TV
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁ရက်၊ ၂၀၂၅)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁ရက်၊ ၂၀၂၅) − ကနေဒါ မက္ကစီကို တရုတ် ကုန်စည်များပေါ် ကန် အခွန်တိုးကောက်တော့မည်၊ မြန်မာနိုင်ငံအတွင်း သတ်ဖြတ်မှု ၂၀၂၄ မှာ မကြုံစဖူးများပြား၊ မြဝတီ အွန်လိုင်းငွေလိမ်ဂိုဏ်းလက်က တရုတ်(၅)ဦး ထွက်ပြေးလွတ်မြောက် စတဲ့သတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅)
စစ်ကောင်စီ အရေးပေါ်အခြေအနေ သက်တမ်းတိုး၊ ကန်အကူအညီရပ်ဆိုင်း မြန်မာကို သက်ရောက်မှုပြင်းစသည် တပတ်အတွင်းသတင်း၊ ကန် အာရှပစိဖိတ်မူဝါဒ တရုတ်နဲ့အားပြိုင်ရဖို့ရှိ မေးမြန်းခန်းနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၅၊ ဖေဖော်ဝါရီ ၁ ရက် ဗွီအိုအေတပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅
အင်ဒိုပိစိဖိတ်မှာ အကြီးမားဆုံးပြဿနာဖြစ်နေတဲ့ မြန်မာ၊ ဘန်ကောက်သံရုံးရှေ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ပွဲ၊ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကို သွင်းကုန်ခွန်တွေ သမ္မတ Trump တိုးမည်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rubio ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။