TV
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၉ ရက် ၂၀၂၅)
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၉ ရက် ၂၀၂၅) − ၂ နိုင်ငံဆွေးနွေးဖို့ ထရမ့် ကမ်းလှမ်းချက် အီရန်ခေါင်းဆောင် ပယ်ချတာ၊ ဂါဇာအပစ်ရပ်- ဒုအဆင့်အတွက် အီဂျစ်နဲ့ ဟားမတ်စ်ဆွေးနွေးတဲ့ သတင်းတွေနဲ့အတူ ဒို့အသံ၊ ဒီမိုကရေစီခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီ၊ လယ်ယာစီးပွါးကဏ္ဍနဲ့ သတင်းတွေထဲကသုတ အပတ်စဥ်အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မတ် ၉ ရက်၊ ၂၀၂၅)
ဗန်ဂိုးရဲ့ နေကြာပန်းပုံပန်းချီ Lego တုံးနဲ့ ပြန်ဖန်တီးယူ၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ နယူးယောက်ဖက်ရှင်သီတင်းပတ်မှာ တွေ့ရတဲ့ မြန်မာလူငယ်နဲ့ GenZ၊ နောက် မလေးရှားရောက် မြန်မာထောက်ပို့ ပရဟိတအဖွဲ့အကြောင်း နေရာပေါင်းစုံအကြောင်းစုံအပြင် နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၅ မတ်လ ၉ ရက်၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ မတ် ၉ ၊ ၂၀၂၅။
အမေရိကန်သမ္မတ အိမ်ဖြူတော် အပြင်ဘက်မှာ လက်နက်ကိုင် တဦးကို Secret Service အမေရိကန် အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio မတ်လ ၁၀ ရက် တနင်္လာနေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ ထိုင်ဝမ်အနေနဲ့ ခွဲထွက်ဖို့ အရှိန်မြှင့် ကြိုးစားလာမယ်ဆိုရင် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်သွားမှာဖြစ်ကြောင်း တရုတ်စစ်တပ်က ပြောဆိုပါတယ်။