သမ္မတဟောင်း Donald Trump ကတော့ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေကနေ အများပြည်သူကို လိမ်ညာမှုနဲ့ နယူးယောက်ပြည်နယ် တရားရုံးမှာ တရားစွဲဆိုခံရတဲ့ အမှု ရှုံးနိမ့်သွားတာကြောင့် အာမခံကြေး အချိန်မှီ ပေးနိုင်ဖို့ ကိစ္စကို အာရုံစိုက် ဆွေးနွေး နေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က အိုဟိုင်းယိုးပြည်နယ် မဲဆွယ်ပွဲအတွင်း ရီပတ်ဗလစ်ကန် ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ်ရာပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်အမတ်တချို့ရဲ့ တုံ့ပြန်ချက်တွေ ထွက်ပေါ်လာပါတယ်။
ဂါဇာပဋိပက္ခအရေး အစ္စရေးအပေါ် ဩဇာလွှမ်းမိုးမှု ရှိလာအောင် စစ်ရေး အကူအညီတွေကို အမေရိကန်ပြည်ထောင်စုဘက်က ကန့်သတ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေပြီး အမေရိကန်နဲ့ အစ္စရေး ခေါင်းဆောင်နှစ်ဦးအကြားမှာ သဘောထားကွဲလွဲချက်တွေလည်း ကြီးထွားလာနေတာ တွေ့နေရပါတယ်။
အမေရိကန်ပြည်ထောင်စု ပါတီတွင်း သမ္မတရွေးကောက်ပွဲ ထပ်မံ ကျင်းပဖို့ ရှိတဲ့အတွက် မဲဆန္ဒရှင်တွေ ထပ်ပြီး မဲပေးဖို့ ပြင်ဆင်နေကြပါတယ်။ အမေရိကန် သမ္မတ Joe Biden နဲ့ ပြိုင်ဖက် ရီပတ်ဘလစ်ကပါတီက Donald trump တို့လည်း မဲရလဒ် အပြောင်းအလဲ ဖြစ်နိုင်ခြေ များတဲ့ Georgia ပြည်နယ်ကို သွားပြီး အပြိုင် စည်းရုံးနေပါတယ်။
ကြာသပတေးနေ့ည အမေရိကန် လွှတ်တော်နှစ်ရပ်ရှေ့ပြောကြားတဲ့ သမ္မတ Joe Bidne ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းဟာ သူ သမ္မတအဖြစ်တာဝန်ယူပြီး တတိယအကြိမ်ပြောကြားတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းဖြစ်ပြီး အစပိုင်းမှာ ယူကရိန်းစစ်ပွဲနဲ့ အစ္စရေးဟာမတ်စ်စစ်ပွဲတွေအကြောင်းကို ပြောကြားသွားပါတယ်။
အမေရိကန် သမ္မတ Joe Biden ပြောကြားမယ့် နိုင်ငံတော် အခြေပြမိန့်ခွန်းဟာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေကို စည်းရုံးဖို့ အရေးကြီးတဲ့ သတင်းစကားတွေ ပါနိုင်သလို သမ္မတတာဝန်ဆက်လက်ထမ်းဆောင်ဖို့ အဆင်သင့် ရှိနေတယ်ဆိုတာ ပြသမယ့် မိန့်ခွန်းဖြစ်တယ်လို့ မြန်မာနွယ်ဖွား နိုင်ငံရေး သုံးသပ်သူတွေက မြင်ပါတယ်။
မနက်ဖြန် အင်္ဂါနေ့ အမေရိကန်ပြည်ထောင်စု ပြည်နယ် တဒါဇင်ကျော်မှာ ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွေ ကျင်းပတော့မှာမို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း ကိုယ်စားလှယ်လောင်းတွေ တယောက်နဲ့တယောက် အပြန်အလှန် ဝေဖန်ထိုးနှက်ပြောဆိုကြသလို ရွေးကောက်ပွဲမှာ အစီအစဉ်တွေနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေကို ချပြခဲ့ကြပါတယ်။
ယူကရိန်းကို ရုရှားဘက်က စစ်ရေးအရ တိုးပြီး ထိုးစစ်ဆင်လာတာတွေကို ဟန့်တားဖို့၊ ယူကရိန်းဘက်က လိုအပ်နေတဲ့ လက်နက်တွေ ထောက်ပံ့ရေး အရေးအပေါ် လိုအပ်နေတဲ့ အခြေအနေကို တနင်္ဂနွေနေ့က ဥရောပမှာရော အမေရိကန်ပြည်ထောင်စုမှာပါ အရေးတကြီး ဆွေးနွေးကြပါတယ်။
ပါလက်စတိုင်း နိုင်ငံအဖြစ် တဖက်သတ် အသိအမှတ်ပြုတာမျိုးကို လက်မခံတဲ့အကြောင်း အစ္စရေး အစိုးရ ဝန်ကြီးအဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
ရုရှားနိုင်ငံဟာ အာကာသထဲက ဆက်သွယ်ရေးဂြိုလ်တုတွေကို ဖျက်ဆီး တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က မနေ့က အတည်ပြုလိုက်တာကြောင့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီဆိုပြီး အမေရိကန် လွှတ်တော်အမတ်တွေ စိုးရိမ်တကြီးသတိပေးခဲ့ကြပါတယ်။
