ယူကရိန်းထဲရောက်နေတဲ့ ရုရှားတပ်တွေအတွက် ဗျူဟာကျထောက်ပို့တံတား ယူကရိန်းတပ်တွေ ဖျက်ဆီးနိုင်ခဲ့၊ အမေရိကန်က ရန်စရင် အနုမြူလက်နက်သုံးတိုက်ဖို့ ဝန်မလေးကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြော၊ ဖိလစ်ပိုင်မှာ အားပြင်းငလျင်လှုပ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကတော့ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေ တိုးလာတဲ့အတွက် အရေးပေါ် အဆင့်အဖြစ် ကြေညာလိုက်ပါတယ်။ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုကို ထိန်းချုပ်ဖို့ရော အမေရိကန် အဆင်သင့် ဖြစ်နေပြီလား။ မအိသန့်စင် တင်ဆက်ထားပါတယ်။
လူ ၅ ယောက်ထက်မစုဝေးရ အမိန့်ရှိနေဆဲ ရန်ကုန်မြို့လယ်မှာ လူအုပ်စုတစုဟာ သေဒဏ်စီရင်ခံခဲ့ရတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့နေအိမ်တွေရှေ့ကို ဒီကနေ့နေ့လည်ပိုင်း ကားတွေနဲ့ရောက်လာပြီး နေအိမ်ကို ခဲတွေနဲ့ပစ်ပေါက် အော်ဟစ်ဆဲဆိုတာတွေနဲ့ အကြမ်းဖက်မှုလုပ်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ရုရှားတပ်တွေ ယူကရိန်းကို စတင် ကျူးကျော်တိုက်ခိုက်စဉ်တုန်းက ယူကရိန်းနိုင်ငံ Moshchun ရွာမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ဒီမြို့ကနေ ကီလိုမီတာ ၃၀ လောက်ဝေးတဲ့ မြို့တော် Kyiv ကို ရုရှားတပ်တွေ ရှေ့ဆက်တက်မလာအောင် ခုခံတိုက်ခိုက်ခဲ့ပါတယ်။ မအိသန့်စင် တင်ဆက်ထားပါတယ်။
ယူကရိန်းကို လက်နက်တွေ ထပ်တိုးပေးဖို့ အမေရိကန်လွှတ်တော်မှာ ယူကရိန်းသမ္မတကတော် တောင်းဆို၊ သီရိလင်္ကာနိုင်ငံမှာ သမ္မတ နိုင်ငံထဲက ထွက်ပြေးသွားပြီးတဲ့နောက် ဝန်ကြီးချုပ်က သမ္မတဖြစ်လာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က ပြောပြပေးပါမယ်။
လွန်ခဲ့တဲ့ ၆ ပတ်အတွင်း ဥရောပတဝှမ်း ကိုဗစ်ကူးစက်မှု ၃ ဆတိုးလာပြီး တကမ္ဘာလုံးကူးစက်မှုတဝက်နီးပါးဟာ ဥရောပမှာဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးပါတယ်။ဆေးရုံတက်ရသူဦးရေသိပ်မရှိပေမယ့် ကိုဗစ်နဲ့ဆက်စပ်ပြီး ဆေးရုံတင်ရတဲ့လူနာဦးရေ ဥရောပမှာ ၂ ဆတိုးလာကြောင်းလည်း ဆိုပါတယ်။မအိသန့်စင်တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံအပါဝင်နိုင်ငံ ၁၁ နိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အနိမ့်ဆုံး အဆင့် ပြည့်မှီအောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် အဆိုးရွားဆုံး အဆင့် Tire-3 မှာ သတ်မှတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နှစ်ပတ်လည်လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ မအိသန့်စင် ဆက်ပြောပြပါလိမ့်မယ်။
ကန်သမ္မတ ဘိုင်ဒန် ပထမဆုံးအရှေ့အလယ်ပိုင်း ခရီးထွက်၊ စီးပွားပျက်သီရိလင်္ကာနိုင်ငံကနေ သမ္မတ ထွက်ပြေး၊ ဂျပန်မှာ တကျော့ပြန်ကိုဗစ်ကူးစက်မှု မြင့်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က ပြောပြပေးပါမယ်။
စစ်ကောင်စီရဲ့ ရခိုင်ကမ်းရိုးတန်းတလျှာက် စစ်ရေးလေ့ကျင့်မှုပြီးတဲ့နောက် မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ တော်ပီဒို လက်နက်ကြီးကျည်တခုကို ဒီကနေ့ ဇူလိုင်လ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်လောက်က မာန်အောင်မြို့ မိမကြွယ်ကျေးရွာ ကမ်းခြေမှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အစ္စရေးနိုင်ငံကို ရောက်ရှိပါတယ်။ သမ္မတတာဝန်ယူပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းကို ပထမဆုံးသွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ မအိသန့်စင် ပြောပြပါလိမ့်မယ်။
