ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားမှာ သမ္မတကိုဆန့်ကျင်တဲ့ သူပုန်တွေက အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုနဲ့ အနီးဝန်းကျင်ကို သိမ်းပိုက်လိုက်ပါတယ်။ နိုင်ငံတကာလေဆိပ်ကိုလည်း သိမ်းလိုက်ပြီး ရုရှားနဲ့ ဆီးရီးယားတပ်တွေ လေကြောင်းစစ်ဆင်ရေးလုပ်ဆောင်နေလို့ သူပုန်တွေကြားမှာလည်း ထိခိုက်သေဆုံးမှုတွေ များပြားနေပါတယ်။
New York Times သတင်းစာအယ်ဒီတာဟောင်း Sheryl Oring က တက်လာမယ့် သမ္မတအသစ်ဆီ ပြည်သူတွေ ပြောပြချင်တဲ့ အကြောင်းအရာတွေကိုစာနဲ့ရိုက်ပေးပြီး ပို့စကတ်တွေ ဖန်တီးပေးတာပါ။ ၂၀၀၄ ခုနှစ်က စခဲ့တဲ့ “I Wish To Say” ဆိုတဲ့ ဒီအစီအစဉ်အကြောင်း Elena Wolf သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။
အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က သူကတိပေးခဲ့တဲ့အတိုင်း ယူကရိန်းကျုးကျော်စစ်အဆုံးသတ်ဖို့ ကြိုးပမ်းမှာကို ရုရှားပြည်ပရောက်အတိုက်အခံတွေအနေနဲ့ စောင့်ကြည့်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ အထောက်အပံ့ ဆုံးရှုံးသွားရင် ဘာဆက်လုပ်မလဲဆိုတဲ့ ဘုံမဟာဗျူဟာတရပ်ချမှတ်ဖို့လည်း ကြိုးစားနေပါတယ်။
ကမ္ဘာမှာ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့တာတွေရှိနေသလို တဖက်မှာလည်း စိုက်ပျိုးရေးအတွက် နည်းပညာတွေကို အသုံးချလာတာ၊ သဲကန္တာရမှာ စိုက်ပျိုး မွေးမြူရေးလုပ်တာတွေရှိလာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူအများစုတောင်သူလယ်သမားတွေကတော့ နည်းပညာတွေနဲ့ အလှမ်းဝေးနေသေးတဲ့အကြောင်း ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။
ကယားပြည်နယ်က လယ်သမား ဦးလှဟန်တယောက် စပါးသွားယူရင်း မြေမြှုပ်မိုင်းနင်းမိလို့ အလုပ်မလုပ်နိုင်ဖြစ်သွားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းသုံးစွဲမှု တိုးလာပြီး ပြည်သူ့အသက်နှင့် အလုပ်အကိုင်တွေ ထိခိုက်နေတဲ့အကြောင်း ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ဒုတိယ သက်တမ်းမှာ အိန္ဒိယနိုင်ငံ နဲ့ မဟာဗျူဟာ ဆက်ဆံရေး ပိုနက်ရှိုင်းလာမယ်လို့ အိန္ဒိယနိုင်ငံဘက်က မျှော်လင့်နေပါတယ်။ ဒါပေမဲ့လည်း အကြီးဆုံးကုန်သွယ်ဘက် နိုင်ငံဖြစ်တဲ့ အမေရိကန် နဲ့ ပတ်သက်ပြီး ဖိအားတွေတိုးလာမှာကိုလည်း ပြင်ဆင်နေပါတယ်။
အမေရိကန် သမ္မတကတော် ဂျေးလ်ဘိုင်ဒန်က “Season of Peace and Light” "ငြိမ်းချမ်းရေးနဲ့ အလင်းရောင် ရာသီ" ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၂၄ ခုနှစ်အတွက် အိမ်ဖြူတော် ခရစ္စမတ်အလှဆင်ယင်ထားတာတွေကို ဒီဇင်ဘာ ၂ ရက်နေ့မှာပဲ စတင်ဖွင့်လှစ် ပြသလိုက်ပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် လိုအပ်ချက်ဖြစ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ထားရှိရေး အလေးပေးဆောင်ရွက်ပေးဖို့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီး ဒေါက်တာ ဆာဆာက တောင်းဆိုလိုက်ပါတယ်။
ခရစ်တိုငွေကြေးမှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာမယ့်အပေါ် မျှော်လင့်ချက်ကြီးတွေ နဲ့ စောင့်မျှော်နေကြပါတယ်။ ထရမ့်ဟာ ဒီဂျစ်တယ်ငွေကြးတွေ ဘက်ကနေ ကာကွယ်ပေးမယ့် သူအနေနဲ့ မဲဆွယ်ခဲ့တာပါ။ Scott Stearns သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတရပ် ပြဌာန်းလိုက်တဲ့အကြောင်း Angelina Bagdasaryan ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ထိုင်ဝမ်သမ္မတလိုင်ချင်းတေအမေရိကန်ပြည်ထောင်စုမှာ ခေတ္တရပ်နားမယ့်ကိစ္စတရုတ်ကအပြင်းအထန်ကန့်ကွက်ပါတယ်။တရုတ်ရုရှားစစ်လေယဉ်တွေ လည်းဂျပန်ပင်လယ်ထဲကင်းလှည့်ခဲ့ပါတယ်။အစ္စရေးနဲ့ဟစ်ဇဘိုလာအပစ်ဖို့သဘောတူလိုက်တဲ့အတွက်အိုးအိမ်စွန့်ခွါရသူတွေပြန်လာနေကြပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ဒီအပတ် နော်သဇင်က ဂျာမနီက အကြီးဆုံးပွဲတော်ဖြစ်တဲ့ ခရစ်စမတ် ဈေးရောင်းပွဲတော်ကို သွားခဲ့ပါတယ်။ သဇင့်ရဲ့ ပထမဦးဆုံး စတူးဂတ်မြို့ ခရစ်စမတ်ဈေးရောင်းပွဲတော်ဖွင့်ပွဲကို လိုက်ကြည့်ကြရအောင်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။