လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ ကျင်းပမယ့် ရွေးကာက်ပွဲမှာ သမ္မတနဲ့ ဒုသမ္မတွေကိုတင် မဟုတ်ဘဲ လွှတ်တော်အမတ်တွေကိုလည်း အမေရိကန်ပြည်သူတွေ ရွေးကောက်တင်မြှောက်ကြမှာပါ။ လွှတ်တော်တွေကို ထိန်းချုပ်နိုင်တဲ့ ပါတီက သမ္မတသစ်ရဲ့ ဥပဒေပြုရေး အစီအစဉ်တွေကို အကောင်အထည်ဖော်ရေး အောင်မြင်ဖို့အတွက် အဓိကကျပါလိမ့်မယ်။
ကချင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို တရုတ်နိုင်ငံက ပိတ်လိုက်တဲ့အတွက် မြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ ရပ်နားသွားပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ်မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ဒီအကြောင်းအရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီလပိုင်းတွေအတွင်း ရေကြီး၊ ရေလျှံမှုတွေကြောင့် လူတွေရာနဲ့ချီသေဆုံးကာ၊ နေအိမ်အဆောက်အဦနဲ့ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက် ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် ဆန်စပါးအထွက်လျော့ကျပြီး စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နိုင်တဲ့အကြောင်းကို ဆောင်းပါးရှင်ပြည်သွေးနိုင် တင်ပြထားပါတယ်။
ဒီအပတ် နော်သဇင်က ဂျာမနီကနေ စပိန်ကို အလည်ရောက်နေပြန်ပါတယ်။ သူက စပိန်နိုင်ငံ မာဘဲယာ မြို့ဟောင်းကို သွားလည်ခဲ့ပါတယ်။ နှစ် ၃၀၀ ကျော် တည်ရှိနှင့်နေပြီးသားဖြစ်တဲ့ ဥရောပရဲ့ ဆောင်းခိုမြို့ကလေး မာဘဲယာမြို့ကို နော်သဇင်နဲ့ တူတူ သွားကြည့်ကြရအောင်ပါ။
အမေရိကန်ပြည်နယ် ၅၀ အနက် ၇ ခုကသာ ၂၀၂၄ သမ္မတရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ရီပါဘလစ်ကန်အခြေစိုက်ရာ အရီဇိုးနားပြည်နယ်မှာ ၂၀၂၀ က ဘိုင်ဒန်အနိုင်ရခဲ့ပြီး ယခုနှစ်လည်း အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ပြည်နယ်ဖြစ်နေပါတယ်။ VOA မှ မအေးသန္တာကျော် တင်ပြထားပါတယ်။
ရေခဲလွှာရေခဲမြစ်တွေရှိရာ Patagonia ဒေသနဲ့ တောင်ဝင်ရိုးစွန်းကြားမှာရှိတဲ့ Ushuaia မြို့ကလေး ကြမ်းတမ်းလှတဲ့ရာသီဥတုဟာ ကမ္ဘာ့ပူနွေးမှုဂယက်ကြောင့်ပိုလို့တောင်ခန့်မှန်းရခက်ပြီး ဂေဟဗေဒစနစ်တွေလည်း ထိခိုက်လာနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်အတွက် နန်းလောင်ဝ်က သွားရောက်ရိုက်ကူးတင်ဆက်ထားပါတယ်။
စစ်အာဏာရှင် အဆက်ဆက် ချင်းပြည်နယ်မှာ ပိတ်ပင်ထားတဲ့ ချင်းနှစ်သစ်ကူးနေ့ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု မေရိလန်းပြည်နယ် မှာ ပြီးခဲ့တဲ့ စနေနေညပိုင်း က ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း ကိုယ်တိုင်သွားရောက် ရိုက်ကူးခဲ့တဲ့ ဗွီအိုအေအဖွဲ့သား ကိုခင်မောင်စိုးမင်း က အခုလို သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီကို တွန်းလှန်ဖို့ တူမီးသေနတ်ကနေ စခဲ့တဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဟာ အခု သုံးနှစ်တာကာလအတွင်း ကရင်နီပြည်နယ်မှာ လက်နက်ခဲယမ်းနဲ့ တပ်အင်အားအများဆုံး ဖြစ်လာခဲ့တယ်လို့ KNDF စစ်ရေးချုပ် ခူးရီဒူးက ဗွီအိုအေကို ပြောပါတယ်။
စစ်ကောင်စီကို တွန်းလှန်ဖို့ တူမီးသေနတ်ကနေ စခဲ့တဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဟာ အခုဆိုရင်ကရင်နီပြည်နယ်မှာ လက်နက်ခဲယမ်းနဲ့ တပ်အင်အားအများဆုံးဖြစ်လာခဲ့တယ်လို့ ပြောပါတယ်။အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာဘ၀ကနေ စစ်ရေးချုပ်တာ၀န်ထမ်းဆောင်နေတဲ့ ခူးရီဒူးကို မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
မကြေးမုံက give တိုက်ရိုက်ဘာသာပြန်ရင် ပေးသည်လို့ အဓိပ္ပာယ်ရတဲ့ ကြိယာမှာ proposition ဝိဘတ်အမျိုးမျိုးနဲ့ ဘယ်လို သုံးနှုန်းလို့ရလည်းဆိုတာ ဥပမာတွေနဲ့ ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
မြန်မာနိုင်ငံနဲ့ မိုင်ထောင်ချီ၀ေးကွာတဲ့ ဥရောပတိုက် မြောက်ဘက်စွန်းက နော်၀ေနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ရင် ဒီတခေါက် အာဏာသိမ်းတော့မှ မဟုတ်ဘဲ ဟိုအရင် စစ်အာဏာရှင်လက်အောက်ကတည်းက ထောက်ပံ့ကူညီခဲ့တာပါ။ နော်ဝေရဲ့ မြန်မာ့အရေး အားပေးကူညီမှုကို နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
ကမ္ဘာမှာ အရှိန်အဝါ ကြီးမားတဲ့ အောက်စဖို့တက္ကသိုလ်ဆိုတဲ့ နာမည်ကြားလိုက်တာလို့ လန့်မသွားဘဲ ယုံကြည်မှုအပြည့်နဲ့ ပညာသင်ဆု ကြိုးစားလျှောက်ထားသင့်တယ်လို့ လက်ရှိ အောက်စဖို့တက္ကသိုလ်မှာ ပညာတော်သင်ဆုအပြည့်နဲ့ MBA မဟာဘွဲ့ တက်နေတဲ့ မကြည်သာဆွေက ပြောပါတယ်။ မခင်လေး GenZ ပရိသတ်အတွက် ဆက်သွယ်စကားပြောထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။