အမေရိကန်နဲ့ မဟာမိတ်တွေ အထီးကျန် ဖြစ်စေချင်နေတဲ့ ရုရှားနိုင်ငံမှာ အောက်တိုဘာလကုန်ပိုင်းက ကျင်းပခဲ့တဲ့ BRICS ထိပ်သီးစည်းဝေးပွဲက ဘာတွေထူးခြားမှုရှိခဲ့ပါလဲ။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါသလဲ။
အမေရိကန်ပြည်ထောင်စုမှာ TPS ယာယီအကာအကွယ်ပေးအဆင့်နဲ့ နေထိုင်ခွင့်ကို ရုတ်သိမ်းမယ်လို့ ရီပါဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောထားလို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောဆိုဆွေးနွေးစရာတွေ ထပ်တိုးလာနေတာပါ။
၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ အမေရိကန်နိုင်ငံသားတွေရဲ့ သဘောထားကို ထုတ်ဖော်တာ တွေ့မြင်ကြရမှာပါ။၊ တကယ်လို့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၅ ရက်နေ့မှာ မဲရုံကို မလာနိုင်ဘူးဆိုရင် ဘယ်လိုလုပ်နိုင်ပါလဲ။ ပြည်သူတွေ မဲပေးနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိသေးတာပါ။ ပုံပြရုပ်သံမှာ ကိုစည်သူ တင်ပြထားပါတယ်။
မူးယစ်ဆေး ဖြတ်လိုတဲ့ မြန်မာ ဒုက္ခသည် လူငယ်တွေဟာ ထိုင်း မြန်မာနယ်စပ်မှာ ရှိတဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တခုမှာ အပ်စိုက်ကုထုံးနဲ့ ကုသမှု ခံယူနေကြပါတယ်။ စွဲလမ်းမှုကနေ ပြတ်တောက်နိုင်ဖို့ မိသားစုတွေ ပို့ပေးတာ၊ ဒါမှမဟုတ် ကိုယ်တိုင် လာရောက်ကြတယ်ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Ballon d'Or ဘောလုံးထူးချွန်ဆုပေးပွဲကို ပြင်သစ်နိုင်ငံမှာကျင်းပခဲ့ပြီး အမျိုးသား အကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ်နဲ့မန်စီးတီးကွင်းလယ်လူ ရိုဒရီရရှိခဲ့ပါတယ်။ မန်ယူနည်းပြ အဲရစ်တန်ဟက်ခ်ကို ရာထူးကထုတ်ပယ်လိုက်ပြီး နည်းပြသစ်တရားဝင်ခန့်အပ်ဖို့ နီးစပ်နေပါပြီ။
ပြင်သစ်တောင်ပိုင်းက Marseille (မာဆေး) မြို့ကို သွားလည်ကြတဲ့ ခရီးသွားတွေအတွက် ရှုခင်းအလှ၊ အစားအသောက်နဲ့ လူမျိုးစုံ ယဉ်ကျေးမှုတွေအပြင် ကြွက်တွေကလည်း မမေ့နိုင်စရာ အတွေ့အကြုံထဲမှာ ပါပါတယ်။ လူဦးရေထက်များနေတဲ့ ကြွက်တွေရှိတဲ့ ဒီမြို့ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလည်ကြရအောင်ပါ။
လူ့အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီကို ILO ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ်မှာ အရေးယူနိုင်ရေး ကြိုးပမ်းနေကြောင်း နွေဦးတော်လှန်ရေးပါ MEF မြန်မာ့လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ကိုဝေမှူးသွင်က VOA ကိုပြောပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
နိုဝင်ဘာ ၅ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လူသိနည်းတဲ့ Green Party က သမ္မတလောင်း Jill Stein လည်း ပါဝင်ယှဉ်ပြိုင်ပါလိမ့်မယ်။ မဲဆန္ဒရှင်တွေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ထောက်ခံမှု ရမယ်လို့ လူထုစစ်တမ်းတွေမှာ ဖေါ်ပြပေမဲ့ သူရမယ့် ထောက်ခံမဲက ရွေးကောက်ပွဲ တခုလုံးရဲ့ ရလဒ်အတွက် အရေးပါနိုင်ပါတယ်။
နေသာတဲ့နေ့ တေးရုပ်ရှင် ဖန်တီးထုတ်လုပ်ဖို့ ကာလအတော်ကြာ အချက်အလက်တွေ စုဆောင်းပြီး မြန်မာပြည်အရေးအတွက် အနုပညာနဲ့ အထောက်အကူပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့လည်း တေးရုပ်ရှင် ဖန်တီးသူ ဒါရိုက်တာ မင်းသက်ဝင်းက ပြောပါတယ်။ ကိုအောင်အောင် ရိုက်ကူးတင်ပြထားပါတယ်။
မြန်မာလယ်သမားတွေဟာ တဆက်တစပ်တည်းရှိကြတဲ့ကွင်းတခုလုံးက လယ်မြေတွေပေါ် စပါးအမျိုးအစားကောင်းတခုတည်းကို ညှိနှိုင်း စိုက်ပျိုးကြရမယ့်အစား မျိုးမတူတာတွေကို စိုက်ပျိုးကြတဲ့အတွက် စပါးပင်တွေ ဝတ်မှုန်ကူးပြီး မူရင်းမျိုးတွေပျောက်၊ မျိုးကွဲတွေ ပေါ်ထွက်လာပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲပြီးကတည်းက အမေရိကန်နိုင်ငံသား ၃.၅ သန်းနီးပါး အသစ်တိုးလာကြောင်း National Partnership for New Americans အဖွဲ့က ဆိုပါတယ်။ ဒီအုပ်စုက လာမယ့်ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ဟု ကျွမ်းကျင်သူများပြောပါတယ်။ Aline Barros သတင်းကို ကိုငြိမ်းချမ်းတင်ပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။