ဒီနှစ်ထဲကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ စီးပွားရေးကိစ္စ ဟာ မဲဆန္ဒရှင်တွေအတွက် ထိပ်တန်း ဦးစားပေးတခုဖြစ်ခဲ့ပါတယ်။ အရွေးကောက်ခံသမ္မတ Donald Trump သမ္မတ ပြန်ဖြစ်လာတာနဲ့ စီးပွားရေးပြန်ကောင်းအောင်လုပ်ဖို့ကိစ္စဟာ သူ့ရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်ဖို့ အမေရိကန် မဲဆန္ဒရှင်အများစုက မျှော်လင့်ထားပါတယ်။
ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေဟာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ထဲမှာ ပြန်လည်ပါဝင်လာရေး ကြိုးပမ်းတာဖြစ်တဲ့အကြောင်း ဒီနေ့ မလေးရှားနိုင်ငံကို ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုပါတယ်။
အရှေ့တောင်အာရှမှာ အွန်လိုင်းလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ဆက်စပ် လူကုန်ကူးမှုတွေပါ ပိုကျယ်ပြန့်လာတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ သတိပေးချက်တွေရှိနေတဲ့ကြားကပဲ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအဓမ္မခိုင်းစေခံနေရ သူတွေအများအပြား ရှိနေဆဲဖြစ်တဲ့အကြောင်း Dave Grunebaum သတင်းပေးပို့ထားပါတယ်။
ဒီတပတ်သက်တံရောင် သတင်းလွှာအစီအစဉ် မကြာခင်ကုန်ဆုံးတော့မဲ့ ၂၀၂၄ ခုနှစ်အတွင်း ဂီတလောက,က အောင်မြင်ထူးခြားတဲ့ ဖြစ်ရပ်တချို့ကို ပြောပြဖြစ်ပါတယ်။ ဂီတသမိုင်းမှာ စံချိန်တင် ငွေဝင်တဲ့ အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွိဖ်ရဲ့ ဖျော်ဖြေပွဲခရီးစဉ် အောင်မြင်မှုကို ပြောပြသွားပါမယ်။ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှ နိုင်ငံတချို့မှာ နိုင်ငံဖြတ်ကျော် ရာဇဝတ် ဂိုဏ်းကြီးတွေက ကျူးလွန် ဆောင်ရွက်နေကြတဲ့ အွန်လိုင်းပေါ်က အလိမ်အညာ လုပ်ငန်းတွေမှာ ထောင်နဲ့ချီတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေလည်း ခိုင်းစေခံကြရပါတယ်။
စစ်အုပ်ချုပ်ရေး ၆ နာရီသာ ကြာလိုက်တဲ့ တောင်ကိုရီးယားမှာ ပြည်သူတွေကြား ဒီမိုကရေစီနဲ့ လွတ်လပ်မှုအပေါ် အလေးထားမှုကို Seoul မြို့တော်က Ewha Womans တက္ကသိုလ်မှာ Multicultural and Intercultural communication ဘာသာ ပါရဂူတန်းကျောင်းသူ မမီးမီးနဲ့ မစုမြတ်မွန်မေးမြန်ပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
ဒီအပတ်တော့ နော်သဇင်က ချက်သမ္မတနိုင်ငံကို သွားပြီး Prague ပရပ်ဂ်မြို့တော်က ခရစ်စမတ်ဈေးပွဲတော်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဥရောပရဲ့ နာမည်ကြီး ခရစ္စမတ်ပွဲတော်ကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။
ဆီးရီးယားရဲ့ မြို့တော် Damascus ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့အပြီး အာဏာရှင် သမ္မတအာဆတ်ဟာလည်း မိသားစုနဲ့အတူ ရုရှားနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ အာဆတ်မိသားစု အုပ်စိုးမှု အဆုံးသတ်သွားချိန်မှာ ဆီးရီးယားပြည်သူတွေ ဘယ်လိုခံစားကြရသလဲဆိုတာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် ဗျူဟာကြောင့် စားနပ်ရိက္ခာရှားပါးမှုအပါအ၀င် အခြားအခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပေမဲ့ စစ်ဘေးဒုက္ခသည်တွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ မရရအောင် လုပ်ဆောင်နေကြတဲ့ Clean Yangon လို လူမှုကူညီရေးအဖွဲ့ တွေရှိနေပါတယ်။
မြန်မာနိုင်ငံတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစဉ်တစိုက်မှတ်တမ်းတင်ထားဖို့ လိုအပ်နေပြီး ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိအောင် မဖြစ်မနေကြိုးစားကြရမယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ Salai Mang Hre Lian က ပြောပါတယ်။
ကမ္ဘာ့အပူချိန်တွေနှစ်စဥ်စံချိန်တင်မြင့်တက်လာတဲ့အတွက်ဖုန်းဆိုးမြေတွကျယ်လာပြီး သောက်သုံးရေတွေရှားပါးလာရုံမက သစ်တောပါပြုန်းတီးလာပါတယ်။ဂေဟဗေဒစနစ်တွေထိခိုက်ပျက်စီးပြီးစားနပ်ရိက္ခာရှားပါးမှုပိုဆိုးလာနိုင်ခြေရှိနေပြီလို့လည်း ကုလက သတိပေးလိုက်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဒဏ် အများဆုံးခံရတဲ့ ပြည်နယ်တခုဖြစ်တဲ့ ကရင်နီမှာ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ချက်တွေကို သိရအောင် Clean Yangon အဖွဲ့ တည်ထောင်သူ မသဉ္ဇာအေးကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။