အမေရိကန်ပြည်ထောင်စုမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအားလပ်ရက်ကာလမှာ ရပ်နီး၊ ရပ်ဝေးမိသားစုတွေနဲ့ လူကိုယ်တိုင်တွေ့ဆုံ ဒါမှမဟုတ်လည်း အဝေးရောက် ချစ်ခင်ရသူတွေကို ဘယ်လိုစကားတွေ ပြောဆိုနိုင်လဲဆိုတာ မကြေးမုံက အမေရိကန်အင်္ဂလိပ်စကား၊ အမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
လူမျိုးစုတွေ အနေနဲ့ “စစ်က အိမ်ရှေ့ ရောက်နေတဲ့” အနေအထားမှာ စစ်ရေး ရပ်တန့်သွားဖို့ မလွယ်သလို အချုပ်အခြာ ပြဿနာကို အိမ်နီးချင်းတွေက နားလည်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာသုတေသီ ကိုထက်မင်းလွင်က ထောက်ပြပါတယ်။ ထိုင်းမှာ ကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
တရုတ်ဘက်ကို ဖရဲတင်ပို့ရာမှာ ဖရဲ တတန် သယ်ယူစရိတ်က တရုတ်ယွမ်ငွေ ၂,၅၀၀ လောက်အထိ ကုန်ကျမှုရှိလာလို့ ကုန်သည်တွေ အခက်တွေ့နေပါတယ်။ ဒီသတင်းနဲ့ လယ် ယာ စီးပွား သတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်ခေါင်းဆောင်များ ဖမ်းဝရမ်းထုတ်နိုင်ရေး ကြိုးပမ်းနေကြောင်း ICC ရှေ့နေချုပ် ပြော၊ ရခိုင်မြောက်ပိုင်း မောင်တော စစ်ကောင်စီစခန်းအားလုံးကို အာရက္ခတပ်တော် AA ထိန်းချုပ်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဆီးရီးယားမှာ Bashar-al Assad အစိုးရ ပြုတ်ကျသွားပြီးနောက် IS စစ်သွေးကြွတွေ ပြန်လည် ပေါ်ထွက်မလာနိုင်အောင် ဆက်လက် ကြိုးစားနှိမ်နင်းရေးကို ဆီးရီးယားအိမ်နီးချင်း တူရကီနဲ့ အမေရိကန်တို့ ဆွေးနွေးခဲ့ကြပါတယ်။
ကမ္ဘာမှာ မြေရှားသတ္တု ထုတ်လုပ်မှု တတိယအများဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ မြေရှားသတ္တုတွေကို ဘယ်နေရာမှာ တွေ့နိုင်ပါသလဲ။ Australia နိုင်ငံ ဓါတ်သတ္တု ရှာဖွေတူးဖေါ်ရေး အကြံပေး ဒေါက်တာဦးအောင်ပွါးကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
WLB စဖွဲ့ကတည်းကတည်းက တစိုက်မတ်မတ်ရပ်တည်လာခဲ့တဲ့ ကျား-မ တန်းတူညီမျှရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင် အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးရည်မှန်းချက်တွေ ပြည့်ဝတဲ့အခြေအနေမရောက်သေးပေမဲ့ ၂၅ နှစ်အတွင်း အမျိုးသမီးအရေး တိုးတက်ပြောင်းလဲလာအောင် အများကြီး စွမ်းဆောင်နိုင်ခဲ့ကြောင်း WLB ကပြောပါတယ်။
အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်စေရေးနဲ့ အများပြည်သူအကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာ ပြောပါတယ်။
သတင်းသမားတွေ သတင်းမှန်ရရေး အလုပ်လုပ်တာဟာ ရာဇဝတ်မှု ကျူးလွန်တာမဟုတ်တဲ့အတွက် သတင်းသမားတွေအပေါ် တရားလက်လွတ်ဖမ်းဆီး သတ်ဖြတ်မှုတွေ အဆုံးသတ်ရေးနဲ့ တရားမျှတမှုရှိရှိ အရေးယူနိုင်ရေး ကြိုးပမ်းသွားမယ့်အကြောင်း မြန်မာသတင်းမီဒီယာကောင်စီ ICPM က ဗွီအိုအေကို ပြောပါတယ်။
မြန်မာစားကုန်တချို့ အမေရိကန်ကို တရားမဝင် ဝင်လာတာ သတိပေးချက်ထွက်လာချိန် ဒီစားကုန်မှာ အန္တရာယ်ရှိတဲ့စ္စည်းပါတာ၊ စစ်ဆေးထားမှုတော့ မရှိသေးဘူးလို့ အာဟာရပညာရှင်တွေက ပြောပါတယ်။
ဗီယက်နမ် ဟနွိုင်းမြို့နဲ့ ဟိုချီမင်းမြို့ကြား ဒေါ်လာ ၆၇ ဘီလျံတန် ၊ မြန်နှုန်းမြင့် ရထားလမ်းသစ်တခု ဖေါက်လုပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်းနဲ့ ကမ္ဘာ့လေကြောင်းလိုင်းလုပ်ငန်းမှာ ဦးဆောင်သူဖြစ်လာစေဖို့ Air India ကုမ္ပဏီက ခရီးသည်တင်လေယာဉ်ကြီးတွေ အများအပြား ဝယ်ယူနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။