စစ်ပွဲပဋိပက္ခတွေကြောင့် စိတ်ဒဏ်ရာမျိုးစုံ ရထားကြတဲ့ ကလေးငယ်တွေအတွက် အားကစားနဲ့ စိတ်ဒဏ်တွေ ပြေလျော့အောင် ကုစားပေးနေတဲ့ မဲဆောက်အိမ်အကြောင်း Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
ပုံဖျက်ထားတဲ့သတင်း အန္တရာယ်နဲ့ ပတ်သက်လို့ လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ် ကို ဦးတင်မောင်သန်း မေးမြန်းတင်ပြထားပါတယ်။
လူသားတွေအပါအဝင် သက်ရှိအားလုံးအတွက် အန္တရာယ်ကြီးလှတဲ့ နျူးကလီးယားလက်နက်တွေ ကမ္ဘာပေါ်မှာ ဘယ်လောက်တောင် ရှိနေပါပြီလဲ။ ဒီလိုလက်နက်တွေ လျော့နည်းပပျောက်သွားအောင် ဘယ်လို ကြိုးပမ်းနေကြသလဲဆိုတာနဲ့ ပတ်သက်လို့ မညိုညိုလွင်က သတင်းတွေထဲက သုတမှာ တင်ပြထားပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့က တရုတ်သဘောကျ NUG၊ တော်လှန်ရေးအင်အားစုတွေနဲ့ ကင်းကင်းနေမယ်ပြောပေမဲ့ လက်တွေ့လုံးဝ အဆက်အသွယ်ဖြတ်ဖို့ မဖြစ်နိုင်ဘဲ စစ်ရေးဗျူဟာ သေချာစဉ်းစားဖို့လိုတယ်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာဆိုင်ရာအကြံပေး Thomas Keanက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ယာဂီ မုန်တိုင်းဒဏ်ကြောင့် မိုးစပါးစိုက်ခင်းတွေအပါအဝင် ယာသီးနှံဧကပေါင်း သိန်းချီပြီး ရေလွှမ်းမိုးခံရလို့ ပျက်ဆီးကုန်တာကြောင့် ပြန်လည်ထူ ထောင်ဖို့ ခက်ခဲသွားပြီလို့ တောင်သူတွေက ပြောပါတယ်။ တပတ်အတွင်း သီးနှံဈေးနှုန်းအပါအဝင် လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံနောက်ထပ် မိုးသက်လေပြင်းအန္တရာယ် ရှိ၊ ရေဘေးအကူအညီပေးရေး ခက်ခဲမှု စစ်ကောင်စီချောမွေ့အောင် စီစဉ်ဖို့ ကန်တောင်းဆို၊ MNDAA ကိုးကန့်တပ်ဖွဲ့က အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းဖို့မရှိဟုပြောဆိုစသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေး ကြိုးပမ်းဆောင်ရွက်နေသူ ဒေါ်မီမီဝင်းဘတ်ကို အမေရိကန်အခြေစိုက် East-West Center အဖွဲ့ကြီးက စက်တင်ဘာလ ၈ ရက်နေ့က ဂုဏ်ပြုခဲ့ပါတယ်။ ဒီအကြောင်း အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလမှာ အိုဟိုင်းယိုးပြည်နယ် Springfield မြို့ရောက် ဟေတီနိုင်ငံက ရွှေ့ပြောင်းအခြေချလာသူတွေ ဘယ်လို အကြပ်အတည်းတွေ ရင်ဆိုင်နေရပါလဲ။ Donald trump နဲ့ JD Vance တို့က ဘာတွေ ပြောလိုက်လို့ပါလဲ။ သုတစုံလင် အမေရိကန်တခွင်မှာ ကိုအောင်အောင် စုစည်းတင်ပြထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် သူ့ကို နောက်တနှစ် ဆက်ပြီး အသိအမှတ် ပြုလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဒီနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ဆုံတွေ့ကြတဲ့အခါ နိုင်ငံတကာ အရေးနဲ ပတ်သက်လို့ ဘယ်လိုအကြောင်းအရာတွေကို ဦးစားပေး ဆွေးနွေးကြဖို့ ရှိနေပါလဲ။ ဘယ်လိုအကြောင်းအရာတွေက အဓိကလွှမ်းမိုးနိုင်ဖွယ် ရှိပါလဲ။ နယူးယောက်မြို့ ကုလဌာနချုပ်မှာ ရောက်နေတဲ့ မခင်ဖြူထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။
သြစတြေးလျရဲ့အကူအညီနဲ့ အရှေ့တီမောနိုင်ငံမှာ ရေနံတူးဖေါ်ထုတ်လုပ်ရေး စီမံကိန်းကို လာမယ့် လအနည်းငယ်အတွင်း စတင်တော့မယ့်အကြောင်းနဲ့ တောင်ကိုရီးယားရဲ့ Hyundai ကား ကုမ္ပဏီကတော့ ၂၀၃၀ ရောက်ရင် ဓါတ်ဆီ/လျှပ်စစ်၂ မျိုးသုံး hybrid ကားတွေကို ၂ ဆထုတ်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကိုရော ၊ လောင်စာစွမ်းအင် စားရိတ်ကိုပါ သက်သာစေမယ့် ရေပေါ်လျှပ်ပြေးတဲ့ လျှပ်စစ်မော်တော်ဘုတ် တမျိုးကို ဆွီဒင်နိုင်ငံက တီထွင်လိုက်ပါတယ်။ REUTERS သတင်းဆောင်းပါးပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။