လက်ရှိ သမ္မတ Joko Widodo ဟာ နောက်တကြိမ် ရွေးကောက်ပွဲဝင်ခွင့် မရှိတော့တဲ့တွက် အင်ဒိုနီးရှား ပြည်သူတွေအနေနဲ့ သူ့ကို အစားထိုးဖို ကိုယ်စားလှယ်လောင်း သုံးယောက်ထဲက တယောက်ကို ဗုဒ္ဓဟူးနေ့ ရွေးချယ် ရပါတော့မယ်။ Ahadian Utama အင်ဒိုနီးရှားက ပေးပို့တဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဂါဇာဒေသ တောင်ဘက်ဆုံး Rafah မြို့ကို မြေပြင်ကနေ ဝင်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အမိန့်ပေးလိုက်ပါတယ်။ အစ္စရေးရဲ့ စစ်ရေး ထိုးစစ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ဝေဖန်မှုတွေ တိုးနေတဲ့ကြားမှာ စစ်ဆင်ရေးတွေ ဆက်လုပ်မယ့်အကြောင်း ပြောဆိုလိုက်တာပါ။
အရှေ့အလယ်ပိုင်းမှာ စစ်ပွဲပိုပြီး ကျယ်ပျံ့မသွားအောင် အမေရိကန်ပြည်ထောင်စုက စစ်ရေးအင်အားကိုရော သံတမန်ရေးချဉ်းကပ်မှုတွေကိုပါ သုံးပြီး တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
အောက်တိုဘာ ရ ရက် အစ္စရေးကို ဟာမတ်စ် တိုက်ခိုက်ခဲ့မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည် ကူညီကယ်ဆယ်ရေး အေဂျင်စီ (UNRWA) အဖွဲ့က ဝန်ထမ်းတော်တော်များများကို အဖွဲ့ ကထုတ်ပယ်လိုက်ပါတယ်။ Veronica Balderas Iglesias ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွတွေအကြား စစ်ပွဲဖြစ်ပွားနေချိန်မှာပဲ အရှေ့အလယ်ပိုင်း ဒေသအတွင်းမှာ ဆက်တိုက်ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေ၊ ရှုပ်ထွေးတဲ့ ကြေညာချက်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပေါ်ထွက်လာခဲ့ပါတယ်။
နိုဝင်ဘာလထဲ ကျင်းပမဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ ပြန်ပြိုင်နိုင်တဲ့ အနေအထားကို တွေ့နေရပါတယ်။ သမ္မတလောင်း နှစ်ဦးရဲ့ အသက်အရွယ်နဲ့ အကြောင်းကြောင်းတွေကြောင့် တယောက်ယောက် ဆက်မပြိုင်ရတဲ့ အနေအထား မဖြစ်မနေကြုံလာခဲ့ရင် ရှေ့ဆက်ဘာတွေ ဖြစ်နိုင်ပါသလဲ။
ပြည်နယ်အလိုက် ပဏာမရွေးပွဲတွေမှာအနိုင်ရတဲ့သူကို သက်ဆိုင်ရာပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံမှာ သမ္မတလောင်းအဖြစ် တင်မြှောက်တာပါ။ ရီပတ်ဘလစ်ကန် ပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့်ဂျူလိုင်လမှာ ကျင်းပမှာပါ။ ဒီမိုကရက်ပါတီကတော့ ဩဂုတ်လမှာ ကျင်းပပါတယ်။
အစ္စရေးနိုင်ငံသား ၁၂၀၀ လောက်ကို သတ်ဖြတ်ပြီး ၂၄၀ ကျော်ကို ပြန်ပေးဆွဲခဲ့တဲ့ ရာနဲ့ချီတဲ့ ဟာမတ်စစ်သွေးကြွတွေ အဖွဲ့ဝင်တော်တော်များများဟာ စိတ်ကြွဆေး တမျိုး သုံးနေတာ တွေ့ရတယ်လို့ အစ္စရေးအရာရှိတွေက ပြောပါတယ်။ ဒီအကြောင်း ဂျေယုဆလင်က Linda Gradstein သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
တနင်္ဂနွေနေ့ကပဲ ဟာမတ်စ် စစ်သွေးကြွတွေ အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ရက် ၁၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ စစ်ကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်း အရပ်သားတွေ ထိခိုက်ပျက်ဆီးမှုတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အစ္စရေး ဟာမတ်စ် စစ်ပွဲနဲ့ ဆက်နွယ်ပြီး တင်းမာမှုတွေ တိုးနေချိန်မှာပဲ အရှေ့အလယ်ပိုင်း ဒေသ အာရတ် ခေါင်းဆောင် တော်တော်များများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken သွားရောက် တွေ့ဆုံနေပါဝယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်