အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ ရက်တွေ တစတစနီးကပ်လာတဲ့အချိန်မှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris တို့ ဟာ မဲရရှိဖို့ အဓိကကျတဲ့ ပြည်နယ်တွေမှာ စီးပွားရေး ပြန်အရှိန်ကောင်းလာအောင် ဆောင်ရွက်မဲ့ သူတို့ရဲ့အစီအစဥ်တွေကို လိုက်လံရှင်းလင်းပြသပြီး စည်းရုံးနေပါတယ်။
သမ္မတသက်တမ်းနောက်ဆုံး ကုလမိန့်ခွန်းကို ဒီတပတ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန် သမ္မတဂျိုးဘိုင်ဒန် ပြောကြားမှာဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သမ္မတဘိုင်ဒန် သီးခြားတွေ့ဆုံမှုလုပ်နေတဲ့ချိန် အရှေ့အလယ်ပိုင်းအရေးဟာလည်း သူ့အာရုံထဲမှာ လွှမ်းမိုးနေမှာပါ။ Anita Powell ရဲသတင်းကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာ သမ္မတလောင်းတွေ တဘက်နဲ့ တဘက် အပြင်းအထန် ပုတ်ခတ် မပြောကြားကြဖို့ အဓိကပါတီကြီး ၂ ရပ်က လွတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။
ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အတိုင်း အောင်မြင်ရမယ်ဆိုတဲ့ စိတ်ထားနဲ့ ကြိုးစားမှု အရေးကြီးတဲ့အကြောင်း Pool ကစားနည်း ချန်ပီယံလည်းဖြစ် လိဒ်ဂီတာသမားလည်းဖြစ်တဲ့ Oliver နဲ့ မစုမြတ်မွန် ဆွေးနွေးပြီး လူမှုရှုခင်း အစီအစဉ်မှာတင်ပြထားပါတယ်။
ပါကစ္စတန်မှာ လူသိများတဲ့ သတင်းထောက် Nadia Mirza ဟာ အွန်လိုင်းပေါ်ကနေအမြဲတမ်း သူမရဲ့ သတင်းတင်ဆက်မှုတွေနဲ့ ပတ်သက်လို့ လှောင်ပြောင်တိုက်ခိုက်ခြိမ်းခြောက်မှုတွေ ခံနေရပါတယ်။ ဒီလိုအမျိုးသမီးသတင်းသမားတွေကို ထိုးနှက်တိုက်ခိုက်မှုတွေဟာ ခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တချို့ မြန်မာပြည်သားတွေဟာ ထိုင်းဥပဒေ၊ ထိုင်းယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ နေထိုင်လုပ်ကိုင်မှုတွေရှိလာတာကြောင့် ဒေသခံထိုင်းတွေက အမြင်မကြည်လင်တာတွေ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်လာမလားဆိုပြီး မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေ စိုးရိမ်မှုတွေရှိလာပါတယ်။ မညိုညိုလွင် သတင်းပေးပို့ထားပါတယ်။
သဘာဝဘေးဒဏ်ကို နှစ်စဉ်ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် သူတို့ခိုလှုံနေထိုင်ရာ အဆောက်အဦတွေကို ခိုင်မာအောင် ဆောက်လုပ်ပေးဖို့နဲ့ သဘာဝဘေးဒဏ်ကြိုတင် ကာကွယ်နိုင်ရေး ဘင်္ဂလားအာဏာပိုင်တွေဘက်က ဒီ့ထက်ပိုပြီး စနစ်တကျဆောင်ရွက်ပေးဖို့လည်း ဒုက္ခသည်တွေ တောင်းဆိုကြပါတယ်။
ရာဂီမုန်တိုင်းကြောင့် ရေဘေးဒုက္ခကြုံချိန်ဟာ စစ်ကောင်စီနဲ့ ခုခံတော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်ဖြစ်တဲ့အတွက် ပျက်စီး၊ ဆုံးရှုံးမှုတွေ ပိုများရသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း အကန့်အသတ်တွေရှိနေပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာ မြင်ကွင်းကဏ္ဍမှာ ပြည်သွေးနိုင် ဆွေးနွေးတင်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူမှုစီးပွား အခြေအနေကို ISP-Myanmar ရဲ့ Research Network အစီအစဉ်ကနေ သုတေသနပြု စစ်တမ်းကောက်ယူ လေ့ လာခဲ့ပါတယ်။ ဒီတပတ် အပိုင်း-၃ အနေနဲ့ အခြေခံစားသောက်ကုန်ဝယ်ယူရေး အခက်အခဲတွေအကြောင်းကို တင်ပြပါမယ်။
ဒီအပတ် နော်သဇင်နဲ့အတူ ကမ္ဘာအကြီးဆုံး ရွှေဖရုံသီးပွဲတော်ကို သွားရပါမယ်။ ဒီပွဲလေးရဲ့ ဒီနှစ်ခေါင်းစဉ်ကတော့ Dream Trail အိပ်မက်လမ်းကြောင်းဖြစ်ပြီး ဂျာမနီနဲ့ ဥရောပသမိုင်းမှာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေကို တိုက်ယူခဲ့တဲ့ လူတွေ၊ သမိုင်းကြောင်းတွေကို ရွှေဖရုံသီးအနုပညာနဲ့ တင်ဆက်ပြထားတာပါ။
ဩစတြေးလျနိုင်ငံက ကုမ္ပဏီတခုမှာ ဝန်ထမ်းတွေ ကိုယ့်အဖော်ခွေးကို ရုံးခေါ်လာနိုင်ပါပြီ။ ဝန်ထမ်းတွေရဲ့ ခွေးတွေ ရှိတာ ရုံးအတွက် ကောင်းတယ်လို့လည်း ပြောကြပါတယ်။ AP သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြမှာပါ။
ကရင်နီပြည်မှာ စစ်ကောင်စီအုပ်စိုးလို့ မရနိုင်တဲ့ ဒေသတွေ ပိုမိုများပြားလာနေပြီး စစ်ကောင်စီတပ်တွေလည်း အားနည်းနေတဲ့အတွက် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောနေတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ IEC ကရင်ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဒု ဥက္ကဌ ခွန်ဘီထူးက ဗွီအိုအေကိုပြောပါတယ်
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။