ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ Samsung ဆမ်ဆောင်းက လာ့စ်ဗေးဂတ်စ်မြို့မှာ ဇန်နဝါရီ ၇ ကနေ ၁၀ အထိ ကျင်းပတဲ့ CES လူသုံးကုန်လျှပ်စစ်ပစ္စည်း ကုန်စည်ပြပွဲမှာ စမတ်အိမ်သုံးပစ္စည်းတွေ ပြသနေပြီး အထူးသဖြင့် AI နည်းပညာသုံး ရေခဲသေတ္တာသစ်နဲ့ အနုပညာလက်ရာတွေ ကြည့်ရှုနိုင်တဲ့ တီဗွီတွေ ပါဝင်ပါတယ်။
လက်နက်အင်အားပိုင်းမှာ စစ်ကောင်စီနဲ့ တန်းတူအနေအထားမရှိသေးပေမယ့်လည်း၊ လွတ်မြောက်ပြီး နိုင်ကို နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဘယ်လိုမှ ချေမှုန်းလို့မရနိုင်ဘူးလို့ ချင်းညီနောင်အဖွဲ့ စစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ် မေးမြန်းထားပါတယ်။
လော့စ်အိန်ဂျလိစ်မြို့စွန်က လူချမ်းသာရပ်ကွက်နားမှာ တောမီးကြီးတောက်လောင်တာ ဧက ၂၀၀ မီးထဲပါသွားပြီ ဖြစ်ပြီး ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဆန်တာမိုနီကာနဲ့ မာလီဘူကြား ပါလီဆိဒ်စ်ရပ်ကွက်မှာ တောက်လောင်နေတာ ဖြစ်ပြီး ကားနဲ့ ထွက်လာကြသူတွေနဲ့ ယာဉ်ကြောပိတ်ဆို့နေတာပါ။
၂၀၂၀ မှာ တရုတ်အစိုးရက ဒဏ်ခတ်အရေးယူစာရင်းထဲ ထည့်သွင်းထားပေမယ့် တကယ်လို့သာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်ခံရမယ်ဆိုရင် တရုတ်နဲ့ ဆက်ဆံဆွေးနွေးပြီး အဖြေရှာဖွေနိုင်လိမ့်မယ်လို့ လွှတ်တော်အမတ် Marco Rubio ပြောပါတယ်။ VOA သတင်းထောက် Nike Ching ရဲ့သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့မှာ ရွေးကောက်ခံသမ္မတ Donald Trump ၂၀၂၄ ရွေးကောက်ပွဲ အနိုင်ရကြောင်း အမေရိကန်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ လွှတ်တော်သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်းဂျင်မီကာတာ အောက်မေ့ဖွယ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမေရိကန် သံရုံးနဲ့ ချင်းမိုင်မြို့ အမေရိကန် ကောင်စစ်ဝန်ရုံးတွေကို ဇန်နဝါရီလ ၉ ရက်နေ့ ပိတ်ထားမှာ ဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံ အမေရိကန်သံရုံးက ကြေညာပါတယ်။ ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
အကောက်ခွန်စနစ် အပြောင်းအလဲကြောင့် ကုန်ဈေးနှုန်းထပ်တက်မှာကို စားသုံးသူတွေစိုးရိမ်ကြသလို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက လုပ်ငန်းတွေ ဆက်လက် မလည်ပတ်နိုင်တော့မယ့် အရေးကို စိုးရိမ်နေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အင်္ဂလန်တောင်ပိုင်း ထုံးကျောက်တွင်းတခုမှာ ရွှံ့စေးတူးနေတဲ့ အလုပ်သမားတယောက်က ထူးဆန်းတဲ့အဖုတွေကို သတိပြုမိခဲ့ရာကနေ နှစ်သန်းပေါင်း ၁၆၆ သက်တမ်းရှိ ဒိုင်နိုဆော ခြေရာပေါင်း ၂၀၀ နီးပါးနဲ့ "ဒိုင်နိုဆောလမ်းမကြီး" တခုကို တွေ့ရှိခဲ့ပါတယ်။
ဟာဝိုင်အီမှာ တရားမဝင် မီးရှူးမီးပန်းတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုတွေက သိပ်မအောင်မြင်ပဲ မကြာခင်ရက်ပိုင်းကလည်း မီးရှူးမီးပန်း မတော်တဆမှုကြောင့် လူသေဆုံးရတာတွေ ရှိခဲ့ပါတယ်။ ဟာဝိုင်ယီကို တရားမဝင်မီးရှူးမီးပန်းတွေ နေ့စဉ်လိုလို ပြည်ပကနေ ခိုးသွင်းနေတာ ဖြစ်ပါတယ်။
၂၀၂၅ နှစ်သစ်ကတော့ ကူးပြောင်းခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာတဝန်းက လူ သန်းပေါင်း များစွာအတွက် မြွေနှစ် စမယ့် တရုတ်နှစ်သစ်ကူး ကတော့ မစသေးပါဘူး။ ဒီ ဇန်နဝါရီ လကုန်လောက်မှာမှ နဂါးနှစ်ကို နှုတ်ဆက်ပြီး မြွေနှစ်ကို ကူးပြောင်းမှာ ဖြစ်ပါတယ်။
မူကြိုကနေ GED Level အထိ သင်ကြားပေးသလို ထိုင်းပညာရေးစနစ်နဲ့ ဆက်သွယ်ပေါင်းကူးပေးတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပါမြို့ကရွှေ့ပြောင်းမြန်မာကလေးများ အထက်တန်းကျောင်း (ULC) အကြောင်း ဦးသိန်းထိုက်ဦး ရိုက်ကူးတင်ပြထားပါတယ်။
ဒီတပတ်တော့ နော်သဇင်က ချက်သမ္မတနိုင်ငံ ပရာဂ်မြို့တော်ကိုရောက်ရင် သွားကိုသွားလည်သင့်တဲ့ နေရာ ၅ ခု ကို စုစည်းတင်ပြပေးထားပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ မိုင်ပေါင်း ထောင်နဲ့ချီခရီးနှင်ပြီး လာကြည့်ကြတဲ့ ထူးခြားတဲ့ နေရာလေးတွေကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။