မြန်မာစားကုန်တချို့ အမေရိကန်ကို တရားမဝင် ဝင်လာတာ သတိပေးချက်ထွက်လာချိန် ဒီစားကုန်မှာ အန္တရာယ်ရှိတဲ့စ္စည်းပါတာ၊ စစ်ဆေးထားမှုတော့ မရှိသေးဘူးလို့ အာဟာရပညာရှင်တွေက ပြောပါတယ်။
ဗီယက်နမ် ဟနွိုင်းမြို့နဲ့ ဟိုချီမင်းမြို့ကြား ဒေါ်လာ ၆၇ ဘီလျံတန် ၊ မြန်နှုန်းမြင့် ရထားလမ်းသစ်တခု ဖေါက်လုပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်းနဲ့ ကမ္ဘာ့လေကြောင်းလိုင်းလုပ်ငန်းမှာ ဦးဆောင်သူဖြစ်လာစေဖို့ Air India ကုမ္ပဏီက ခရီးသည်တင်လေယာဉ်ကြီးတွေ အများအပြား ဝယ်ယူနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ နခခ (၅) စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူးချုပ်တဦးနဲ့တပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA ကလက်ရဖမ်းဆီး၊ ကချင်ပြည်နယ်ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်ချိန် တရုတ်အာဏာပိုင်တွေနဲ့ KIO/KIA ဥက္ကဋ္ဌတို့ တွေ့ဆုံ၊ ရှမ်းစစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီလိုအပ်နေတဲ့အခြေအနေတွေ...စသည်
၁၉၆၁ ခုနှစ်က စခဲ့တဲ့ ကချင်တော်လှန်ရေးမှာ တရုတ်နဲ့ အမြင်မတူတာတွေ အများကြီး ကျော်ဖြတ်လာခဲ့သလို ၂၀၁၁ ခုနှစ် တကျော့ပြန် စစ်မှာ တဖွဲ့တည်း အတိုက်ခံနေရတဲ့ အချိန်ကိုတောင် ကျော်လွှားနိုင်ခဲ့တယ်လို့ ကချင်နိုင်ငံရေးကြားကာလညှိနှိုင်းရေးအဖွဲ့ (KPICT) ရဲ့ အတွင်းရေးမှူး Nsang Gum San က ပြောပါတယ်။
Blackpink အဖွဲ့ထဲက Rose တကိုယ်တော်အခွေနဲ့ တေးဂီတဗွီဒီယို အသစ်ထုတ်လိုက်ပါတယ်။ Lord of the Rings: War of Rohirrim ကာတွန်းကား ရက်ပိုင်းအတွင်း ရုံတင်တော့မှာပါ။ ဒီလိုထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောကက သတင်းတိုတိုထွာထွာတွေကို သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ အစီအရင်ခံစာမှာဖော်ပြပါတယ်။ ဒီနေ့ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲအကြောင်း ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ခဲ့တဲ့ ဆူနာမီမုန်တိုင်း သဘာဝဘေးအန္တရာယ်ထဲ ကိုယ်တိုင် ကြုံတွေ့ခဲ့သူတွေနဲ့ အသက်ရှင်ကျန်သူတွေရဲ့ ဖြစ်ရပ်တွေကို ရုပ်ရှင် ဇာတ်လမ်းတွဲတခုမှာ မှတ်တမ်းတင် ရိုက်ကူးထားပါတယ်။ ဒီအကြောင်း Reuters သတင်းကို အခြေခံပြီး အလိမ္မာ ဆက်ပြောပြပေးထားပါတယ်။
အွန်လိုင်းပေါ်ကနေ ကုန်ပစ္စည်းအစုံရောင်းတဲ့ အမေဇုန်ကုမ္ပဏီက မြေပြင်ကတင်မက ကောင်းကင်ပေါ်ကပါ ပစ္စည်းပို့ဆောင်ဖို့ နည်းလမ်းရှာနေပါတယ်။ ဘရာဇီးလ်မှာတော့ နာမည်ကျော် ဘောလုံးသမားနာမည်နဲ့ ဝက်လေးတကောင် နာမည်ကြီးနေပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ သတင်းတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ဒီဇင်ဘာ ၁၂၊ ၂၀၂၄ - အသင့်စားကုန်မှာ အန္တရာယ်ရှိတဲ့ပစ္စည်းပါတာကို ဘယ်လိုစစ်ဆေးလေ့ရှိပြီး၊ စားသုံးသူတွေကလည်း ဘယ်လို စားသုံးသင့်ပါလဲ။
ဂျာမနီရဲ့ Volkswagen ကားထုတ်လုပ်ရေး လုပ်ငန်းကြီးက အကြီးအကျယ် လျှော့ချ ဖြတ်တောက်မယ့် အစီအစဉ်ကြောင့် ဝန်ထမ်းတွေ ဆန္ဒပြနေကြပါတယ်။ Volkswagen မှာ ဖြစ်တဲ့ ပြဿနာဟာဆိုရင် ဂျာမနီ စီးပွားရေး အကြပ်အတည်းရဲ့ နောက်ထပ် လက္ခဏာ ဖြစ်ပါတယ်။
အိန္ဒိယပိုင်ကတ်ရှ်မီးယားဒေသမှာ Uber က သူတို့ရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးကို လုပ်ဆောင်လိုက်တာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ စမတ်ဖုန်း application ကို အသုံးပြုပြီး လှေတက္ကဆီစီးတာ၊ အစားအသောက်မှာတာနဲ့တခြားဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။