အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရက် ရာသီရောက်လာပါပြီမို့ မိသားစုတွေ တွေ့ဆုံကြတဲ့ အခါ ဘယ်လိုစကားတွေနဲ့ ပြောဆိုနိုင်လဲ။ နှုတ်ဆက်စကား၊ အငြင်းစကား စသဖြင့် ပြောရတတ်တဲ့ စကားတွေကို မကြေးမုံ ပြောပြထားပါတယ်။ မကြေးမုံက အမေရိကန်အင်္ဂလိပ်စကား၊ အမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
TNLA တအာင်းတပ်က ငြိမ်းချမ်းရေး ပြောဆိုလာတာက တရုတ်ဖိအားနဲ့ စစ်ကောင်စီကို ရင်ဆိုင်ရမယ့် အခြေအနေမှာ နည်းပရိယာယ် ခြေလှမ်းသစ်အဖြစ် နိုင်ငံရေးအကဲခတ်တဦးက သုံးသပ်လိုက် ပါတယ်။ တရုတ်ရဲ့ ဖိအားက စစ်ကောင်စီအပေါ်မှာလည်း ကျရောက်နေတယ်လို့ နောက်ထပ် လေ့လာသူက ထောက်ပြပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
စားအုန်းဆီ လက်ကားရည်ညွှန်းစျေး တစ်ပိဿာကို ကျပ် ၇,၀၀၀ ကျော် သတ်မှတ်ထားပေမဲ့ အပြင် ပေါက်ဈေး ၂ ဆ မြင့်ပြီး တပိဿာ ကျပ် ၁၄,၀၀၀ လောက်ထိ စံချိန်တင် မြင့်တက်နေပါတယ်။ ဒီသတင်းနဲ့ လယ် ယာ စီးပွား သတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီအကြီးအကဲကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရှေ့နေချုပ် ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား၊ တရုတ်ကတော့ ဒါကိုဝေဖန်၊ တရုတ်နဲ့ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး အစွမ်းကုန် အားပေးမယ်လို့ပြောဆို၊ KIA က အထူးဒေသ (၁) အခေါ်အဝေါ်ကို ဖျက်သိမ်း၊ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
သာယာအေးမြတဲ့ ရာသီဥတုနဲ့ အတူ မီးရောင်စုံပျော်ပွဲရွှင်ပွဲတွေနဲ့ ဒီဇင်ဘာလက သိပ်လှပပြီး ဒီဇင်ဘာ(၁) ရက်နေ့ကိုလည်း Sweet December ဆိုပြီး တင်စားကြတာပါ။ နိုင်ငံခြားခရီးသွားတွေ အလာများဆုံး ဘန်ကောက်မြို့က Sweet December အလှအပတွေကို ဒီတပတ် နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင်နဲ့ အတူ လိုက်ကြည့်ကြရအောင်ပါ။
သုတစုံလင် အမေရိကန်တခွင်အစီအစဥ်ကို တင်ဆက်ပေးပါမယ်။ အမေရိကန်ပြည်ထောင်စုမှာ အစိုးရက စိုက်ပျိုးရေးသမားတွေကို ဘယ်လို အကူအညီတွေပေးလဲ ဆိုတာကို တက္ကဆတ်ပြည်နယ် Houston မြို့နားက Yoe Ranch စိုက်ပျိုးရေးခြံပိုင်ရှင် ကိုစတီဗင်ရိုးက ရှင်းပြပေးထားပါတယ်။
AI မော်ဒယ်တခု ဖြစ်တဲ့ ChatGPT မှာ လူသားတွေလို မေးခွန်းတွေ ဘာ့ကြောင့် မေးလို့ရပါသလဲ။ ChatGPT ကို သုံးနိုင်တဲ့ အားသာချက်နဲ့ အားနည်းချက်က ဘာပါလဲ။ AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
လူမှုအသိုင်းအဝိုင်းအတွင်းမှာ ကောင်းမွန်တဲ့ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်လာအောင် စွမ်းဆောင်နိုင်သူတွေကို ဂုဏ်ပြုတဲ့ နယူးယောက်အခြေစိုက် Schneps Media အဖွဲ့ကြီးရဲ့ Impact Award ဆုကို မြန်မာတဦးဖြစ်တဲ့ ဒေါက်တာ နီလာသွင် ဒီနှစ် ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်ခံခဲ့ရပါတယ်။
Bitcoin တွေ ဈေးတက်လာတာကြောင့် အင်ဒိုနီးရှားနိုင်ငံက Bitcoin ဝယ်စုထားသူတွေ အမြတ်ပိုရဖို့ မျှော်လင့်နေ၊ ကာကွယ်ရေးသုံးပစ္စည်း တင်ပို့ ရောင်းချတဲ့နိုင်ငံ ဖြစ်လာစေဖို့ ကြိုးပမ်းနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ ထုတ်လုပ်နေပြီး ယူကရိန်းကို တင်ပို့မယ့် အလားအလာရှိနေပါတယ်
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
အသင့်စားအစားအသောက်တွေကနေ ကျန်းမာရေးမထိခိုက်ရအောင် သတိထား ကြည့်ရှုစစ်ဆေးသင့်တာတွေ ရှိနေပါလား။ မြန်မာက အမေရိကန်ကို တရားဝင်တင်သွင်းတာမဟုတ်တဲ့ စားကုန်ချို့ကို မသုံးစွဲဖို့ သတိပေးလာချိန်၊ ဒီအသင့်စားကုန်တွေမှာ သတိပြု ကြည့်ရှုစစ်ဆေးရမှာတွေကို အာဟာရပညာရှင်တွေက ထောက်ပြနေပါတယ်။
ယူကရိန်းကို တိုက်တဲ့ ရုရှား ကျူးကျော်စစ်ရဲ့ တာရှည် သက်ရောက်မှုကတော့ ကလေးတွေ ရဲ့ စိတ်ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကနေ Lesia Bakalets ပို့လိုက်တဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။