TV
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၃ ၊ ၂၀၂၅)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၃ ၊ ၂၀၂၅) − ကွန်ဆာဗေးတစ် ညီလာခံမှာ သမ္မတထရမ့် မိန့်ခွန်းပြောတာ၊ အစ္စရေးဓါးစာခံ ၆ ဦး ပြန်လွတ်လာတဲ့ သတင်းနဲ့အတူ ဒို့အသံ၊ အာရှနိုင်ငံရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ လယ်ယာစီးပွား၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ စတဲ့အပတ်စဥ်ကဏ္ဍတွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၅)
ဆောက်လုပ်ရေးမှာ လူနဲ့အတူတွဲပြီး အလုပ်လုပ်နိုင်တဲ့ စက်ရုပ်နဲ့ ထူးခြားဆန်းပြားသတင်းများ၊ အမေရိကန်ပညာသင်ဆု ရရှိအောင် ရခိုင်ကျောင်းဆရာလေး ကြိုးစားနိုင်ခဲ့တဲ့ GenZ၊ နောက် မြန်မာပြည်က နတ်ကိုးကိုယ်မှုကို နိုင်ငံတကာသိအောင် ပြသတဲ့ပွဲ နေရာပေါင်းစုံ၊ အကြောင်းစုံအပြင် နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၅ ဖေဖော်ဝါရီ ၂၃၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅)
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅) ပုပ်ရဟန်းမင်းကြီး အပြင်းအထန် ဆက်လက် နာမကျန်းဖြစ်၊ စစ်ကောင်စီနဲ့ ရုရှား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။