ကွယ်လွန်သွားပြီ ဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ လူမှုကူညီရေး အလုပ်တွေမှာ စေတနာ့ဝန်ထမ်းတွေ၊ ထောက်ပံ့သူတွေ အဖြစ်ပါဝင်ခဲ့သူတွေ ကို Kane Farabaugh က မေးမြန်းထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ဇန်နဝါရီ ၂၊ ၂၀၂၅ ။ ။ ငုပ်လျှိုး တီဘီရောဂါအဆင့် လက္ခဏာမပြဘဲရှိနေတာကနေ၊ ကူးစက်စေတဲ့ အဆင့်မရောက်မီ ဘယ်လို ကိုင်တွယ်သင့်ပါလဲ။
အမေရိကမှာ မွေးဖွားပြီး ငယ်စဥ်ကတည်းက ဂီတပညာရပ်ကို နာမည်ကျော်ကျောင်းတွေမှာ လေ့လာသင်ကြားခဲ့တဲ့ Austin Chen ဟာ မြန်မာတေးသီချင်းတွေကို အနောက်တိုင်း စန္ဒယားတီးခတ်ဟန်နဲ့ ပြန်လည် ဖန်တီးသလို စန္ဒယားပညာရပ်ကိုလည်း သင်ကြားပို့ချပေးနေသူပါ။ ရေမြေခြားမှရုပ်ပုံလွှာ အစီအစဥ်မှာကိုအောင်အောင် စီစဥ် တင်ဆက်ထားပါတယ်။
နှစ်သစ်ကူးရာသီကာလ ရခိုင်နဲ့ကရင်ပြည်နယ်တွေအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှု သေကြေဒဏ်ရာရာသတင်းတွေနဲ့အတူ ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲတွေအတွင်း ကျဆုံးရဲဘော် ၁၀၀ နဲ့ ၄၀၀ ကျော်ဒဏ်ရာရခဲ့၊ နိုင်ငံတဝန်းအကျင်းထောင်တွေထဲမှာတော့ ညှင်းပန်းနှိပ်စက်ခံရမှုတွေကြောင့် သေဆုံးသူနိုင်/ကျဥ်း ၃၁ ရှိ-စသည်
လေ့ကေ့ကော် ထီးမယ်ဝါးကီး အပြင် နိုင်ငံတဝန်းက စစ်ရှောင်ပြည်သူတွေကိုပါ လက်ခံကူညီစောင့်ရှောက်ပေးနေတဲ့ ပလောတပို့ စစ်ရှောင်စခန်းတာဝန်ခံ နော်ဖောလွဲကို ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းမှာ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။
Las Vegas မြို့၊ Trump International ဟိုတယ်အပြင်ဘက်မှာ Tesla ကုမ္ပဏီထုတ် Cybertruck ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ အခြားသူများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်း ကိုဝင်းခန့်မောင်ပြောပြပေးမှာပါ။
ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - ပြည်သူလူထုက ကန့်ကွက်ဆန္ဒပြလို့ အကျပ်အတည်းဖြစ်ပြီး ဒုက္ခရောက်နေတဲ့ စစ်တပ်ဟာ တရုတ်အစိုးရကို အကူအညီ တောင်းလေ့ရှိပါတယ်။ တရုတ်ကလည်း မြန်မာစစ်တပ်ကို အကူအညီပေးပါတယ်။ ဒီလိုနဲ့ တရုတ်ဗမာ လက်နက်ကိုင်အဖွဲ့ပေါ်ထွက်လာတော့မှာဖြစ်ကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
ကမ္ဘာတဝန်း စွန့်ပစ် ပလတ်စတစ်အမှိုက်တွေဟာ နှစ်စဥ် မက်ထရစ် တန်ချိန် သန်း ၄၃၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုက ပြန်လည် အသုံးပြုလို့မရတဲ့ တခါသုံး ပလတ်စတစ်အမှိုက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ပလတ်စတစ် အမှိုက်တွေကို လျှော့ချနိုင်ဖို့ ကြိုးစားနေကြသူတွေလည်း ရှိပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မှာ အိန္ဒိယတစ်လွှားက ဘာသာရေးယုံကြည်သူများဟာ ဆုတောင်းပတ္ထနာပြုခြင်း၊ သန့်စင်သော ရေချိုးခြင်းနှင့် ဟိန္ဒူနတ်ဘုရားတွေရဲ့ ကောင်းချီးမင်္ဂလာရရှိဖို့ ဘာသာရေးဝတ်ပြုမှုများ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ တရုတ် ဖွဲ့စည်းဖို့ ကြံစည်နေတဲ့ နှစ်နိုင်ငံ ပူးတွဲလုံခြုံရေးအစီအစဉ်ဟာ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်ကြီးထွားနေတဲ့ မြန်မာပြည်သူတွေအတွက် တကယ်အကျိုးရှိမလား။ အထူးသဖြင့် လက်နက်နဲ့ စက်ယန္တရားတွေ တင်ပို့ရေး လုပ်ဆောင်မယ်ဆိုတဲ့ သဘောတူညီချက်ဟာ လက်ရှိ စစ်ရေးပဋိပက္ခပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်ပါလဲ။
စစ်ကောင်စီနဲ့ တရုတ် ဖွဲ့စည်းဖို့ ကြံစည်နေတဲ့ နှစ်နိုင်ငံ ပူးတွဲလုံခြုံရေးအစီအစဉ်ဟာ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်ကြီးထွားနေတဲ့ မြန်မာပြည်သူတွေအတွက် အကျိုးရှိနိုင်မလား။ အထူးသဖြင့် လက်နက်နဲ့ စက်ယန္တရားတွေ တင်ပို့ရေး လုပ်ဆောင်မယ်ဆိုတဲ့ သဘောတူညီချက်ဟာ လက်ရှိ စစ်ရေးပဋိပက္ခအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်လဲ။
ဆလုံလူမျိုးစုတွေက ရေလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတာပါ။ အခုအခါမှာတော့ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပင်လယ်ပျော် ဌာနေတိုင်းရင်းသားတွေက ပျောက်ကွယ်လုနီးပါး ဖြစ်လာတဲ့ သူတို့ရဲ့ ပင်လယ်ပျော်ဘဝကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။