မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက်ဟာ စိုက်ပျိုးရေးအတွက် ဆိုပြီး ပညာရှင်တွေရဲ့ သေချာတွက်ချက်မှု အားနည်းတဲ့ ဆည်မြောင်းတာတံမန်တွေကို လူထုလုပ်အားနဲ့ အဓမ္မခိုင်းအလွယ်တကူ တည်ဆောက်ခဲ့တဲ့ ဒေသကို အထူးထိခိုက်ရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက မြေကြီးသြဇာအစီအစဥ်မှာ ပြောပြထားပါတယ်။
ဒီအပတ် နော်သဇင်က စာနဲ့အလုပ် သပ်သပ်စီမဟုတ်ပဲ ဂျာမနီက နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ ကျောင်းသူ၊ကျောင်းသားတစ်ယောက် အနေနဲ့ ရနိုင်တဲ့အလုပ်တွေအကြောင်း ပြောပြထားပါတယ်။ ဂျာမနီမှာ တရားဝင် ကျောင်းသားအလုပ်တွေကို နော်သဇင့် Vlog မှာ ကြည့်နိုင်ပါတယ်။
ဘောလုံးနဲ့ ကစားမလား။ အားကစားရုံထဲ ကစားမလား။ အပြင်ထွက် အားကစားလုပ်မလား။ လှုပ်ရှားကစားရင်း တွဲသုံးမယ့် ကြိယာတွေကို လေ့လာကြရအောင်။ VOA အင်္ဂလိပ်စာအစီအစဉ်တွေကို burmese.voanews.com နဲ့ VOA Burmese News အင်တာနက်စာမျက်နှာတွေမှာ လေ့လာနိုင်ပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့နယ်တဝိုက် စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာတွေ ရေကြီးတာဟာ သမိုင်းမှာ မကြုံစဖူး အဆိုးဝါးဆုံး ရေကြီးမှုလို့ ပရဟိတကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ AFP သတင်းဌာနက တောင်ငူမြို့က ရေဘေးကူညီကယ်ဆယ်သူတဦးနဲ့ ကရင်ပြည်နယ် ရာဒိုဒုက္ခသည်စခန်းက မျက်မြင်ကြုံတွေ့ခဲ့ရသူတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump အနေနဲ့ ဘေးကင်းလုံခြုံပါတယ် ၂ လအတွင်း ဒုတိယအကြိမ်မြောက် လုပ်ကြံဖို့ ကြိုးစားခံရအပြီး မှာ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ လုပ်ကြံဖို့ ကြိုးစားမှုအပြီး သံသယတရားခံကို ရဲက ဖမ်းဆီးထားပြီးတဲ့နောက် ဗဟိုအစိုးရ စုံစမ်းစစ်ဆေးဌာန FBI က ဦးဆောင်စစ်ဆေးနေပါတယ်။
ရိုဟင်ဂျာညီအမတွေပါ ပါဝင်တဲ့ Sisters to Sisters တော်လှန်ညီအစ်မတွေရဲ့ ဖြစ်တည်မှု-စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ Sisters to Sisters အဖွဲ့အကြောင်း Sisters 2 Sisters အဖွဲ့ တည်ထောင်သူ ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူမှုစီးပွားအခြေအနေကို ISP-Myanmar က သုတေသနပြု စစ်တမ်းကောက်ယူ လေ့လာခဲ့ပြီး ဒီတပတ် အပိုင်း-၂ မှာ သယံဇာတထုတ်လုပ်မှုတွေရဲ့ အကျိုးဆက်၊ သဘာဝဘေးခံစားရမှုတွေနဲ့ ဒါကို ဘယ်သူတွေက ကူညီကယ်ဆယ်ပေးနေကြလဲဆိုတာ တင်ပြပါမယ်။
မြန်မာနိုင်ငံတွင်း ကုန်ပစ္စည်းတွေ ရှားပါး၊ ကုန်စျေးနှုန်းတွေ ခုန်တက်နေချိန်မှာ စစ်ကောင်စီဟာ သွင်းကုန်ကန့်သတ်မှုတွေ ထပ်မံပြုလုပ်လိုက်တာ တွေ့ရပါတယ်။ ဒီလို ကန့်သတ်လိုက်တဲ့အတွက် အကျိုးဆက်တွေ ဘယ်လို ဖြစ်ပေါ်လာနိုင်သလဲဆိုတာ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်က တင်ပြထားပါတယ်။
ရေဘေးဒုက္ခရောက်နေသူတွေ အလိုအပ်ဆုံးက အခုအချိန်မှာ ဘာတွေပါလဲ။ သွားကူနေသူတွေအနေနဲ့ရော ဘာတွေသတိထားသင့်သလဲဆိုတာကို နာဂစ်မုန်တိုင်းမှာ ကိုယ်တိုင်ကူညီဖူးသူ ဓါတ်ပုံသတင်းထောက်ဟောင်း ကိုစိုးဇေယျာထွန်းနဲ့ မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
ဒေသတွင်း စစ်ရေးနဲ့ အုပ်ချုပ်ရေး တည်ဆောက်မှုကို တပြိုင်နက်တည်း ဆောင်ရွက်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဌ ခွန်ဘီထူးက ပြောပါတယ်။ ကရင်နီဒေသတွင်း အုပ်ချုပ်ရေးဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ခွန်ဘီထူးကို မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် ဒေသအများစုကို ကရင်နီဒေသခံ ကာကွယ်ရေးအဖွဲ့အစည်းတွေက ထိန်းချုပ်ထားပြီး၊ ဒေသတွင်း စစ်ရေးနဲ့ အုပ်ချုပ်ရေးတည်ဆောက်မှုကို တပြိုင်နက်တည်း ဆောင်ရွက်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဌ ခွန်ဘီထူးက ပြောပါတယ်။ မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီနေ့တော့ မကြေးမုံတယောက် တူလေးတွေကို ထိန်းပေးရတာပါ။ ကလေးတွေကို အလိုလိုက်လို့ ကလေးတွေကလည်း သူနဲ့နေရတာပျော်ပါတယ်။ ကလေးဝိုင်းထိန်းရင်း ဘယ်လိုအင်္ဂလိပ် စကားလုံးတွေ သုံးထားလည်းဆိုတာ မကြေးမုံက မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရောပြီး ရှင်းပြထားပါတယ်။ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။