သမ္မတဟောင်း Donald Trump ဟာ ၉ နှစ်ကျော်အတွင်း အမေရိကန်နိုင်ငံရေးမှာ အစဉ်အလာရှိပြီး အရှိန်ဩဇာရှိတဲ့ တခြားနိုင်ငံရေးသမားကြီးတွေထက် လူထုထောက်ခံမှုရအောင် တည်ဆောက်ခဲ့သူပါ။ အမေရိကန်သမ္မတအဖြစ် ပြန်လည်အုပ်ချုပ်ခွင့်ရဖို့ ကြိုးစားနေတဲ့ သူ့အကြောင်း Tina Trinh ရဲ့ သတင်းကို ကိုသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၅ ရက်မှာ အမေရိကန်နိုင်ငံသားတွေဟာ သမ္မတရွေးချယ်ဖို့ မဲရုံတွေဆီသွားပြီး မဲပေးကြမှာပါ။ ဒါပေမဲ့ ပြည်သူ့မဲအရေအတွက်က သမ္မတရုံးကို ဘယ်သူရမလဲဆိုတာ ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကိုယ်စားလှယ်အဖွဲ့ရဲ့ မဲကပဲ အဆုံးအဖြတ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒီအကြောင်း မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးဖြစ်တဲ့အတွက် သမ္မတအပြောင်းအလဲနဲ့ မူဝါအပြောင်းအလဲဟာ ကမ္ဘာကြီးပေါ်မှာ အကျိုးသက်ရောက်မှု ကြီးမားစေပါတယ်။ မနက်ဖြန်ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ မြန်မာ့အရေးအပေါ်မှာရော အကျိုးသက်ရောက်မှု ရှိနိုင်သလားဆိုတာ ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
ဒီအပတ် ဂျာမနီကနေ စပိန်ကို အလည်ရောက်နေတဲ့ နော်သဇင်က စပိန်နိုင်ငံ မာဘဲယာ မြို့လေးမှာ ကမ်းခြေကို အလည်သွားခဲ့သလို စပိန်ရိုးရာအစားအစာကို အဲဒီက ညီမလေးတယောက်နဲ့ အတူစားရင်း မာဘဲယာမြို့ကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။
Wonder of Nature ကမ္ဘာ့အံ့ဖွယ်သဘာဝတရားကြီး ၇ ခုထဲက တခုအပါအဝင်ဖြစ်တဲ့ Iguazu ရေတံခွန်ကြီးဟာ အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံကြားက Niagara ရေတံခွန်ကြီးထက်ပိုမြင့်သလို ဇမ်ဘီယားနဲ့ ဇင်ဘာဘွေနှစ်နိုင်ငံကြားက Victoria ရေတံခွန်ထက်လည်း ၃ ဆလောက် ပိုကျယ်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ယူကရိန်းစစ်ပွဲမှာအောင်ပွဲရသည်အထိရုရှားဘက်ကရပ်တည်သွားမယ်လို့ပြောဆိုပါတယ်။ ကာကွယ်ရေးအပါအဝင်အီရန်နဲ့ ရုရှားဘက်ပေါင်းစုံမဟာမိတ်ပြုလိုက်ပါတယ်။ အင်ဒိုနီးရှားသမ္မတအသစ် Prabowo Subianto ဟာတရုတ်နဲ့အမေရီးကားကိုသွားရောက်ဖို့ရှိနေပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
စစ်ကောင်စီကို အပြင်းအထန် တွန်းလှန်နေတဲ့ ကရင်နီပြည်နယ်မှာ ဖက်ဒရယ် FM အခြေစိုက် ထုတ်လွှင့်နေတာကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ မအင်ကြင်းနိုင် က ကိုတင့်ကို တွေ့ဆုံမေးမြန်းထားပါတယ်။
အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒအပါအဝင် တခြားသဘောတူညီချက်တွေကြောင့် ဖြစ်နေရတဲ့ အခြေအနေ အကျိုးဆက်တွေနဲ့ အာဆီယံရဲ့ ရပ်တည်မှုကို ထုတ်ဖေါ်ထင်ဟပ်ပြသထားတဲ့ အကြောင်းအရာကို အဓိကထား ရေးဆွဲထားကြတဲ့ ကာတွန်းနဲ့ ရုပ်ပြပြိုင်ပွဲနဲ့ ပြပွဲကို ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
သတင်းလွတ်လပ်ခွင့် ကို စစ်ကောင်စီက နည်းပေါင်းစုံနဲ့ အပြင်းအထန်ဖိနှိပ်ထားတာကြောင့် ပြည်သူတွေအတွက် သတင်းမှန် ရရှိရေးမှာ FM ရေဒီယိုထုတ်လွှင့်မှုဟာ အရေးပါထိရောက်ကြောင်း Federal FM တည်ထောင်သူ ကိုတင့်ကပြောပါတယ်။ ကရင်နီပြည်နယ်က Federal FM အခြေစိုက်နေရာကို မအင်ကြင်းနိုင်ကိုယ်တိုင်သွားရောက်မေးမြန်းထားပါတယ်။
မကြေးမုံက အမေရိကန် နေ့စဉ်ပြောအင်္ဂလိပ်စာမှာ အသုံးများတဲ့ စကားစုတွေ ဝါကျအတိုလေးတွေကို ပြောပြထားပါတယ်။ တယောက်နဲ့တယောက် နှုတ်ဆက်တဲ့အခါ ပြောတာတွေ၊ အချင်းချင်းကြား အသုံးများတဲ့ စကားတွေကို ဥပမာတွေနဲ့ ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။ အမေရိကန်အင်္ဂလိပ်စကားကို အမေရိကန်သံနဲ့ မကြေးမုံပြောပြထားတာ လေ့လာကြည့်ပါ။
ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့်မရှိ၊ သတင်းဌာနတွေ၊ သတင်းထောက်တွေ လုံခြုံမှု မရှိ၊ ဖမ်းဆီးသတ်ဖြတ်ခံရ၊ နှစ်ရှည် အကျဉ်းချခံရတာတွေ အကြောင်းပြောကြမယ်ဆိုရင် မြန်မာက ထိပ်နားကပါတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီမရှိမဖြစ်သတင်းလွတ်လပ်ခွင့်အခြေအနေနဲ့ ပတ်သက်ပြီး နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲအတွက် ၂ ဘက် အကြိတ်အနယ်ပြိုင်ဆိုင် မဲဆွယ်နေကြပြီး အမေရိကန်လူငယ် Gen Z မျိုးဆက်တွေရဲ့ မဲတွေကလည်း ရွေးကောက်ပွဲရလဒ်ကို သက်ရောက်နိုင်တဲ့ အနေအထားရှိပါတယ်။ GenZ တွေရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သဘောထားတချို့ကို GenZ အစီအစဉ်မှာ မခင်လေး တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။