ဂျပန်နိုင်ငံမှာ အစဉ်အလာ အမျိုးသားများကြီးစိုးတဲ့ ဆာကေး အရက်ချက်လုပ်တဲ့ လုပ်ငန်းမှာ အမျိုးသမီးတွေ တဖြည်းဖြည်းချင်း ဝင်ရောက်လုပ်ကိုင်နေကြပါပြီ။ ဒါဟာဆိုရင် ရာစုနှစ်နဲ့ချီ တည်ရှိလာတဲ့ အစဉ်အလာကို ချိုးဖောက်ပြီး ထွက်ပေါ်လာတဲ့ လုပ်သား အင်အားသစ်ဖြစ်ပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှ နိုင်ငံတချို့မှာ နိုင်ငံဖြတ်ကျော် ရာဇဝတ် ဂိုဏ်းကြီးတွေက ကျူးလွန် ဆောင်ရွက်နေကြတဲ့ အွန်လိုင်းပေါ်က အလိမ်အညာ လုပ်ငန်းတွေမှာ ထောင်နဲ့ချီတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေလည်း ခိုင်းစေခံကြရပါတယ်။
တရုတ်နိုင်ငံမှာ အသက် ၆၀ အထက် သက်ကြီးပိုင်းလူဦးရေ အလျင်အမြန် တိုးလာနေတာနဲ့အတူ သက်ကြီးပိုင်း လူထုနဲ့ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ကြီးထွားလာနေပါတယ်။
ကယားပြည်နယ်က လယ်သမား ဦးလှဟန်တယောက် စပါးသွားယူရင်း မြေမြှုပ်မိုင်းနင်းမိလို့ အလုပ်မလုပ်နိုင်ဖြစ်သွားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းသုံးစွဲမှု တိုးလာပြီး ပြည်သူ့အသက်နှင့် အလုပ်အကိုင်တွေ ထိခိုက်နေတဲ့အကြောင်း ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
တောင်အမေရိကမှာ အကြီးဆုံးဆေးခြောက်ပွဲတော်ကို အာဂျင်တီးနား၊ Buenos Aires မြို့တော်မှာ ကျင်းပခဲ့တာမှာ ဆေးခြောက်အပြင် Magic Mushrooms, နောက် ဥပဒေရေးရာဆွေးနွေးခန်းတွေနဲ့ စိတ်ပိုင်းရုပ်ပိုင်း အဆက်အစပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးမှုတွေလည်း ပါဝင်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
တရုတ် မြန်မာ နယ်စပ်ဂိတ်တွေ အားလုံးကို တရုတ်က ပိတ်လိုက်တာဟာ နှစ်နိုင်ငံ လူထု အတွက် စီးပွားရေး နစ်နာရတယ်လို့ KIO −ကချင်လွတ်မြောက်ရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဗွီအိုအေကို ပြောပါတယ်။ စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အစဉ်အဆက် ဘုရားဆင်းတုတော် ထုလုပ်သူတွေ အနေနဲ့ စစ်ပွဲကာလတွေ အတွင်း လက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေက စကျင်ကျောက် ကုန်ကြမ်းရဖို့ လိုအပ်လာတာကြောင့် အခုတော့ အခက်အခဲတွေ ရှိလာနေပါတယ်။ AFP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လောင်စာဆီ အခက်တွေ့နေတဲ့ အခြေအနေကို ဖြေရှင်းရေး ဗဟိုဘဏ်ရဲ့ ကြားဝင် ဆောင်ရွက်မှုက ရေတိုပြဿနာဖြေရှင်းမှုသာ ဖြစ်တယ်လို့လည်း စီးပွားရေး အကဲခတ်တွေနဲ့ သုံးစွဲသူတွေက ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လောင်စာဆီ ဈေးကွက်အခြေအနေကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီးအယောက် ၆,၀၀၀ နီးပါး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသလို အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအမျိုးသမီးအယောက် ၁,၀၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံတဝန်း တိုက်ပွဲတွေ မငြိမ်မသက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ စီးပွားရေး လုပ်ငန်းတွေ ဆုံးရှုံးရသလို တဖက်မှာလည်း နေထိုင်စားသောက်ရေး စာရိတ်ကြီးမြင့်မှုနဲ့လည်း ကြုံနေကြရပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း ဘဏ်တွေကနေ အပ်ငွေ ထုတ်ပေးနိုင်မှု အခက်အခဲ ဖြစ်လာပြီးနောက် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို ပိုပြီး သုံးလာဖို့ ဗဟိုဘဏ်က တွန်းအားပေး ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီစနစ်ကလည်း အကန့်အသတ်တွေ ရှိနေပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
