ဂျာမနီရဲ့ Volkswagen ကားထုတ်လုပ်ရေး လုပ်ငန်းကြီးက အကြီးအကျယ် လျှော့ချ ဖြတ်တောက်မယ့် အစီအစဉ်ကြောင့် ဝန်ထမ်းတွေ ဆန္ဒပြနေကြပါတယ်။ Volkswagen မှာ ဖြစ်တဲ့ ပြဿနာဟာဆိုရင် ဂျာမနီ စီးပွားရေး အကြပ်အတည်းရဲ့ နောက်ထပ် လက္ခဏာ ဖြစ်ပါတယ်။
အိန္ဒိယပိုင်ကတ်ရှ်မီးယားဒေသမှာ Uber က သူတို့ရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးကို လုပ်ဆောင်လိုက်တာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ စမတ်ဖုန်း application ကို အသုံးပြုပြီး လှေတက္ကဆီစီးတာ၊ အစားအသောက်မှာတာနဲ့တခြားဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
တော်လှန်ရေးကွန်ရက်အစွမ်းထက် I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တဲ့လူငယ်အများအပြားကို လူမျိုးစုတပ်ဖွဲ့တွေက သင်တန်းပေးပြီး၊ မဟာမိတ်ကွန်ရက် တည်ထောင်နိုင်တာကြောင့် စစ်ကောင်စီတပ် အရေးနိမ့်ရပါတယ်။ အပူပိုင်းဇုန်မှာ အညာကွန်ရက်ပေါ်လာဖို့ရှိကြောင်း ဦးအောင်ခင်တင်ပြထားပါတယ်။
စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်တခုရဖို့ ဖန်တီးတဲ့ ရွေးကောက်ပွဲသာဖြစ်ပြီး တတိုင်းပြည်လုံးရဲ့ငြိမ်းချမ်းရေးကို အာမခံနိုင်မယ့်ရွေးကောက်ပွဲမဟုတ်ကြောင်း PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက VOA ကို ပြောပါတယ်။
ရုရှားအနေနဲ့ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရကို ထောက်ခံကူညီပြီး ဆီးရီးယားသူပုန်တွေကို အပြင်းအထန်တိုက်ခိုက်ခဲ့ပေမယ့် အခု သူပုန်တွေအာဏာရလာတဲ့အတွက် အဲဒီမှာ ပြန်လည်ခြေကုပ်ရဖို့ကတော့ အင်မတန်ခက်ခဲသွားပါပြီ။ ဗွီအိုအေ သတင်းထောက် Ricardo Marquina ပေးပို့ထားတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။
အမေရိကန် မေဂျာလိဂ်ဖလားဘောလုံးပွဲမှာတော့ LA Galaxy အသင်း ဗိုလ်စွဲပြီး ၆ ကြိမ်မြောက် ချန်ပီယံဖြစ်သွားပါတယ်။ AFF အာဆီယံ မစ်ဆူဘီရှီဖလားဘောလုံးပွဲတွေကို တနင်္လာနေ့က စတင်လိုက်ပြီး မြန်မာအသင်း ပွဲဦးထွက် အိမ်ကွင်းမှာ ရှုံးသွားခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ဆီးရီးယားအာဏာရှင် Bashar al-Asad ထွက်ပြေးသွားရတဲ့အတွက် လစ်လပ်သွားတဲ့ ဆီးရီးယားပြည်တွင်း အင်အားဟာကွက်ကို ဘယ်လိုဖြည့်ပြီး၊ အရှေ့အလယ်ပိုင်းဒေသတွင်း အင်အားချိန်ခွင်ရှာ ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ဆီးရီးယားအာဏာရှင် Bashar al-Asad ထွက်ပြေးသွားပြီးနောက် လစ်လပ်သွားတဲ့ ဆီးရီးယားပြည်တွင်း အင်အားဟာကွက်ကို ဘယ်လိုဖြည့်ပြီး၊ အရှေ့အလယ်ပိုင်းဒေသတွင်း အင်အားချိန်ခွင်ရှာ ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ဆီးရီးယားနိုင်ငံမှာ ဘာရှား_အယ်လ်_အာဆတ် ရဲ့ အာဏာရှင်အစိုးရ ပြုတ်ကျ ၊ အဆုံးသတ်သွားတာက မြန်မာ့နွေဦးတော်လှန်ရေး ကြိုးပမ်းနေသူတွေကို အားတက်စေခဲ့တယ်လို့ ကိုယ်တိုင်ပါဝင် လှုပ်ရှားနေသူတွေက ရှုမြင်ပါတယ်။
ဆီးရီယားနိုင်ငံမှာ အာဏာရှင်အာဆတ် မိသားစုလိုက်ထွက်ပြေးခဲ့ရတဲ့အဖြစ်အပျက်ကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စုစည်ညီညွတ်ပြီး စဉ်ဆက်မပြတ်ပါဝင်လှုပ်ရှားခြင်းအားဖြင့် အောင်ပွဲရနိုင်တယ်လို့ နွေဦးတော်လှန်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးအထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပေးအပ်တဲ့ လူ့အခွင့်အရေးကာကွယ်သူဆုကို မြန်မာနိုင်ငံက ချင်းလူ့အခွင့်အရေးလှုပ်ရှားသူ ဆလိုင်းမန့်ဒွီလျန်က ရရှိသွားပါတယ်။ စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဆိုးသထက်ဆိုးလာတယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံက စိုက်ပျိုးထွက်ကုန်တွေဟာ ပိုလျှံပြီး ပြည်ပကိုတင်ပို့နိုင်တယ်ဆိုပေမယ့် လက်တွေ့မှာတော့ အမှန်တကယ်ကိန်းဂဏန်းအချက်အလက်တွေနဲ့ ကွဲပြားနေတယ်လို့ စစ်ကောင်စီခေါင်းဆောင် က ဝန်ခံလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။