ရွှေစျေး၊ ဒေါ်လာစျေးတွေ ပြန်တက်လာချိန်၊ လောင်စာဆီ ပြတ်လပ်တဲ့သတင်းတွေ ထွက်လာချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌက ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးမှာ အပေါင်းလက္ခဏာဆောင်၊ မြန်မာနိုင်ငံရဲ့အခြေအနေဟာ သမဝါယမစနစ်နဲ့ အသင့်တော်ဆုံးလို့ ဆိုလိုက်ပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာ မြင်ကွင်းကဏ္ဍမှာ ပြည်သွေးနိုင်က တင်ဆက်ပေးထားပါတယ်။
'စစ်ဆင်ရေး ၁၀၂၇' အလွန် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာ ဒီအကြောင်းအရာကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
ဂျာမနီနိုင်ငံကိုရောက်နေတဲ့ နော်သဇင်က ဒီတပတ်တော့ စတူးဂတ်မြို့က TV tower တီဗွီမျှော်စင်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ မီတာ ၁၅၀ အမြင့်ရှိတဲ့ တီဗွီမျှော်စင် နဲ့ စတူးဂတ်မြို့က အမြင့်ဆုံးဘားကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။
စစ်ကောင်စီက လွတ်လပ်တဲ့မီဒီယာတွေကို ဖိနှိပ်ချုပ်ချယ်ပြီး သတင်းသမားများကိုဖမ်းဆီးထောင်ချကာ အင်တာနက်လွတ်လပ်ခွင့်ကိုလည်းပိတ်ပင်ခဲ့ပါတယ်။ အဲ့ဒီလို အန္တရာယ်များလှတဲ့ အခြေအနေတွေမှာတောင် သတင်းထောက်တွေက လူထုဆီ သတင်းတွေချပြနိုင်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုမှတ်တမ်းတင်ရယူဖို့လုပ်ဆောင်နေကြပါတယ်။
တိုင်ဖုန်းနဲ့အပူပိုင်းမုန်တိုင်းတွေလို ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်ကို မြန်မာအပါအဝင် အာရှကကမ်းရိုးတန်းနေ ပြည်သူတွေ ရှေ့ဆက်ပိုမိုကြုံတွေရမှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့ ကျွမ်းကျင်သူတွေရဖက်က အရေးတကြီးတိုက်တွန်းနေပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
တပ်မတော်သားတဦးအနေနဲ့ စစ်အာဏာသိမ်းတာကို ဘာကြောင့် ဆန့်ကျင်ခဲ့တာလဲ။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ပန်းတိုင် အဖွဲ့တာ၀န်ခံ ကိုနောင်ရိုး ကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်မှာ ပြောနေတဲ့ စကားတွေထဲမှာ အခု ခေတ်စားနေတဲ့ ဗန်းစကား Don’t Sweat it တိုက်ရိုက် အဓိပ္ပာယ်ပြန်ရင် ချွေးမပြန်နဲ့၊ ပြောချင်တာက စိတ်မပူနဲ့ဆိုတဲ့ စကားစုနဲ့ တခြားစိတ်ဝင်စားစရာ ဗန်းစကားအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး မကြေးမုံက အမေရိကန်အင်္ဂလိပ်စကားနဲ့ ရောပြီး ရှင်းပြထားပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ရင် ဘာသာစကား၊ လုပ်ငန်းစဉ်တွေအတွက် အကူအညီ၊ အဆက်အသွယ်တွေရဖို့ ကြားက ဆက်သွယ်လမ်းပြပေးနိုင်မဲ့ ပွဲစားတွေ လိုအပ်တာပါ။ ဒီလိုပွဲစားနဲ့ ဆက်သွယ်ရာမှာ လိမ်လည်သူတွေနဲ့လည်း ရှိလို့ သတိထားဖို့ အထူးအရေးကြီးတာပါ။ မညိုညိုလွင်ရဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ ရှုစားနိုင်ပါတယ်။
အာရှဒေသရဲ့ အဖွံ့ဖြိုးဆုံး စင်္ကာပူနိုင်ငံမှာ အလုပ်ရှာမယ်ဆိုရင် အပြိုင်အဆိုင်များလို့ နေ့စဉ် အလုပ်နေရာအများကြီး လျှောက်ထားရှာဖွေဖို့ လိုတယ်လို့ လုပ်ငန်းအတွေ့အကြုံရှိသူ ကိုဖြိုးတင့်အောင်က ပြောပါတယ်။ စင်္ကာပူနိုင်ငံမှာ နေထိုင်ခွင့်ရချင်တဲ့ GenZ လူငယ်တွေ သတိပြုစရာတွေကို မခင်လေး မေးကြည့်ထားပါတယ်။
လမ်းပေါ်က ဆေးလိပ်ဖင်ဆီခံအတိုအစ အမှိုက်လေးတွေကို လိုက်ကောက်ပေးမယ့် AI ဉာဏ်ရည်တု နည်းပညာသုံး ခွေးစက်ရုပ်တီထွင်၊ ချစ်သူရှာချင်သူတွေလည်း AI ဉာဏ်ရည်တု သုံးပြီး အိမ်မက်ထဲက ချစ်သူရည်းစားကို ဖန်တီးနိုင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မမြသဇင်အောင်တို့ တင်ဆက်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေအရ ပဋိပက္ခတွေအတွင်းက အရပ်သားတွေကို အကာကွယ်ပေးရမယ်လို့ ပါရှိပေမယ့် စစ်ပွဲတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အဲဒီလို အကာကွယ်ပေးနိုင်မှု မရှိတဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
တရားရုံးချုပ် အဆုံးအဖြတ်နဲ့ ဒီမိုကရေစီဟာ ဘယ်လိုများ ဆက်စပ်နေပါသလဲ။ နိုင်ငံတကာ တရားရေးစနစ်တွေ၊ တရားရုံးချုပ်နဲ့ သမ္မတတွေရဲ့ ဆက်ဆံရေးအကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး ကို ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။