေသခံတွေ နေရပ်ကို ပြန်လာကြပြီး အခုတခါ တိုက်ပွဲထပ်မံဖြစ်ပွားလို့ ဒုတိယအကြိမ် ထပ်မံပြေးရှောင်ကြရပါတယ်။ စစ်ရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်းနဲ့ စားရေးသောက်ရေး အကူအညီတွေ လိုအပ်နေကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG