တရုတ်နဲ့ဗီယက်နမ် နှစ်နိုင်ငံကြားမှာ တင်းမာမှုတချို့ ရှိနေပေမယ့် နယ်စပ်ဖြတ်ကျော်ပြေးဆွဲတဲ့ ရထားလမ်းကို တိုးချဲ့ဖို့ သဘောတူလိုက်တဲ့အကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်းတွေ အဆမတန် တိုးလာတာကြောင့် အစိုးရက နှိမ်နင်းနေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ဒီနှစ် မိုးကြီးရေကြီးမှု ပိုပြင်းထန်လာတာကြောင့် အရေပြားရောဂါ၊ တခြား ကူးစက်ရောဂါနဲ့ မကူးစက်ရောဂါတွေ ပိုဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ဒီအကြောင်း မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။
ကချင်ပြည်၊ ပန်ဝါရဲ့ မြို့စောင့်တပ်ရင်း ဖြစ်တဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA က အပြီးသတ် သိမ်းပိုက်၊ CDF-Thantlang စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲလ် ထန်တလန်မြို့သိမ်း တိုက်ပွဲမှာ ကျဆုံး၊ စတဲ့တိုင်းရင်းသားဒေသတွေက သတင်းများ
စစ်ကောင်စီအနေနဲ့ နိမ့်ကျနေတဲ့ မြန်မာ့စီးပွားရေးကို မြင့်တက်လာအောင် လုပ်ဆောင်နိုင်ခဲ့သလို ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ် ဒေါဆီးအီအလယ်တန်းကျောင်းကို ဒီနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူကျောင်းသား ၄ ဦးသေဆုံးခဲ့ပြီး ၅၀ နီးပါး အပြင်းအထန် ဒဏ်ရာရခဲ့ကြပါတယ်။ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ မအင်ကြင်းနိုင်က ကျောင်းအုပ်ဆရာမကြီးကို မေးမြန်းတင်ပြထားပါတယ်။
ရှေ့လကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ နာမည်ကျော် Pop အဆိုတော် Taylor Swift လို အနုပညာရှင်တွေက သူတို့ ဘယ်သူ့ကို ထောက်ခံတယ်ဆိုတာကို ပြောဆိုကြေညာနေပါတယ်။ သူတို့ရဲ့ ထောက်ခံမှုတွေက တကယ်ပဲ ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှု ရှိပါသလား။
အောက်တိုဘာ ၁၇၊ ၂၀၂၄ - ရေပိုကြီးလာချိန် ဘာကြောင့် အရေပြားနဲ့ တခြားရောဂါတွေဖြစ်ဖို့ အန္တရာယ် ပိုများလာတာပါလဲ။ ဘယ်လိုရောဂါတွေ ဖြစ်လာနိုင်ပါလဲ။
မြန်မာနှင့်တရုတ် လွှမ်းမိုးမှုသမိုင်း I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - တရုတ်မြန်မာနယ်စပ်ဒေသကို လွှမ်းမိုးနိုင်ဖို့ မြန်မာနဲ့ တရုတ်တို့ ကြိုးပမ်းလာတာ ရာစုနှစ်နဲ့ ချီနေပါပြီ။ အခုထက်ထိလည်း လွှမ်းမိုးဖို့ ကြိုးစားနေဆဲ ဖြစ်တဲ့အကြောင်း ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
အာဆီယံထိပ်သီးတွေနဲ့ ဆွေးနွေးဘက်ခေါင်းဆောင်များ တွေ့ဆုံမှုက မျှော်လင့်နိုင်စရာ တစုံတရာ ပေါ်ထွက်ခဲ့ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ မမြသဇင်အောင် က ဦးကျော်ဇံသာ ကို မေးမြန်းဆွေးနွေးထားပါတယ်။
ရုရှက ယူကရိန်းကို ကျူးကျော်စစ်ပွဲမှာ ယူကရိန်းဘက်က အဝေးထိန်း ဒရုန်းတွေနဲ့ ရုရှတွေရဲ့ တင့်ကားတွေနဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အလားတူပဲ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ဒရုန်းတွေက လက်နက်ကိုင် တိုက်ခိုက်မှုတွေမှာ အသုံးများလာခဲ့ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ဆုံးလ မှာ Donald Trump နဲ့ Kamala Harris တို့ ၂ ဦးလုံးဟာ အနည်းငယ်ပဲ ကျန်တော့တဲ့ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို မဲလာပေးဖို့ ကြိုးစားစည်းရုံးနေပါတယ်။ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေအကြောင်း Scott Stearns က သတင်းပေးပို့ထားတာပါ။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။