“ကျနော်တို့ ဒဂုံဆိပ်ကမ်းဘက်ကတော့ ဟိုတနေ့ကပေါ့နော်၊ ကာလဝမ်းရောဂါနဲ့ တယောက်တော့ ဆုံးသွားတယ်ဗျ။ ကျနော်တို့မိသားစုထဲမှာတော့ လောလောဆယ် ကျန်းမာရေးသတိထားပြီးတော့ နေကြတယ်ပေါ့နော်၊ ကူးစက်တာတော့ မရှိသေးပါဘူး။ အနီးအနား ပတ်ဝန်းကျင်ကလူတွေလည်း လောလောဆယ်တော့ မရှိသေးပါဘူး။" (ဒဂုံဆိပ်ကမ်းဒေသခံ)
ရန်ကုန်တိုင်းအတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူတွေ အတွေ့များလာလို့ ရပ်ကွက်တွေထဲ လိုက်လံအသိပေး ဆော်ဩနေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုရှိခဲ့တဲ့ ရပ်ကွက်တွေထဲက အခြေခံပညာသင်ကျောင်းတွေမှာတော့ ကလိုရင်းဆေးရည်ခတ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဆန်ဈေးနှုန်းကို ထိန်းချုပ်ကန့်သတ်တဲ့ နည်းတူ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ ဈေးနှုန်းတွေကိုလည်း သတ်မှတ် ရည်ညွှန်းဈေးနဲ့ ရောင်းချနေပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့တော့ သက်ရောက်မှု မရှိပါဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲရာ ဒေသတွေမှာတော့ ဓာတ်မြေသြဇာ အသုံးပြုနိုင်မှု လျော့ကျစေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် ဆန်နဲ့ ဆန်ထွက်ပစ္စည်း တန်ချိန် ၂ သန်းလောက် ပြည်ပတင်ပို့ရေး ရည်မှန်းဆောင်ရွက်နေပြီး ဆန်စပါးလုပ်ငန်းဆိုင်ရာ မူဝါဒတွေကို ဒီဂျစ်တယ်နည်းပညာ အသုံးပြု ထိန်းကျောင်းဖို့လည်း ဆောင်ရွက်နေပါတယ်။ ဆန်စပါး မူဝါဒအပြောင်းအလဲတွေအကြောင်း စီးပွားရေးအစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
" စစ်အာဏာရှင်ထုံးစံအတိုင်း စျေးကွက်ကိုအာဏာနဲ့ထိန်းရင်ရမယ်ဆိုပြီး ရမ်းလုပ်တာပေါ့နော်။ ဘယ်လောက်ဖမ်းဖမ်းစျေး ကျစရာအကြောင်းမရှိဘူး။ နည်းမျိုးစုံနဲ့ လွတ်အောင်ရှောင်ပြီးတော့ အချိန်အတွယ်လျှော့ရောင်းတာ၊ အရည်အသွေးလျှော့တာ၊ မှောင်ခိုရောင်းတာ စတဲ့ အဆိုးတွေဖြစ်လာနိုင်တယ်။" (စီးပွါးရေးပညာရှင်တဦး)
မြန်မာနိုင်ငံတွင်း လျှပ်စစ်ယာဉ်တင်သွင်းမှုမှာ အခွန်ကင်းလွတ်ခွင့်ရထားပြီး တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်းတွေက ဈေးကွက်ဝေစု အများစုရထားပါတယ်။ လျှပ်စစ်ကားတွေ အားသွင်းဖို့အတွက် အားသွင်းစတေရှင်တွေ နည်းပါးနေသေးပေမဲ့ ဈေးကွက်ကတော့ ကြီးထွားလာနေတယ်လို့လည်း ပြည်တွင်းကားလုပ်ငန်းအသိုင်းအဝိုင်းက ပြောကြပါတယ်။
စစ်ကောင်စီက ပြဌာန်းအကောင်အထည်ဖော်နေတဲ့ စစ်မှုထမ်း ဥပဒေအရ အပတ်စဉ် ၅ မှာ အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကာယကံရှင်မိန်းကလေးတွေရော မိဘတွေမှာပါ စိုးရိမ်ကြောင့်ကျမှု တိုးလာနေပါတယ်။
ဒေါ်လာ သန်း ထောင်ချီ ရရှိနေတဲ့ AI - ညဏ်ရည်တု နည်းပညာ လုပ်ငန်းကို တည်ဆောက်တဲ့ နေရာမှာ သူတို့ရဲ့ ဖန်တီးမှုတွေကို အခကြေးငွေ မပေးဘဲ အသုံးပြုတယ်လို့ အနုပညာရှင်တွေ၊ တခြားသော တီထွင် ဖန်တီးသူတွေက ပြောကြပါတယ်။
ကာကွယ်ရေး အသုံးစာရိတ် တိုးမြှင့်ပြီး ကျန်းမာရေးနဲ့ ပညာရေး အသုံးစာရိတ် လျော့ကျလာတဲ့ မြန်မာနိုင်ငံမှာ ပြည်ပကနေ ပြည်တွင်းကို ငွေလွှဲပို့မှုက ဒေါ်လာ သန်း ၁၆၀၀ ကျော်ကို ရောက်ရှိလာတယ်လို့ ကမ ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာသစ်က ထောက်ပြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်