ဥရောပကကမ္ဘာကျော် ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားတချို့ကို ဗြိတိန်နိုင်ငံက ပြခန်းတခုမှာ နည်းပညာသုံးပြီး အသွင်သစ်နဲ့ ပြသနေပါတယ်။ လာကြည့်သူတွေ ပန်းချီကားထဲရောက်နေတယ်ဆိုတဲ့ ခံစားမှုမျိုးဖြစ်အောင် ဒစ်ဂျစ်တယ်ပုံရိပ်ထိုးနည်းပညာနဲ့ ပြသထားတာကို ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ မစုမြတ်မွန် တင်ပြထားပါတယ်။
ကင်ညာနိုင်ငံမှာ တိရစ္ဆာန်တွေနဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို လူတိုင်း စာရင်းပြုစု ပေးနိုင်အောင် ကင်ညာအမျိုးသားပြတိုက်က Mobile app တခုလုပ်ထားပါတယ်။ ဘယ်လိုတိရစ္ဆာန်ကို ဘယ်နားမှာ တေ့ွခဲ့ရတယ်ဆိုတဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ပေးလို့ရတဲ့ App အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ဌာနေတိုင်းရင်းသားတွေရဲ့ ဆုံးရှုံးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ သမ္မတ Joe Biden ကဌာနေတိုင်းရင်းသားနေ့အဖြစ် သတ်မှတ်ပေးထားပါတယ်၊ ဌာနေတိုင်းရင်းသားအခွင့်အရေးအကြောင်း လှုပ်ရှားသူ ဒေါ်နွေဦးကို ဦးတင်မောင်သန်း မေးမြန်းပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ ဆွေးနွေးတင်ပြထားပါတယ်။
ဂျပန်နိုင်ငံက အသက် ၇၀ ကျော်အရွယ် ပန်းချီဆရာ ဘိုးဘိုးတယောက်မှာ အွန်လိုင်း ပရိတ်သတ် ၁ သန်းခွဲလောက်ရှိပါတယ်။ ပန်းချီဆွဲနည်းသင်ပြရင်းက YouTube စတားတယောက်ဖြစ်လာတဲ့ ပန်းချီဆရာ Harumichi Shibasaki အကြောင်းကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
၁၇ ရာစုတုန်းက ကမ္ဘာကျော်ပန်းချီဆရာကြီး ၂ ယောက် ဂန္ဓာရုံကို အသားပေးရေးဆွဲထားတဲ့ ပန်းချီကား ၁ ချပ်ကို နည်းပညာကျေးဇူးကြောင့် အမြင်နဲ့တင် မဟုတ်ဘဲ အနံ့နဲ့ပါ ခံစားလို့ရနိုင်ပါပြီ။ ပန်းချီကားကို ဂန္ဓာရုံနဲ့ပါ ခံစားနိုင်အောင် ဘယ်လိုဖန်တီးထားသလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပါတ်သက်လို့ တရုတ်နိုင်ငံမှာ တရုတ်အစိုးရသဘောထားထင်ဟပ်တဲ့အကြောင်းကိုသာ ဦးစားပေးဖော်ပြနေတာကြောင့် တရုတ်နိုင်ငံရောက် ယူကရိန်းလူမျိုးတွေက ယူကရိန်းနိုင်ငံသတင်းတွေ အသေအချာ သိနိုင်အောင် ကြိုးစားနေကြပါတယ်။ AFP သတင်းကိုအခြေခံပြီး မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀% ကနေ ၂၅% တိုးပြီး ကောက်ခံဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရက စဉ်းစားနေတယ်လို့ အစိုးအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
မေ ၅၊ ၂၀၁၈ - ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အတိုင်းအဆကို ရည်ညွှန်းတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Lock, stock, and barrel; Hook, line, and sinker နဲ့ To take it with a pinch (grain) of salt တို့ကို တင်ပြထားပါတယ်။
မောင်တောဒေသတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူတွေအတွက် ဝမ်းနည်းကြေကွဲတဲ့ အောက်မေ့ဖွယ်အခမ်းအနား ဒီကနေ့ ကျင်းပခဲ့ပါတယ်။
"ဆက်ဆွေးနွေးဖို့ကလည်း အစိုးရဘက်ခြမ်းကလည်း ၁၅ ရက်နေ့ နောက်ပိုင်းဆိုတော့ ဒါကလည်း ဆွေးနွေးမှုမပြတ်တော့ ဒီလာမယ့် ၁၅ ရက်နေ့မှာ ဘယ်လိုမှ ပါဝင်လက်မှတ်ထိုးဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဆိုပြုချက် ၈ ချက်က လုံးဝမပြတ်သေးလို့ပါ။" (နိုင်အောင်မငေး - UNFC)
အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မူအရ ခွဲခြားကန့်သတ်ပြီး ညီလာခံတက်ဖို့ ဖိတ်ခေါ်တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီး ထိခိုက်စေပြီး အပြုသဘော မဆောင်ဘူးလို့ ကချင်မဟာမိတ်တပ်ပေါင်းစု ဥက္ကဌ Gum San က ပြောပါတယ်။
မြောက်ကိုရီးယားက တနင်္ဂနွေနေ့မှာ နောက်ဆုံးပြစ်လွှတ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အင်္ဂါနေ့မှာ အရေးပေါ်စည်းဝေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်