ပဲရစ်အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဝင်ခဲ့တဲ့ အမေရိကန်အားကစားသမားတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ ဂုဏ်ပြုခဲ့ပါတယ်။ ၂၀၂၅ ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံများဖလားဘောလုံးဖိုင်နယ် ကစားမယ့်ကွင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
မြန်မာ့ပြည်တွင်းစစ်မှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အောင်မြင်မှုတွေရလာတာနဲ့အမျှ တဖက်မှာလည်း တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တစ်ချို့ကို ဖိအားပေးမှုတွေ ရှိနေပါတယ်။
လည်ချောင်းကင်ဆာရောဂါကနေ အသက်ရှင်သန်ရာရဖို့ လိုအပ်ရင် တခုထဲနည်းလမ်းက အသံကြိုးတွေကို ဖယ်ထုတ်ရပါတယ်။ ဒါပေမဲ့ Croatia နိုင်ငံက လည်ချောင်းကင်ဆာ ခွဲစိတ်ထားတဲ့ အမျိုးသားတစုကတော့ သူတို့ကိုယ်ပိုင်ဂီတပုံစံနဲ့ သီဆိုဖျော်ဖြေနေကြတာပါ။ AP သတင်းတပုဒ်ကို မမြသဇင်အောင်ပြောပြပေးပါမယ်။
Yagi မုန်တိုင်းဒဏ်ကို ဗီယက်နမ်နိုင်ငံရော ၊ မြန်မာနိုင်ငံရော ပြင်းပြင်းထန်ထန်ခံကြရပြီး ပျက်စီးဆုံးရှုံးတဲ့အထဲမှာ စိုက်ပျိုးခင်းတွေအများအပြားပါဝင်ပါတယ်။ ဒါပေမယ် မုန်တိုင်းတိုက်ခတ်မှုကို တိုက်ရိုက်ခံရတဲ့ ဗီယက်နမ်နိုင်ငံထက် အဖျားခတ်ခံရတဲ့ မြန်မာနိုင်ငံက စိုက်ပျိုးခင်းတွေ ပိုပြီးတော့ ပျက်စီးကုန်ပါတယ်။
အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ Donald Trump နဲ့ Kamala Harris တို့ကြား လဝက နဲ့ပတ်သက်လို့ ချဥ်းကပ်ပုံမတူကြသလို သမ္မတဖြစ်လာသူအပေါ် မူတည်ပြီး ပုံစံမတူတဲ့တင်းကျပ်မှုတွေကြုံလာရနိုင်ကြောင်း အမေရိကားမှာ အခြေချလိုသူမြန်မာတွေအတွက် ဥပဒေ ထောက်ကူအဖွဲ့ USIRD ကို ဦးဆောင်တည်ထောင်သူ ကိုရဲရင့်မြင့်မိုရ်ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီတနှစ်တည်းမှာကို အသက် ၁၈ နှစ်ပြည့်လို့ မဲပေးနိုင်သူ အရေအတွက် ၈ သန်းလောက်ရှိတာပါ။ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ အသက် ၂၇ အောက် GenZ ခန့်မှန်းခြေ စုစုပေါင်း ၄၁ သန်းလောက် မဲပေးနိုင်ကြမှာဖြစ်ပြီး ဒီမျိုးဆက်ကလည်း ရွေးကောက်ပွဲရလဒ်ကို အတိုင်းအတာတခုထိ ပြောင်းလဲပေးနိုင်တာ ဖြစ်ပါတယ်။
အစ္စရေး ခေါင်းဆောင်ပိုင်းက လက်ဘနွန်စစ်ပွဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အပေါ် ဒေသတွင်း နိုင်ငံတွေကတော့ စိုးရိမ်နေကြပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က အပစ်ရပ်ဖို့ တောင်းဆိုထားပေမဲ့လည်း ဒါကို ဘယ်သူက နားထောင်မလဲ ဆိုတာ Anita Powell သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Pinellas ခရိုင်က ထုတ်ပြန်ထားတဲ့ လျှပ်စစ်ကားတစီး မီးလောင်ကျွမ်းနေတဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။ ဟာရီကိန်းမုန်တိုင်း Helene ကြောင့် ပြည်နယ်ထဲ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေချိန် ဆားငန်ရေနဲ့ထိတွေ့တဲ့အခါ လျှပ်စစ်ကားတွေအခုလိုမီးစွဲလောင်နိုင်ကြောင်း သတိပေးထုတ်ပြန်လိုက်တာပါ။
မြောက်ကိုရီးယားကနေ ထွက်ပြေးခိုလှုံသူတွေကို တရုတ်နယ်စပ်မှာ တိုးတက်တဲ့ နည်းပညာတွေနဲ့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတာမို့ ထွက်ပြေးခိုလှုံသူတွေဟာ တခြားနိုင်ငံတွေဆီ ခိုလှုံဖို့ အခက်တွေ့နေကြရပါတယ်။ ဒီလို ထွက်ပြေးဝင်ရောက်လာသူတွေကို တရုတ်ရဲတွေက ဖမ်းဆီးမိခဲ့မယ်ဆိုရင် သူတို့နေရပ်ပြန်ပို့တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ အကြိတ်အနယ် လုပ်ဆောင်နေကြပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ နောက်ဆုံး အနိုင်အရှုံးဆုံးဖြတ်ပေးတာက Electoral College ဖြစ်ပါတယ်။ Electoral College ရွေးကောက်ပွဲအဖွဲ့အကြောင်း VOA ပုံပြရုပ်သံကို ကိုဝင်းခန့်မောင် တင်ဆက်ပေးထားပါတယ်။
တရုတ်ကတိုက်ခြင်းပစ်ဒုန်း တစင်းကိုပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။ ဂျပန်စစ်သင်္ဘောတစင်းဟာနှစ်ပေါင်း၇၀ကျော်အတွင်းပထမဆုံးအကြိမ်တရုတ်ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းမောင်းနှင်ခဲ့ပါတယ်။အစ္စရေးနဲ့ဟစ်ဇဘိုလာအကြားပဋိပက္ခပြင်းထန်လာနေပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အုပ်ချုပ်သူတွေက ဘိန်းစိုက်ပျိုးတာကို တားမြစ်လိုက်တဲ့အတွက် အရင်က ဘိန်းစိုက်တောင်သူတွေဟာ အခုအခါမှာ ခက်ခက်ခဲခဲရုန်းကန်ကြရပါတယ်။ ဒီအကြောင်း AFP သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။