တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ လူသားချင်းစာနာမှုလိုအပ်ချက်တွေကို ဆွေးနွေးပြီး ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရမယ်ဆိုပေမဲ့ လက်ရှိပြည်သူတွေကြုံနေရတဲ့ အကျပ်အတည်းက ဆွေးနွေးမှုဖြစ်ပေါ်ဖို့ တွန်းအားပေးနိုင်မှာ မဟုတ်ဘူးလို့ NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး တွေ့ဆုံမေးမြန်းထားပါတယ်။
လာမယ့်ဘဏ္ဍာနှစ်မှာ အိန္ဒိယက ပဲတန်ချိန် တိုးမြှင့်ဝယ်ယူသွားဖို့ ရှိနေ၊ ပြည်တွင်းဈေးကွက်မှာတော့ စားအုန်းဆီဈေး နည်းနည်း ပြန်ကျ၊ ဒီသတင်းတွေနဲ့ တပတ်အတွင်း သီးနှံဈေးနှုန်းအပါအဝင် လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
သောင်းကျန်းသူတွေကို ဆက်လက်နှိမ်နင်းမယ်၊ လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုတာတွေ မလိုက်လျောဟု စစ်ကောင်စီခေါင်းဆောင် ပြောကြား၊ စစ်တွေ မြို့ရွာတွေမှာ မူဆလင်ဒုက္ခသည်တွေ အဖမ်းအဆီးနဲ့ လုံခြုံရေး အခက်အခဲတွေနဲ့ ကြုံ၊ စသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း အနောက်အုပ်စုနိုင်ငံတွေက ကားကုမ္ပဏီတွေဟာ ရုရှားနိုင်ငံက စွန့်ခွာသွားကြလို့ တရုတ်ကားထုတ်လုပ်သူတွေက ရုရှားရဲ့ ကားစျေးကွက်မှာ နေရာယူလာကြပါတယ်။ သူတို့ရဲ့ကားတွေကိုရုရှားကစက်ရုံတွေမှာအပြီးသတ်အချောကိုင်တပ်ဆင်ကြပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြမှာပါ။
တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်၁၄ နှစ်ဆက်တိုက် ကျဆင်းလာနေတယ်လို့ Freedom House အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။ အထူးသဖြင့် ဒီနှစ်ထဲ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ /ကျင်းပဖို့ရှိတဲ့ နိုင်ငံပေါင်း ၄၁ နိုင်ငံမှာအင်တာနက်အသုံးပြုခွင့် အခြေအနေတွေကို ကျွမ်းကျင်သူတွေကထောက်ပြတာပါ။
ဉာဏ်ရည်တု နည်းပညာ Artificial Intelligence ကို မိတ်ဆက်ပေးခဲ့သူ Alan Turing ကို AI ရဲ့ ဖခင်ကြီးအဖြစ် သတ်မှတ်ကြတယ်လို့ IT နည်းပညာရှင် ဒေါက်တာရဲကျော်သူက ပြောပါတယ်။ ဘာကြောင့်ပါလဲ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်း ၂ ပတ်ကျော်သာ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲမှာမဲပေးကြမယ့် မြန်မာ−အမေရိကန်တွေအများအပြားရှိသလို၊ ဒီအထဲမှာ အမျိုးသမီးတွေလည်း ပါ ပါတယ်။ မြန်မာ−အမေရိကန် အမျိုးသမီးတွေ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လို အမြင်စဥ်းစားချက်တွေနဲ့ မဲပေးကြဖို့ ရှိနေကြပါလဲ။
အမေရိကန် သမ္မတ ရွေးကောက်ပွဲကျင်းပမယ့်ရက် သီတင်းပတ်ပိုင်းလောက်ပဲလိုတော့တဲ့အချိန် နယ်စပ်လုံခြုံရေးကိစ္စဟာ အဓိက ကိစ္စတခု ဖြစ်နေပါတယ်။ နယ်စပ်လုံခြုံရေးအပေါ် အမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး Aline Barros သတင်းပေးပို့ထားတာပါတယ်။ကိုငြိမ်းချမ်းက တင်ပြမှာပါ။
တရုတ်နဲ့ဗီယက်နမ် နှစ်နိုင်ငံကြားမှာ တင်းမာမှုတချို့ ရှိနေပေမယ့် နယ်စပ်ဖြတ်ကျော်ပြေးဆွဲတဲ့ ရထားလမ်းကို တိုးချဲ့ဖို့ သဘောတူလိုက်တဲ့အကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်းတွေ အဆမတန် တိုးလာတာကြောင့် အစိုးရက နှိမ်နင်းနေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ဒီနှစ် မိုးကြီးရေကြီးမှု ပိုပြင်းထန်လာတာကြောင့် အရေပြားရောဂါ၊ တခြား ကူးစက်ရောဂါနဲ့ မကူးစက်ရောဂါတွေ ပိုဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ဒီအကြောင်း မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။
ကချင်ပြည်၊ ပန်ဝါရဲ့ မြို့စောင့်တပ်ရင်း ဖြစ်တဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA က အပြီးသတ် သိမ်းပိုက်၊ CDF-Thantlang စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲလ် ထန်တလန်မြို့သိမ်း တိုက်ပွဲမှာ ကျဆုံး၊ စတဲ့တိုင်းရင်းသားဒေသတွေက သတင်းများ
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။