ဖယ်ခုံ မြို့နယ်တွင်းက ဝေးလံ ခေါင်သီတဲ့ ဒေသတွေမှာ လယ်သမားတွေနဲ့ တိုက်ပွဲတွေကနေ စစ်ရှောင် ထွက်ပြေးလာကြသူတွေဟာ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရေး အတွက် ဘိန်း စိုက်ပျိုးကြရတယ်လို့ ပြောကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ပစ်မှတ်ထား ဖြိုခွင်းတဲ့ အနေနဲ့ ထိုင်းနိုင်ငံက မြန်မာ နယ်စပ် ၅ မြို့ကို စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက် ဖြတ်တောက်လိုက်တာ တလနီးပါး ရှိလာချိန်မှာ ကုန်သွယ်ရေး ကလည်း ထိုးကျနေပါတယ်။
ရုရှားရဲ့ဓာတ်ငွေ့တင်ပို့မှုကရတဲ့အကျိုးအမြတ်တွေကို ယူကရိန်းစစ်ပွဲမှာသုံးနိုင်ကြောင်းသတိပေးထားပေမဲ့ ဥရောပသင်္ဘောကျင်းတွေကတော့ ရုရှားဓာတ်ငွေ့သယ်သင်္ဘောတွေကို အရေးကြီးဝန်ဆောင်မှုစာချုပ်တွေ ချထားပေးနေကြပါတယ်။ တချိန်တည်းမှာ မနှစ်က ဥရောပကို ရုရှားဓာတ်ငွေ့တင်ပို့မှုတိုးလာတယ်လို့လည်း လေ့လာချက်တရပ်ကဆို ပါတယ်။
အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ သွင်းကုန်ခွန် မူဝါဒတွေနဲ့ အတူ အတိုးနှုန်း လျှော့ချရေးကို တွန်းအားပေးမယ်လို့ ပြောဆိုလိုက်ပြီး အပြန်အလှန် သွင်းကုန်ခွန် ကောက်ခံရေး စာချွန်လွှာကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ပနားမား တူးမြောင်းကို တရုတ်တို့ သြဇာလွှမ်းမိုး ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာဟာ လက်မခံနိုင်စရာ ဖြစ်ပြီး လိုအပ်ရင်တော့ မလွှဲသာ မရှောင်သာ အရေးယူ ဆောင်ရွက်ရမယ်လို့ အမေရိကန်ဘက်က ပြောဆိုလိုက်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
တရုတ်ရဲ့ ညဏ်ရည်တုနည်းပညာ DeepSeek ထွက်ပေါ်လာတဲ့ ဂယက်ကြောင့် ညဏ်ရည်တုနည်းပညာ AI နဲ့ ဆက်စပ်တဲ့ အမေရိကန်အခြေစိုက်ကုမ္ပဏီတွေရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁ ထရီလီယံ လောက် ဆုံးရှုံးသွားစေပါတယ်။ ဒါပေမဲ့ သုံးစွဲသူ များလာတာနဲ့အတူ DeepSeek ရဲ့ ဆင်ဆာတည်းဖြတ်မှုတွေနဲ့ သုံးစွဲသူတွေ ကြုံလာနေကြရပါတယ်။
ဉာဏ်ရည်တုနည်းပညာမှာ ဒေါ်လာဘီလျံ ၅၀၀ ရင်းနှီးမြှုပ်နှံရေးကို သမ္မတထရမ့်က အမွှမ်းတင်ခဲ့ပြီးနောက် ဉာဏ်ရည်တုနည်းပညာ AI အရေး သမ္မတရဲ့ ညွှန်ကြားချက် အမိန့်ကိုလည်း သမ္မတ Trump လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုတိုးလာတဲ့ တချိန်တည်းမှာဘဲ ပြည်တွင်း အသားတင် ထုတ်လုပ်မှုကလည်း ကျသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ လူထုရဲ့ လူနေမှု အဆင့်အတန်း ထပ်ပြီး ကျဆင်းသွားနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မျက်မမြင်တွေနဲ့အမြင်အာရုံ မသန်စွမ်းသူတွေအတွက်လိုအပ်တဲ့ အထူးဖက်ရှင်လိုင်း အယူအဆသစ် တခုကို ကင်ညာအဝတ်အထည် ကုမ္ပဏီတခုက ဖန်တီးလိုက်ပါတယ်။ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ စကား ရပ်ကို မျက်မမြင်သင်္ကေတ,ဖတ်စာနဲ့ အဝတ်အထည်တခုချင်းစီအပေါ်မှာ ချုပ်လုပ်ပေးထားတာ ဖြစ်ပါတယ်။
