စစ်တပ်ကကျောထောက်နောက်ခံပေးထားတဲ့ပါတီအဖြစ် အများကသတ်မှတ်ပြောဆိုထားတဲ့ အဓိကပါတီကြီးတခုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်းမှာ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေကြောင်း ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။
ယူကရိန်းနယ်မြေရဲ့ ၁၅ ရာခိုင်နှုန်းကို ရုရှားပိုင်အဖြစ် သိမ်းပိုက်၊ အမေရိကန်အရှေ့ခြမ်း အောက်ပိုင်း ဟာရီကိန်းမုန်တိုင်းဒဏ်ခံနေရ၊ ကမ္ဘာကိုလာ ထိခိုက်မယ့် ဥက္ကာပျံခဲကြီးတွေ လမ်းလွှဲပစ်နိုင်ဖို့ ကြိုးပမ်းစမ်းသပ်၊ ဒီလို တပတ်အတွင်း နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် တင်ဆက်ထားပါတယ်။
“ဒီလိုအရေးယူတဲ့ဟာမျိုးက နောက်တောင်ကျနေပြီပေါ့နော်။ မြန်မာစစ်တပ်ကို အရေးယူသင့်တာ တော်တော်လေးကြာပြီ။ .... မြန်မာပြည်မှာ တကယ့်တကယ် စီးပွားရေးလုပ်မယ် ဆိုရင် စစ်တပ်နဲ့ မပတ်သက်လို့ မရဘူး။ နေရာတကာမှာ သူကချုပ်ကိုင်ထားတယ်။” (ဦးကျော်ဝင်း- မြန်မာ့လူ့အခွင့်အရေးကွန်ရက်ရဲ့ အမှုဆောင်ညွှန်ကြာရေးမှူး)
ဥရောပတိုက်တဝှမ်း မိုးခေါင်ရေရှားမှုအကြီးအကျယ်ရင်ဆိုင်နေရပြီး တချို့နိုင်ငံတွေမှာ စံချိန်တင် မိုးခေါင်နေပါတယ်။ ဟန်ဂေရီနိုင်ငံမှာ မြစ်ရေချိန် နိမ့်နေပြီး ရေရှားနေတာကြောင့် တိရိစ္ဆာန်တွေစားဖို့ စားကျက်တွေ မလုံလောက်မှာကို လယ်သမားတွေ စိုးရိမ်နေကြပါတယ်။ အေပီသတင်းဆောင်းပါးကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က ခွေးသားဖောက်တဲ့နေရာမှာ ခွေးထောင်နဲ့ချီကို ဆေးဝါးစမ်းသပ်တဲ့နေရာမှာသုံးဖို့ သားဖောက်ထားတာ တွေ့ခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်ကြောင့် တိရစ္ဆာန်တွေသုံးပြီး ဆေးဝါးစမ်းသပ်တာ ကျင့်ဝတ် ညီမညီ မေးခွန်းထုတ်လာပါတယ်။ Veronica Balderas Iglesias သတင်း မအိသန့်စင် တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံမှာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်သစ် ခန့်အပ်၊ အမေရိကန် လွှတ်တော်အမတ်တွေ ထိုင်ဝမ်ကျွန်း သွားရောက်မှု တရုတ် အပြင်းအထန် ဝေဖန်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုစံကျော်တို့ ဆက်ပြီး ပြောပြပေးပါမယ်။
Zombie ဆဲလ်တွေ ခန္ဒာကိုယ်ထဲ စုပုံမလာအောင် ကိုယ်လက်လေ့ကျင့်ခန်း ဒါမှမဟုတ် ဆေးသောက်ပြီးတော့ ထိန်းနိုင်မလားဆိုတာ သိပ္ပံပညာရှင်တွေက အဖြေရှာနေကြပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ယူကရိန်းက ရုရှားထိန်းချုပ် နျူကလီးယားဓာတ်အားပေးစက်ရုံ ဘေးကင်းမှုစစ်ဆေး၊ တရုတ်အစိုးရ ဝီဂါတွေအပေါ်ချိုးဖောက်မှုများ ကုလအစီရင်ခံစာထုတ်၊ မလေးရှားဝန်ကြီးချုပ်ဟောင်းကတော် နှစ်ရှည်ထောင်ဒဏ်ချခံရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုစံကျော် တင်ပြထားပါတယ်။
“နယ်စွန်နယ်ဖျားရောက်တဲ့ နေရာတွေကျတော့ ဆရာဝန်၊ ဆရာမတွေ မရှိတဲ့အတွက် ကျန်းမာရေးအခြေအနေ တော်တော်ဆိုးရွားတာတွေ ရှိတယ်။ အဓိက ကလေးငယ်တွေနဲ့ ကိုယ်ဝန်သည်တွေရယ် အာဟာရပြည့်ဝတာမရှိတော့ ရာသီတုပ်ကွေး ဖြစ်လာတဲ့အခါ သူတို့မခံနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်တာတွေလည်း ကျနော်တို့ကြားရတာပေါ့နော်။" (စစ်ဘေးရှောင်ကူညီသူ)
“...အဲဒီတော့ အလုပ်အကိုင်အခွင့်အလမ်းကအစ၊ လုပ်ခလစာ အလယ်ပေါ့- ပြီးတော့ တိုင်းပြည်ရဲ့ထွက်ကုန်တွေအဆုံး အကုန်လုံးကို တောက်လျှောက် တဆင့်ခံ ထိခိုက်နိုင်တယ်။ အဲလိုထိခိုက်ရင် အဆိုးသံသရာလည်တာမျိုးပေါ့-နော်၊ စီးပွါးရေးဟာ အဆိုးသံသရာလည်ပြီးတော့ ဆိုးသွားနိုင်တယ်၊ ဆိုးလည်းဆိုးနေပြီပေါ့နော်။” (စီးပွါးရေးသုံးသပ်သူ)