ဂျပန်မှာ ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံခံရလို့ သေဆုံး၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် ရာထူးကနေ နုတ်ထွက်ဖို့ သဘောတူ၊ ပင်လယ်နက်ထဲက ဗျူဟာကျမြွေကျွန်းကို ယူကရိန်းတပ်တွေ ပြန်လည်ထိန်းချုပ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က ပြောပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ စစ်သားတွေအတွက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဆု Medal of Honor ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗီယက်နမ်စစ်ပြန် အမေရိကန်စစ်သား ၄ ယောက်ကို ချီးမြှင့်လိုက်ပါတယ်။ ပင်တဂွန်ဆိုင်ရာ VOA သတင်းထောက် Carla Babb ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာထင်းမီးသွေးသုံးပြီးဟင်းချက်တာကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုဖြစ်နေပါတယ်။ ဒါကို ဖြေရှင်းဖို့ အိမ်တွေမှာဟင်းချက်ဖို့ဂက်စ်ဝယ်ဖို့ အစိုးရကထောက်ပံ့ပေးနေပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ဂက်စ် သုံးဖို့ အစိုးရကရည်ရွယ်ပေမယ့် ဈေးတက်နေတာကြောင့်အခက်ကြုံနေရပါတယ်။ မအိသန့်စင်တင်ဆက်ထားပါတယ်။
ယူကရိန်းကို ဥရောပသမဂ္ဂ EU အဖွဲ့ဝင်လောင်းအဖြစ် သတ်မှတ်လိုက်၊ ရေနံနဲ့ လောင်စာဆီ ဈေးကွက်တွေ တည်ငြိမ်အောင် ရုရှားနဲ့ အီရန်တို့ ပူးပေါင်းလုပ်ဆောင်နေကြောင်း ရုရှားပြောဆို၊ အာဖဂန်နစ္စတန်ငလျင် လူထောင်ဂဏန်း သေဆုံး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
၆ လကနေ ၅ နှစ်အရွယ် ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ကို အမေရိကန် ဆေးဝါးကွပ်ကဲရေးအဖွဲ့က ခွင့်ပြုချက်ပေးလိုက်ပြီးတဲ့နောက် ဒီသီတင်းပတ်ထဲ ကလေးအငယ်ဆုံးလေးတွေ ကာကွယ်ဆေးထိုးခဲ့ကြပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
ဥရောပခေါင်းဆောင်တွေ ယူကရိန်းကို သွားရောက်ပြီး ယူကရိန်းပြည်သူတွေ အတူရပ်တည်မှုပြသ၊ မြောက်ကိုရီးယားနိုင်ငံမှာ အမျိုးအမည်မသိတဲ့ ကူးစက်ရောဂါသစ် တမျိုး ပြန့်ပွား၊ ကန်မှာ အတိုးနှုန်းတက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ အစ္စရေး၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကို သမ္မတတာဝန်ယူပြီး ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်ဖို့ စီစဉ်ထားပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြီးတွင်းစစ်အပြီး အာဖရိကန် အမေရိကန်တွေရဲ့ လွတ်လပ်ရေး ရရှိခဲ့တဲ့ ကျွန်စနစ် အဆုံးသတ်သွားတဲ့ Juneteenth နေ့ဖြစ်လာပုံကို မအိသန့်စင်ပြောပြပေးပါလိမ့်မယ်။
“၅ ရက်နေ့က စပြီးတော့ မီးရှို့တာပဲဗျ။ (အိမ်အပြင်) အများဆုံးကတော့ စပါးတိုက်တို့ တောင်သူသုံးပစ္စည်းတွေပေါ့ဗျာ။ ထွန်စက်လိုဟာမျိုးတွေပေါ့။ အလယ်ခုံမှာက ၁၆၂ အိမ်။ အဲ့ဒီမှာ စပါးတိုက်ကို ၁၆၂ အပြင်ကို ၁၆၄ လောက်ရှိတယ်။ အဲ့လောက်စပါးတိုက်ကို တဦးကို စပါးတင်း ၁,၅၀၀ လောက်ထိအောင်ကို ပါသွားတဲ့သူရှိတယ်။” (ဒေသခံ)
၃ လခွဲလောက် ရုရှားတပ်တွေ ထိုးစစ်ဆင်နေတဲ့ ယူကရိန်းအရှေ့ပိုင်းက မြို့ကို ရုရှားတွေ ထိန်းချုပ်လိုက်နိုင်၊ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင် စိုက်ပျိုး ရောင်းချခွင့်ပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်