TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၉ ရက် ၂၀၂၅
(ဖေဖေါ်ဝါရီ ၉ ရက် ၂၀၂၅) - အစ္စရေး ဟားမတ်စ် - ၅ကြိမ်မြောက် အကျဉ်းသားလဲလှယ်တာ၊ ကန်-ထိုင်း သဘောတူထားတဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေး ရပ်ဆိုင်းနေတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီ၊ သတင်းတွေထဲက သုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၅)
မျိုးဗီဇပြုပြင်ထားတဲ့ မြင်း၊ VR မျက်မှန်တပ် ကြွက် ဒီလို ထူးခြားဆန်းပြား သတင်းများ၊ အကျပ်အတည်းပေါင်းစုံကြားက ရှင်သန်ရတဲ့ GenZ လူငယ်၊ နောက် မလေးရှားပီနန်က မြန်မာဆိုင်တွေနဲ့ ကုန်တိုက် နေရာပေါင်းစုံ၊ အကြောင်းစုံအပြင် နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၅ ဖေဖော်ဝါရီ ၉ ရက်၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၉၊ ၂၀၂၅)
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၉၊ ၂၀၂၅) အစ္စရေးတပ်ဖွဲ့တွေ ဂါဇာဒေသ အဓိကလမ်းကြောင်းက ဆုတ်ခွာ၊ အမေရိကန် သွင်းကုန်ခွန် တိုးကောက်တဲ့အစီအစဉ်က လွတ်ကင်းခွင့်ရဖို့ ဂျပန်ဝန်ကြီးချုပ် မျှော်လင့် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။