တရုတ်၊ မြန်မာ နယ်စပ် ကန်ပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းထား၊ တရုတ်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတဲ့ ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဆေးလာကုနေတာလို့ တရုတ်ပြောကြား၊ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းနဲ့ မနီးစပ်ခဲ့ပေမဲ့လည်း မြေဧက ရာချီဝယ်ပြီးနောက် မြန်မာတွေ ကြိုက်နှစ်သက်စွာ စားသုံးကြတဲ့ ချဥ်ပေါင်ပင်အပါအဝင် တခြားဟင်းသီးဟင်းရွက်မျိုးစုံ စတင်စိုက်ပျိုးနေပြီလို့ Yoe စိုက်ပျိုးရေးခြံ ပိုင်ရှင် Steven Yoe က ပြောပါတယ်။
စက်နဲ့ လူသား ဆက်သွယ် ပြောကြားလို့ရတဲ့ AI မော်ဒယ်တခု ဖြစ်တဲ့ ChatGPT ဆိုတာ ဘာလဲ၊ သူ့ကို ဘယ်လိုတည်ဆောက်ထားတယ် ဆိုတာကို NECTEC ထိုင်းအမျိုးသား အီလက်ထရောနစ်နဲ့ ကွန်ပြူတာနည်းပညာဌာနက AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခ ဒေသတွေမှာ သွားရောက် သတင်းယူရတာဟာ အန္တရာယ်များပေမဲ့လို့ ဒေသခံပြည်သူတွေ ကြုံနေရတဲ့ ပကတိ အခြေအနေတွေကို အခက်အခဲတွေ ကြားကပဲ တင်ပြခွင့် ရခဲ့ပါတယ်လို့ တိုက်ပွဲတွေရှိနေတဲ့ ကရင်နီဒေသကို သိပ်မကြာခင်ကပဲ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က ပြောပါတယ်။
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က နာမည်ကျော် ရေကျော်ပွဲဈေးမြင်ကွင်းဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကမ္ဘာ့ကူးစက်ကပ်ကြီး ဖြစ်ပွားတဲ့ ၂၀၂၀ ကစလို့ နောက် စစ်အာဏာသိမ်းကာလတလျှောက် ၄ နှစ်တိုင်မကျင်းပခဲ့ပဲ အခု ၂၀၂၄ မှာမှ ပြန်ကျင်းပတာပါ။
သမ္မတဟောင်း Donald Trump ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ပြစ်မှု ၃၄ မှုကို ကျုးလွန်ခဲ့တဲ့အကြောင်း နယူးယောက် တရားရုံးက ပြီးခဲ့တဲ့ မေလက ဆုံးဖြတ်ခဲ့ပါတယ်။ အခု သူရွေးကောက်ခံသမ္မတ ဖြစ်လာတဲ့အတွက် ဒီအမှုတွေနဲ့ ပတ်သက်လို့ ရှေ့ ဆက်ဘယ်လို အရေးယူနိုင်ချေရှိပါလဲ။ ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်နဲ့ တခြားနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အထည်ချုပ် လုပ်သားတွေ စားဝတ်နေရေးအခက်ကြုံနေသလို လုပ်ငန်းရှင်တွေလည်း လုပ်ငန်းလည်ပတ်နိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်း AFP သတင်းကို အခြေခံပြီး မမြသဇင်အောင်ပြောပြပေးပါမယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ လေထုညစ်ညမ်းမှု အညွှန်းကိန်း ၅၄၅ အထိ မြင့်တက်နေပြီး အန္တရာယ်ရှိတဲ့အဆင့် ရောက်နေပါပြီ။ ကျောင်းတွေပိတ်၊ ဆေးရုံတွေ လူနာတိုး၊ သက်ကြီးရွယ်အိုတွေ အိမ်ထဲကမထွက်နိုင်တဲ့အထိ ဖြစ်နေပါတယ်။ မြို့နေပြည်သူတွေက မျက်လုံးတွေ ပူတာ။ လည်ချောင်းနာတာ။ အသက်ရှူကြပ်တာတွေကို ခံစားနေရပါတယ်။
ကြွေးမြီ ဝန်ပိနေတဲ့ အိမ်နီးချင်း လာအိုနိုင်ငံမှာ ငွေကြေးဖေါင်းပွမှု မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ကြိုးစားနေရတဲ့အကြောင်းနဲ့ ဂျပန်မှာတော့ ဈေးကွက်ထဲ ဝယ်ယူစားသုံးမှု တက်လာတယ်ဆိုပေမဲ့၊ ဒီနှစ် တတိယ ၃ လပတ် ကာလအတွင်း ဂျပန်စီးပွားရေး တုံ့နှေးခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရသွားပေမယ့် သမ္မတရာထူး စတင်တာဝန်ယူဖို့ ကြားမှာ ရက်သတ္တပတ် ၁၁ ပတ်နီးပါး စောင့်ရမှာဖြစ်ပြီး အစိုးရသစ်တရပ်ဖွဲ့စည်းဖို့ အချိန် ၇၆ ရက် ရပါတယ်။ အကူးအပြောင်းကာလ ပြင်ဆင်လုပ်ဆောင်မှုတွေအကြောင်း VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
နိုဝင်ဘာ ၂၁၊ ၂၀၂၄ ။ ရေကြီးအပြီး စိတ်ထိခိုက်မှု ပြင်းပြင်းထန်ထန် မခံစားရအောင် ဘယ်လိုကူညီ လုပ်ဆောင်ပေးသင့်ပါလဲ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။