သမ္မတဟောင်း Donald Trump ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ပြစ်မှု ၃၄ မှုကို ကျုးလွန်ခဲ့တဲ့အကြောင်း နယူးယောက် တရားရုံးက ပြီးခဲ့တဲ့ မေလက ဆုံးဖြတ်ခဲ့ပါတယ်။ အခု သူရွေးကောက်ခံသမ္မတ ဖြစ်လာတဲ့အတွက် ဒီအမှုတွေနဲ့ ပတ်သက်လို့ ရှေ့ ဆက်ဘယ်လို အရေးယူနိုင်ချေရှိပါလဲ။ ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်နဲ့ တခြားနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အထည်ချုပ် လုပ်သားတွေ စားဝတ်နေရေးအခက်ကြုံနေသလို လုပ်ငန်းရှင်တွေလည်း လုပ်ငန်းလည်ပတ်နိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်း AFP သတင်းကို အခြေခံပြီး မမြသဇင်အောင်ပြောပြပေးပါမယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ လေထုညစ်ညမ်းမှု အညွှန်းကိန်း ၅၄၅ အထိ မြင့်တက်နေပြီး အန္တရာယ်ရှိတဲ့အဆင့် ရောက်နေပါပြီ။ ကျောင်းတွေပိတ်၊ ဆေးရုံတွေ လူနာတိုး၊ သက်ကြီးရွယ်အိုတွေ အိမ်ထဲကမထွက်နိုင်တဲ့အထိ ဖြစ်နေပါတယ်။ မြို့နေပြည်သူတွေက မျက်လုံးတွေ ပူတာ။ လည်ချောင်းနာတာ။ အသက်ရှူကြပ်တာတွေကို ခံစားနေရပါတယ်။
ကြွေးမြီ ဝန်ပိနေတဲ့ အိမ်နီးချင်း လာအိုနိုင်ငံမှာ ငွေကြေးဖေါင်းပွမှု မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ကြိုးစားနေရတဲ့အကြောင်းနဲ့ ဂျပန်မှာတော့ ဈေးကွက်ထဲ ဝယ်ယူစားသုံးမှု တက်လာတယ်ဆိုပေမဲ့၊ ဒီနှစ် တတိယ ၃ လပတ် ကာလအတွင်း ဂျပန်စီးပွားရေး တုံ့နှေးခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရသွားပေမယ့် သမ္မတရာထူး စတင်တာဝန်ယူဖို့ ကြားမှာ ရက်သတ္တပတ် ၁၁ ပတ်နီးပါး စောင့်ရမှာဖြစ်ပြီး အစိုးရသစ်တရပ်ဖွဲ့စည်းဖို့ အချိန် ၇၆ ရက် ရပါတယ်။ အကူးအပြောင်းကာလ ပြင်ဆင်လုပ်ဆောင်မှုတွေအကြောင်း VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
နိုဝင်ဘာ ၂၁၊ ၂၀၂၄ ။ ရေကြီးအပြီး စိတ်ထိခိုက်မှု ပြင်းပြင်းထန်ထန် မခံစားရအောင် ဘယ်လိုကူညီ လုပ်ဆောင်ပေးသင့်ပါလဲ။
ကချင်-တရုတ် နယ်စပ်ဒေသက ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေပြော၊ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ တစ်ယောက်သေဆုံးခဲ့ပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာရ၊ စသည်
အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က သူ့ကို အချိန်တော်အကြာကတည်းက ထောက်ခံခဲ့သူ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Matt Gaetz ကို အမေရိကန် ပြည်ထောင်စုရဲ့ အမြင့်ဆုံးတရားစီရေး ရှေ့နေချုပ် ရာထူးနေရာအတွက် လျာထားလိုက်ပါတယ်။
ရွေးကောက်ခံ သမ္မတ Donald Trump က သူ့အစိုးရသစ် တက်လာတဲ့အခါ လူဝင်မှုကြီးကြပ်ရေးကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ့်အကြောင်း ပြောဆိုထားပါတယ်။
အီဂျစ်နိုင်ငံက လမ်းဘေးခွေးတစ်ကောင် ပိရမစ်ကြီးတခုပေါ်တက်သွားတဲ့ ဗီဒီယို ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားပြီးနောက် ကမ္ဘာလှည့်ခရီးသွားတွေ ပိုစိတ်ဝင်စားလာ၊ ခွေးတွေကို ပိုကျွေးမွေးချင်လာကြတဲ့အတွက် ဒီဒေသပိုစည်ကားလာသလို၊ ဒေသခံတွေလည်း စီးပွားရေး ပိုဖြစ်လာတဲ့ကြောင်း AFP သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ရေကြီးတာမျိုး သဘာဝဘေးဒဏ်တွေကြုံရအပြီး၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုရေး ကူညီလုပ်ပေးသင့်တာတွေကို စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။ ဒီအကြောင်း ဩစတျေးလျနိုင်ငံ၊ Queensland ပြည်နယ် ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေးကို ကိုဝင်းမင်းက မေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။