လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ပြင်းထန်လာနေတဲ့ ကရင်ပြည်နယ်မှာ ကလေးငယ်တွေ အခြေခံပညာ ရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေရပြီး ဒီလိုကြိုးပမ်းရာမှာ အမျိုးသမီးတွေ အများအပြား အဓိက ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ ကရင်ပညာရေးနဲ့ ယဥ်ကျေးမှုဌာနရဲ့ အခြေခံပညာရေးဗျူရို အကြီးအကဲ နော်နယူးတန်ပယ်ထွန်း က ပြောပြပါတယ်။
ပါကစ္စတန် နိုင်ငံတဝန်းမှာ ကုန်ကျစရိတ် သက်သာတဲ့ ပြန်ပြည့်မြဲ စွမ်းအင်ကို ပိုပြီး ပြောင်းလဲ သုံးစွဲလာနေပါတယ်။ ဒါဟာ နိုင်ငံရဲ့ မဟာဓာတ်အားလိုင်း စနစ် အတွက်တော့ အကျပ်အတည်း တခု ဖြစ်လာစေနိုင်ကြောင်း ဗွီအိုအေရဲ့ ပါကစ္စတန် ဗျူရို အကြီးအကဲ Sarah Zaman က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
ဂျပန်အစိုးရနဲ့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးတွဲပိုင်ဆိုင်တဲ့ Tokyo Metro ရထားလိုင်းတွေရဲ့ စတော့ရှယ်ယာ ထက်ဝက်လောက်ကို အများပိုင် အစုရှယ်ရာအဖြစ် ရောင်းချသွားဖို့ စီစဥ်နေတဲ့အကြောင်းနဲ့ Alibaba အွန်လိုင်း ဈေးရောင်းကုမ္ပဏီရဲ့ ဝင်ငွေ ကျဆင်းခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အာဖရိကတိုက် အနောက်ပိုင်း ဆီနီဂေါနိုင်ငံမှာ လူငယ် စိုက်ပျိုးရေးသမားတွေဟာ သူတို့ရဲ့ စိုက်ပျိုးထွက်ကုန် အသီးအနှံတွေကို အင်တာနက် လူမှုကွန်ယက်ကို အသုံးချပြီး အရောင်းမြှင့်တင်နေကြပါတယ်။ ဒီအကြောင်း AFP သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
မြန်မာစားကုန်တချို့ တရားမဝင်ကြောင်း အမေရိကန်သတိပေးတာအပေါ် ဘယ်လို လုပ်ဆောင်သင့်ပါလဲ။ မြန်မာက တင်သွင်းတဲ့ စည်သွပ်ဗူးနဲ့ မုန့်ဟင်းခါးအနှစ်တချို့ဟာ တရားမဝင်လို့ မသုံးစွဲဖို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA)၊ အစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန (FSIS) က သတိပေးလိုက်ပါတယ်။
မိုးမောက်မြို့နယ်ထဲက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ - ၄၃၇ ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ရှမ်းပြည်အထူးဒေသ ၁ မှာနိုင်ငံတကာ အဆင့်မှီ ကျန်းမာရေးစနစ်ကို CDM ကျန်းမာရေး ဝန်ထမ်း ၅၀၀ ဝန်းကျင်နဲ့ စပြီးအကောင်အထည် ဖော်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ချီကာဂိုမြို့တော်မှာ ကျင်းပနေတဲ့ ဒီမိုကရက်ပါတီညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ ဒုသမ္မတ Kamala Harris က ပါတီသမ္မတလောင်းအဖြစ် တရားဝင်လက်ခံမိန့်ခွန်းပြောဆိုဖို့ရှိပြီး၊ အဲဒီ တပြိုင်တည်းမှာပဲ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ဒီအထူးအစီအစဉ်မှာ DNC ဒီမိုကရက်ပါတီညီလာခံ ပါတီသမ္မတလောင်းလက်ခံမိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ချက်နဲ့အတူ၊ သုံးသပ်ချက်အစီအစဉ် ရွေးကောက်ပွဲသတင်းဆောင်းပါးတွေကိုပါ ထုတ်လွှင့်သွားပေးသွားမှာပါ။ ဒီအစီအစဉ်ကို ဗွီအိုအေ မြန်မာပိုင်းရဲ့ လူထုမိတ်ဆွေရုပ်သံချာနယ်နဲ့ ဗွီအိုအေ ဝက်ဆိုဒ်အပြင် ဗွီအိုအေမြန်မာပိုင်း Facebook နဲ့ Youtube လူမှုမီဒီယာတွေမှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
ဩဂုတ် ၂၂၊ ၂၀၂၄ - မြန်မာစားကုန်တချို့ တရားမဝင်ဖြစ်ကြောင်း အမေရိကန် အစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန (FSIS) က သတိပေးတာအပေါ် ဘယ်လို လုပ်ဆောင်သင့်ပါလဲ။
ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ တတိယနေ့ညမှာတော့ ပါတီရဲ့ ဒုသမ္မတလောင်း အဖြစ်အဆိုပြုခံရသူ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tin Waltz က လက်ခံမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ရှီကာဂိုမြို့ကနေ Kane Farabaugh သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြမှာပါ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ အနုပညာရှင်တွေဟာ ဒီကနေ့အထိ ပြည်တွင်းမှာ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ အာဏာရှင်စနစ်ကို နည်းမျိုးစုံနဲ့ တော်လှန်နေကြသူတွေကို သူတို့တတ်နဲ့ပညာနဲ့ တဘက်တလမ်းက ကူညီ ပံ့ပိုးပေးနေကြတာမှာ ရန်ပုံငွေဂီတပွဲတွေကျင်းပတာလည်း ပါဝင်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဩဂုတ်လ ၂၈ ကနေ စက်တင်ဘာ ၈ အထိ ကျင်းပမယ့် မသန်စွမ်းသူများ အိုလံပစ်ပြိုင်ပွဲမှာ အပြေး ၊ အလေးမ၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို စတဲ့အားကစားတွေမှာ ပါဝင်ယှဉ်ပြိုင်မဲ့ ဒုက္ခသည်များ အဖွဲ့က အားကစားသမားတွေဟာ မျှော်လင့်ချက် ဆိုတဲ့ သတင်းစကားကို အဓိကအားဖြင့် ပါးကြမှာပါ။
တက်တူး အနုပညာရှင်တွေနဲ့ တက်ရဲ့တူးဝါသနာပါသူတွေရဲ့ စုဝေးပွဲကို မက္ကဆီကိုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပါတယ်။ ဒီပွဲကို တက်တူးအနုပညာရှင်တွေ၊ တက်တူးစိတ်ဝင်စားသူတွေ အမြောက်အများ တက်ရောက်ခဲ့ကြသလို ပွဲစီစဥ်သူတွေကလည်း တက်တူးထိန်းသိမ်းနည်းတွေကို မျှဝေဟောပြောခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။