ယူကရိန်းလွတ်လပ်ရေးနေ့၊ ရုရှားကျူးကျော်စစ်စတဲ့ ၆ လပြည့်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေ၊ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ရာထူးတာဝန်ထမ်းဆောင်မှု ယာယီဆိုင်းငံ့ခံရ ဒီလိုတပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုစံကျော် တင်ပြထားပါတယ်။
ကင်ညာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ဆိုးရွားလွန်းတာကြောင့် ထင်း၊ မီးသွေးဖိုးမတတ်နိုင်တဲ့ Nairobi မြို့တော်က ဆင်းရဲသားရပ်ကွက်က ပြည်သူတွေက ပလတ်စတီ ဂုံနီအိတ်တွေကို လောင်စာအဖြစ် မီးရှို့သုံးနေပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အမေရိကန်သမ္မတကတော် Dr. Jill Biden ကိုဗစ်ရောဂါ ကူးစက်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်ကို တာလီဘန်တွေ သိမ်းပိုက်အုပ်ချုပ်တာ ၁ နှစ်ပြည့်သွားခဲ့ပါပြီ။ မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြပါမယ်။
အာဖဂန်နစ္စတန်ကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပြီး တနှစ်တာကာလအတွင်း နိုင်ငံတွင်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးနဲ လူမှုဘဝအရည်အသွေး သိသိသာသာ ကျဆင်းလာတာကို တွေ့ရပါတယ်။ VOA သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို မအိသန့်စင်က တင်ပြထားပါတယ်။
“ဆန်ကလောလောဆယ် ပုံမှန်ဝယ်လို့မရဘူးဗျ။ ကျောက်တော်က အဝင်ရှိမှဆိုတော့ ကုန်သည်တွေ၊ ဆန်ရောင်းတဲ့သူတွေက ကျောက်တော်ကသယ်လို့ရမှ သူတို့ဆီမှာ ဝယ်လို့ရမှာကိုး။ လောလောဆယ်တော့ ဒီမှာ ကျနော်တို့ ပလက်ဝမှာက စစ်ရေး လုံခြုံရေးကြောင့် သွားဖို့ အခက်အခဲ ရှိတယ်နဲ့တူတယ်။" (ပလက်ဝဒေသခံ)
မြန်မာစစ်တပ်ဟာလူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စနစ်တကျဆက်လက်ပြုလုပ်နေတယ်လို့ IIMM ကအစီရင်ခံစာထုတ်ပြန်ပါတယ်။ သမ္မတဟောင်း Donald Trump ရဲ့ဖလော်ရီဒါပြည်နယ်ကကိုယ်ပိုင်အိမ်ကို FBI အရာရှိတွေဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒီလိုထိပ်တန်းရောက်သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်နဲ့အတူ စုစည်းတင်ဆက်ပေးပါမယ်။
သီရိလင်္ကာနိုင်ငံမှာ စီးပွားရေး ပျက်ကပ်ကြောင့် ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပြီး ပြည်သူ သန်းနဲ့ချီ အစားအသောက်စရိတ် မတတ်နိုင်ဘဲ ဖြစ်နေကြပါတယ်။ အလုပ်အကိုင်မရှိတာနဲ့ ဝင်ငွေ မရှိတာကြောင့်လည်း အခြေအနေ ပိုဆိုးလာပါတယ်။ မအိသန့်စင် တင်ပြထားပါတယ်။
သြဂုတ်လ ၉ ရက်နေ့ ကျင်းပမယ့် ကင်ညာနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း ၄ ယောက်မှာ ၃ ယောက်က သူတို့ရဲ့ ဒုသမ္မတတွေအဖြစ် အမျိုးသမီးတွေကို ရွေးချယ်ထားပါတယ်။ ဒါဟာ ကင်ညာ အမျိုးသမီး နိုင်ငံရေးသမားတွေအတွက် ထူးခြားမှုတခုပါ။ VOA သတင်းထောက် Juma Majanga ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူတွေကို ကွပ်မျက်လိုက်လို့ ဆိုးရာကနေ အဆိုးဆုံးအခြေအနေဖြစ်သွားတယ်လို့ အာဆီယံအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးတွေ ပြောခဲ့ကြပါတယ်။ ခုလိုတပတ်အတွင်း သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့က စုစည်းတင်ဆက်ပေးပါမယ်။
နိုင်ငံရေးအပြောင်းအလဲတွေ ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံက လက်ဖက်ခူးသမားတွေ စီးပွားရေးအကျပ်အတည်း အခက်ကြုံနေကြပါတယ်။ သဘာဝမြေသြဇာသုံး အော်ဂဲနစ် လက်ဖက်စိုက်စေဖို့ ရည်ရွယ်ပြီး ဓာတ်မြေသြဇာ သုံးတာကို သမ္မတဟောင်း Rajapaksa က ၃ နှစ်ပိတ်လိုက်ပြီးတဲ့နောက် အထွက်နှုန်းကျသွားခဲ့ပါတယ်။ မအိသန့်စင် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်