အကောက်ခွန်စနစ် အပြောင်းအလဲကြောင့် ကုန်ဈေးနှုန်းထပ်တက်မှာကို စားသုံးသူတွေစိုးရိမ်ကြသလို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက လုပ်ငန်းတွေ ဆက်လက် မလည်ပတ်နိုင်တော့မယ့် အရေးကို စိုးရိမ်နေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ထဲက အဓိက နယ်စပ် ကုန်သွယ်ရေး မြို့ မောင်တောကို အာရက္ခ တပ်တော် AA က သိမ်းယူပြီးနောက် နယ်စပ် ကုန်သွယ်ရေး ပြန်လည် သက်ဝင်လာပါတယ်။
ဂျပန်နိုင်ငံမှာ အစဉ်အလာ အမျိုးသားများကြီးစိုးတဲ့ ဆာကေး အရက်ချက်လုပ်တဲ့ လုပ်ငန်းမှာ အမျိုးသမီးတွေ တဖြည်းဖြည်းချင်း ဝင်ရောက်လုပ်ကိုင်နေကြပါပြီ။ ဒါဟာဆိုရင် ရာစုနှစ်နဲ့ချီ တည်ရှိလာတဲ့ အစဉ်အလာကို ချိုးဖောက်ပြီး ထွက်ပေါ်လာတဲ့ လုပ်သား အင်အားသစ်ဖြစ်ပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှ နိုင်ငံတချို့မှာ နိုင်ငံဖြတ်ကျော် ရာဇဝတ် ဂိုဏ်းကြီးတွေက ကျူးလွန် ဆောင်ရွက်နေကြတဲ့ အွန်လိုင်းပေါ်က အလိမ်အညာ လုပ်ငန်းတွေမှာ ထောင်နဲ့ချီတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေလည်း ခိုင်းစေခံကြရပါတယ်။
တရုတ်နိုင်ငံမှာ အသက် ၆၀ အထက် သက်ကြီးပိုင်းလူဦးရေ အလျင်အမြန် တိုးလာနေတာနဲ့အတူ သက်ကြီးပိုင်း လူထုနဲ့ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ကြီးထွားလာနေပါတယ်။
ကယားပြည်နယ်က လယ်သမား ဦးလှဟန်တယောက် စပါးသွားယူရင်း မြေမြှုပ်မိုင်းနင်းမိလို့ အလုပ်မလုပ်နိုင်ဖြစ်သွားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းသုံးစွဲမှု တိုးလာပြီး ပြည်သူ့အသက်နှင့် အလုပ်အကိုင်တွေ ထိခိုက်နေတဲ့အကြောင်း ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
တောင်အမေရိကမှာ အကြီးဆုံးဆေးခြောက်ပွဲတော်ကို အာဂျင်တီးနား၊ Buenos Aires မြို့တော်မှာ ကျင်းပခဲ့တာမှာ ဆေးခြောက်အပြင် Magic Mushrooms, နောက် ဥပဒေရေးရာဆွေးနွေးခန်းတွေနဲ့ စိတ်ပိုင်းရုပ်ပိုင်း အဆက်အစပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးမှုတွေလည်း ပါဝင်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
တရုတ် မြန်မာ နယ်စပ်ဂိတ်တွေ အားလုံးကို တရုတ်က ပိတ်လိုက်တာဟာ နှစ်နိုင်ငံ လူထု အတွက် စီးပွားရေး နစ်နာရတယ်လို့ KIO −ကချင်လွတ်မြောက်ရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဗွီအိုအေကို ပြောပါတယ်။ စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အစဉ်အဆက် ဘုရားဆင်းတုတော် ထုလုပ်သူတွေ အနေနဲ့ စစ်ပွဲကာလတွေ အတွင်း လက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေက စကျင်ကျောက် ကုန်ကြမ်းရဖို့ လိုအပ်လာတာကြောင့် အခုတော့ အခက်အခဲတွေ ရှိလာနေပါတယ်။ AFP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လောင်စာဆီ အခက်တွေ့နေတဲ့ အခြေအနေကို ဖြေရှင်းရေး ဗဟိုဘဏ်ရဲ့ ကြားဝင် ဆောင်ရွက်မှုက ရေတိုပြဿနာဖြေရှင်းမှုသာ ဖြစ်တယ်လို့လည်း စီးပွားရေး အကဲခတ်တွေနဲ့ သုံးစွဲသူတွေက ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လောင်စာဆီ ဈေးကွက်အခြေအနေကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီးအယောက် ၆,၀၀၀ နီးပါး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသလို အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအမျိုးသမီးအယောက် ၁,၀၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်