အာဏာရှင်ကိုဆန့်ကျင်ဖို့တောတွင်းလက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ခဲ့တဲ့ အထဲမှာ အမျိုးသမီး အများအပြား ပါဝင်ပါတယ်။ ခက်ခဲလှတဲ့တောတွင်းနေထိုင်မှုမှာ အမျိုးသမီးတွေ အတွက် လိုအပ်တဲ့ တကိုယ်ရည် ကျန်းမာရေးနဲ့ ပက်သက်လို့ 33 society က ယုံကြည်ရာ ဆက်လျှောက်ဆိုတဲ့ အစီအစဥ်က အကူအညီ ပေးနေပါတယ်။
လူတွေရဲ့ လက်နဲ့ အချက်ပြတာကို နားလည်၊ တုန့်ပြန်တတ်တဲ့၊ လူတွေကို သိပ်စိတ်ဝင်စားတဲ့ နာမည်ကျော် ထောက်လှမ်းရေးဝေလငါးလေးရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ် ရေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ပေါလောမျောနေတာကို နော်ဝေရေပြင်မှာ ဩဂုတ်လ ၃၁ ရက်နေ့က တွေ့ရှိခဲ့ရပါတယ်။
၂၀၂၄ ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို ပဲရစ်မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်လိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်စ်မူလာဟာ အသင်းအတွက် စံချိန်သစ်တခုကို တင်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ဂါဇာဒေသတောင်ပိုင်းက ဥမင်လိုဏ်ခေါင်းတခုထဲမှာ အစ္စရေးဓားစာခံ ၆ ယောက် အသတ်ခံထားရတဲ့အလောင်းကို ရှာတွေ့ပြီးတဲ့နောက် အစ္စရေးအစိုးရဖက်က တုန်လှုပ်သွားပြီး ဒေါသတကြီးနဲ့ တုံ့ပြန်ပါတယ်။ ဟာမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မြန်မြန်မလုပ်နိုင်တဲ့ အစ္စရေးအစိုးရကို တချို့က အပြစ်တင်နေပါတယ်။
တရုတ်ရဲ့ အခုလို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်မှုက မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်ပါ့မလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
ဆွဇ်ဇာလန်နိုင်ငံ Gstaad (ဂတ်ရှ်စတတ်) မြို့ထဲလမ်းတွေမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က နွားတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ နှစ်စဉ်ကျင်းပတဲ့ဂတ်ရှ်စတတ် နွားအလှပြ ပွဲတော်ကြောင့်ပါ။ ဒေသခံလယ်သမားတွေက သူတို့ရဲ့ ရောင်စုံနွားအမျိုးမျိုးကို ခေါ်ဆောင်လာတာဖြစ်ပြီး ကမ္ဘာတလွှားက ဧည့်သည်တွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
ရွေးကာက်ပွဲ မှန်ကန်ရိုးသားမှုနဲ့ပတ်သက်ပြီး အမေရိကန်အဓိကပါတီကြီး ၂ ရပ်လုံးက စိုးရိမ်နေတယ်လို့ နိုဝင်ဘာရွေးကာက်ပွဲမတိုင်ထုတ်ဖော်ပြောဆိုထားပါတယ်။ မဲဆန္ဒရှင်တွေမှတ်ပုံတင်တာ၊ မဲပေးတာ၊ မဲရေတွက်တာနဲ့ တခြားကိစ္စတွေ ပေါ်လာရင် လုံလုံလောက်လောက် ဖြေရှင်းပေးတာမျိုး မရှိမှာလို့ စိုးရိမ်ချက်တွေ ပါဝင်ပါတယ်။
Nissan ကားကုမ္ပဏီဟာ ကားအတွင်းပိုင်းအပူချိန်ကို လျှော့ချဖို့နဲ့ စွမ်းအင်အသုံးပြုမှု လျှော့ချဖို့ အအေးခံ ကားသုတ်ဆေး နည်းပညာကို စမ်းသပ်နေပါတယ်။ ဒီကားသုတ်ဆေး စမ်းသပ်မှုအရ အပြင်အပူချိန်အပြင် ကားအတွင်းပိုင်းကိုလည်း ၅ ဒီဂရီဆဲလ်စီရပ် လျှော့ချပေးနိုင်တယ်လို့ ဂျပန်ကားထုတ်လုပ်သူတွေက ဆိုပါတယ်။
ဆီထွက်သီးနှံအပါအဝင် စိုက်ပျိုးထုတ်ကုန်တွေကို ၂ ဆတိုး ထုတ်လုပ်ကြဖို့ သီးထပ်စိုက်ပျိုးရေးကို လမ်းညွှန်ချက်အနေနဲ့ စစ်ကောင်စီခေါင်းဆောင်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာလက်တွေ့အခြေအနေနဲ့ ကိုက်ညီပါရဲ့လားဆိုတာ မြေကြီးသြဇာအစီအစဥ်မှာ ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။
သမ္မတ Obama လက်ထက် ပြဌာန်းခဲ့တဲ့ Obamacare ခေါ် တန်ဖိုးနည်းကျန်းမာရေး အာမခံစနစ်ကြောင့် အမေရိကန်ပြည်သူသန်းပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်မှု ရနေကြပေမယ့် နောင်တက်လာမယ့် သမ္မတသစ်လက်ထက်မှာ ဒီအစီအစဉ် ဘာဖြစ်မယ်ဆိုတာ အသေအချာ မသိနိုင်သေးပါဘူး။ မဲဆန္ဒရှင်တွေကတော့ ဒီကိစ္စကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။
တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်လိုက်ပြီး နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်သွားပါတယ်။ တရားမဝင်ကုန်သွယ်မှုလည်း မြင့်တက်လာပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ်မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လောင်စာဆီ အခက်တွေ့နေတဲ့ အခြေအနေကို ဖြေရှင်းရေး ဗဟိုဘဏ်ရဲ့ ကြားဝင် ဆောင်ရွက်မှုက ရေတိုပြဿနာဖြေရှင်းမှုသာ ဖြစ်တယ်လို့လည်း စီးပွားရေး အကဲခတ်တွေနဲ့ သုံးစွဲသူတွေက ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လောင်စာဆီ ဈေးကွက်အခြေအနေကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။