TV
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၄ ၊ ၂၀၂၅)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၄ ၊ ၂၀၂၅) − ကန် စစ်ပစ္စည်းနဲ့လောင်စာ ပိုဝယ်ယူဖို့ အိန္ဒိယဝန်ကြီးချုပ်ကို သမ္မတ Trump တွန်းအားပေး၊ စစ်အဆုံးသတ်ရေး ကန်-ရုရှား ၂ နိုင်ငံတည်းသဘောတူညီချက် သမ္မတ Zarlansky လက်ခံမည်မဟုတ်၊ ထိုင်းစစ်သားများ လက်ချက်နဲ့ မြန်မာတဦးသေဆုံးခဲ့ရမှု ထိုင်းရှေ့နေတွေ စစ်ဆေးမည် စတဲ့သတင်းတွေနဲ့ အပတ်စဉ် ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတွေကို တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၄၊၂၀၂၅)
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ နဲ့ အမေရိကန် သမ္မတ ထရမ့် တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ၊ သမ္မတဒေါ်နယ်ထရမ့်အစိုးရရဲ့ အစိုးရဝန်ထမ်းအင်အားလျော့ချရေးအစီအစဉ်အရ အသစ်ငှား ရမ်းထားတဲ့အစမ်းခန့်ဝန်ထမ်းအားလုံးကို အလုပ်ကနေရပ်ဆိုင်း၊ အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးအဖွဲ့ကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူ ဖွဲ့စည်းပြီး နှိမ်နှင်း
ဗွီအိုအေ မြန်မာညချမ်း၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅
ယူကရိန်းအရေးလွှမ်းမိုးမယ့် မြူးနစ်လုံခြုံရေးညီလာခံ၊ အပြန်အလှန် သွင်းကုန်ခွန်ကောက်ဖို့သမ္မတ Trump ညွှန်ကြား၊ အမေရိကန်မှာ အစမ်းခန့်ဝန်ထမ်းတွေကို အလုပ်ရပ်၊ ရန်ကုန်လေဆိပ်တင်းကျပ်မှု လူငယ်တွေစိုးရိမ်၊ ငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းမှုစတင်လို့ ကရင် BGF အတည်ပြု စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။