ကမ္ဘာတဝန်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ယဉ်ကျေးမှုအခွင့်အရေးအဖြစ်သတ်မှတ်ပြီး ထိန်းသိမ်းဖို့ ကုလသမဂ္ဂမှာ သဘောတူညီခဲ့တာ နှစ်ပေါင်း ၅၀ ရှိခဲ့ပါပြီ။ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေအကြောင်း ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်မှာ ဦးတင်မောင်သန်း တင်ပြထားပါတယ်။ ပထမပိုင်းကို ရှုစားနိုင်ပါပြီ။
ကာတာနိုင်ငံရဲ့ အပူဒဏ်ကို ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲကြည့် ပရိတ်သတ်တွေ မခံစားရအောင် ဘောလုံးကွင်းတွေကို နည်းပညာနဲ့ အေးနေအောင်လုပ်ထားပါတယ်။ ပွဲကြည့်ထိုင်ခုံတွေအောက်က လွှတ်ပေးနေတဲ့ လေအေးတွေကို ကွင်းထဲမှာ ထိန်းထားနိုင်အောင် ဘယ်လိုလုပ်နေသလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ်ဖြစ်လာမယ့် အင်ဒိုနီးရှားနဲ့ စစ်ကောင်စီကြား ဘယ်လို ကွာဟချက်တွေ ရှိနေပါသလဲ။ ဒီအပတ် ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်မှာ ISP မြန်မာ အဖွဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းနဲ့ ဦးတင်မောင်သန်း ဆွေးနွေးတင်ပြထားပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လိင်တူစုံမက်သူတွေကို စုံတွဲဖြစ်ကြောင်းအသိအမှတ်ပြု ထောက်ခံစာ ထုတ်ပေးနေပေမဲ့ လက်ထပ်ထိမ်းမြားတာကို ဥပဒေအရ တရားဝင်ခွင့် မပြုသေးပါဘူး။ ဒါကို ဥပဒေကြောင်းအရလက်ခံဖို့ ဘယ်လိုအခြေအနေရှိပါသလဲ။ ဂျပန်မှာ နှစ် ၄၀ ကျော်နထိုင်နေတဲ့ စာရေးဆရာ ကိုသိန်းနဲ့ ဦးတင်မောင်သန်းဆွေးနွေးထားပါတယ်။
အမေရိကန် ဒီမိုကရေစီအပေါ် အမေရိကန် ပြည်သူလူထုက ဘယ်လို မြင်ကြပါသလဲ။ အေပီ သတင်းဌာန နဲ့ NORC Center for Public Affairs Research တို့ ပူးပေါင်းပြီးကောက်ယူခဲ့တဲ့ စစ်တမ်းအကြောင်း ဦးတင်မောင်သန်းက ဒေါက်တာတင့်ဆွေ နဲ့ ဆွေးနွေးတင်ပြထားပါတယ်။
ဥရောပကကမ္ဘာကျော် ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားတချို့ကို ဗြိတိန်နိုင်ငံက ပြခန်းတခုမှာ နည်းပညာသုံးပြီး အသွင်သစ်နဲ့ ပြသနေပါတယ်။ လာကြည့်သူတွေ ပန်းချီကားထဲရောက်နေတယ်ဆိုတဲ့ ခံစားမှုမျိုးဖြစ်အောင် ဒစ်ဂျစ်တယ်ပုံရိပ်ထိုးနည်းပညာနဲ့ ပြသထားတာကို ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ မစုမြတ်မွန် တင်ပြထားပါတယ်။
ကင်ညာနိုင်ငံမှာ တိရစ္ဆာန်တွေနဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို လူတိုင်း စာရင်းပြုစု ပေးနိုင်အောင် ကင်ညာအမျိုးသားပြတိုက်က Mobile app တခုလုပ်ထားပါတယ်။ ဘယ်လိုတိရစ္ဆာန်ကို ဘယ်နားမှာ တေ့ွခဲ့ရတယ်ဆိုတဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ပေးလို့ရတဲ့ App အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ဌာနေတိုင်းရင်းသားတွေရဲ့ ဆုံးရှုံးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ သမ္မတ Joe Biden ကဌာနေတိုင်းရင်းသားနေ့အဖြစ် သတ်မှတ်ပေးထားပါတယ်၊ ဌာနေတိုင်းရင်းသားအခွင့်အရေးအကြောင်း လှုပ်ရှားသူ ဒေါ်နွေဦးကို ဦးတင်မောင်သန်း မေးမြန်းပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ ဆွေးနွေးတင်ပြထားပါတယ်။
ဂျပန်နိုင်ငံက အသက် ၇၀ ကျော်အရွယ် ပန်းချီဆရာ ဘိုးဘိုးတယောက်မှာ အွန်လိုင်း ပရိတ်သတ် ၁ သန်းခွဲလောက်ရှိပါတယ်။ ပန်းချီဆွဲနည်းသင်ပြရင်းက YouTube စတားတယောက်ဖြစ်လာတဲ့ ပန်းချီဆရာ Harumichi Shibasaki အကြောင်းကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
၁၇ ရာစုတုန်းက ကမ္ဘာကျော်ပန်းချီဆရာကြီး ၂ ယောက် ဂန္ဓာရုံကို အသားပေးရေးဆွဲထားတဲ့ ပန်းချီကား ၁ ချပ်ကို နည်းပညာကျေးဇူးကြောင့် အမြင်နဲ့တင် မဟုတ်ဘဲ အနံ့နဲ့ပါ ခံစားလို့ရနိုင်ပါပြီ။ ပန်းချီကားကို ဂန္ဓာရုံနဲ့ပါ ခံစားနိုင်အောင် ဘယ်လိုဖန်တီးထားသလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပါတ်သက်လို့ တရုတ်နိုင်ငံမှာ တရုတ်အစိုးရသဘောထားထင်ဟပ်တဲ့အကြောင်းကိုသာ ဦးစားပေးဖော်ပြနေတာကြောင့် တရုတ်နိုင်ငံရောက် ယူကရိန်းလူမျိုးတွေက ယူကရိန်းနိုင်ငံသတင်းတွေ အသေအချာ သိနိုင်အောင် ကြိုးစားနေကြပါတယ်။ AFP သတင်းကိုအခြေခံပြီး မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀% ကနေ ၂၅% တိုးပြီး ကောက်ခံဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရက စဉ်းစားနေတယ်လို့ အစိုးအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်