ချင်းပြည်တခုပဲ လွတ်မြောက်ပြီး အနီးပတ်ဝန်းကျင် မပါရင် လွတ်မြောက်ခြင်းက ရေရှည်မခံဘူးလို့ မြို့သိမ်းစစ်ဆင်နေတဲ့ ချင်းညီနောင်အဖွဲ့၊ စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။ မဟာမိတ်ဒေသတွေ လွတ်မြောက်ရေး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကော်ဖီဈေးကွက်မှာ ပေါက်ဈေး ကွာဟချက်ရှိတာအပြင် ပို့ကုန်ရငွေကို ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းထားနဲ့ မဖြစ်မနေ လဲလှယ်ရတဲ့ မူဝါဒကြောင့် ကော်ဖီပြည်ပတင်ပို့မှု လျော့နည်းပြီး၊ တင်ပို့မှုတန်ချိန် ထောင်ဂဏန်း လျော့ကျ၊ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ ဒီမိုကရေစီလမ်းကြောင်းအရောက် ပြည်သူတွေ တိုက်တွန်းပေးဖို့ စစ်ကောင်စီအကြီးအကဲ နှစ်သစ်ကူးမိန့်ခွန်းပြောပေမဲ့ နှစ်သစ်ကူးည အရပ်သားတွေကို စစ်တပ်ဗုံးကြဲ၊ အာရက္ခတပ်တော် AA နိုင်ငံရေးအရ ဆွေးနွေးဖို့ အသင့်ရှိကြောင်းပြော၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump က အရင် အစိုးရ အဖွဲ့ဝင် ရွေးချယ်မှုတွေ နည်းတူပဲ ပညာရေး ဌာန အကြီးအကဲ အဖြစ် သူ့ကို အခိုင်အမာ ထောက်ခံသူနဲ့ စည်းရုံးရေး အလှူရှင် Linda McMahon ကို ရွေးချယ်ထားပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့က လမ်းမကြီးတွေပေါ်မှာ နှင်းဆီ အပါအဝင် ပန်းမျိုးစုံနဲ့ ရုပ်ပုံမျိုးစုံ ရောင်စုံခန်းနားကြီးကျယ်စွာ ဖန်တီး အလှဆင် ပြသကြတဲ့ယာဥ်တွေနဲ့ လှည့်လည်ကြတာဟာ နှစ်သစ်ကူးနေ့တိုင်းရဲ့ အစဥ်အလာတရပ်ဖြစ်နေပါတယ်။
ဘိုင်ဒန် အစိုးရ လက်ထက်မှာ သေနတ်နဲ့ အကြမ်းဖက်မှု ကာကွယ်ရေး ကို ခိုင်မာအောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလမှာ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် တက်လာတဲ့အခါ အပြောင်းအလဲကြီးတွေ လုပ်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဗွီအိုအေ သတင်းထောက် Veronica Balderas Iglesias တင်ပြထားတာကို ဦးတင်မောင်သန်းက ပြောပြပါမယ်။
မြွေနှစ် တရုတ်နှစ်သစ်ကူးအတွက် တရုတ်ပြည်အရှေ့ပိုင်းက ရှန်တုန်းပြည်နယ်မှာ "ဟွာပိုပို" လို့ခေါ်တဲ့ ရိုးရာပေါင်မုန့်တွေ ပြုလုပ်နေတဲ့အကြောင်း ကိုဝင်းခန့်မောင်ပြောပြထားပါတယ်။
တရုတ်ပြည်တွင်း ဖုန်းဈေးကွက်မှာ ပြိုင်ဆိုင်မှုအား ပြင်းထန်နေတာကြောင့် iPhone စီးရီး အတော်များများကို ေဈးချ ရောင်းပေးသွားမယ့်အကြောင်းနဲ့ စစ်ဒဏ်ခံထားရတဲ့ အီရတ်မှာ Mosul မြို့ရဲ့ နိုင်ငံတကာလေဆိပ် ၂၀၂၅ နှစ်လည်ပိုင်းလောက် ပြန်ဖွင့်နိုင်အောင် ပြုပြင်တည်ဆောက်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
လက်ရှိ မြန်မာ့ လက်ရွေးစင်ဘောလုံးသမား မေထက်လူက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့က LAFC ကလပ်အသင်းကစားနေပြီး ပညာရေးနဲ့ သူဝါသနာပါတဲ့ ဘောလုံးအားကစားကို ဒွန်တွဲလုပ်နိုင်ဖို့ ဟန်ချက်ညီညီ ကြိုးစားနေသူ ဖြစ်ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေးဆက်သွယ်စကားပြောထားပါတယ်။
စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားမှု ဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ တင်းကြပ်တဲ့ လုပ်ရပ်လို့ မြင်တဲ့အကြောင်း မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က VOA ကို ပြောပါတယ်။ ဦးသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကမ္ဘာမှာလူပေါင်းသန်းနဲ့ချီပြီး တီဘီလို့ လူသိများတဲ့ အဆုတ်နာရောဂါ ကူးစက်နေပါတယ်။ လက္ခဏာမပြတဲ့ ငုပ်လျှိုးတီဘီအဆင့်ကနေ ကူးစက်စေတဲ့အဆင့်မရောက်မီ ကာကွယ်နည်းကို Health Digest အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါက်ထွေး (ဆေး/မန်း) ကပြောပြထားပါတယ်။
တောင်အာဖရိက နိုင်ငံ Johannesburg မှာ ပျံကျအမှိုက် ကောက်ယူ ရောင်းချသူ တချို့ အတွက် တိုးတက်မှုတွေ ရှိလာနေပါတယ်။ ဆိုလာ စွမ်းအင်သုံးပြီး ပြန်လည် အသုံးပြုနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အမျိုးအစား ခွဲခြား ရေတွက် ထုပ်ပိုးနိုင်တဲ့ အချက်အချာ နေရာ တခုကို ပူးပေါင်းဖော်ဆောင်ခဲ့ကြတာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။