TV
ဗွီအိုအေ မြန်မာ နံနက်ခင်း (ဖေဖော်ဝါရီ ၃၊ ၂၀၂၅)
သွင်းကုန်ခွန်တွေ တိုးလိုက်တာကြောင့် အမေရိကန် ပြည်သူတွေ အထိနာနိုင်ကြောင်း သမ္မတ Trump ပြော၊ တရုတ်ကို ချိန်ညှိရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ပနားမားနိုင်ငံကို သွားရောက် စတဲ့ထိပ်တန်းရောက် သတင်းတွေနဲ့ အတူ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ တို့ကို ထုတ်လွှင့်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၀၃၊၂၀၂၅)
အမေရိကန်သမ္မတ Donald Trump ဟာ ကနေဒါ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေက သွင်းကုန်တွေကို အခွန်တိုးကောက်ဖို့ ကြေညာအပြီး ကနေဒါနဲ့ မက္ကဆီကို နိုင်ငံက ခေါင်းဆောင်တွေနဲ့ စကားပြောဖို့ရှိ၊ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်သံတမန် Steve Wifkoff နဲ့ ဝါရှင်တန် မြို့တော်မှာ တွေ့ဆုံဖို့ရှိ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ မြန်မာ့အရေးဆွေးနွေး
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၅)
အမေရိကန် သွင်းကုန်ခွန် တိုးကောက်မယ့် အစီအစဉ် အစုရှယ်ယာဈေးကွက် ရိုက်ခတ်၊ ဗန်းမော်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်လက်ပြင်းထန် စတာတွေအပြင် သမ္မတထရမ့် အစိုးရရဲ့ အာရှပစိဖိတ်မူဝါဒ အလားအလား ဆက်သွယ်မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။