အခုအခါ ကမ္ဘာနိုင်ငံတွေဟာ ခေတ်ပေါ် ကွန်ပြူတာ အင်တာနက် နည်းပညာတွေ ၊AI ဉာဏ်ရည်တုစက်ရုပ်တွေကို ကဏ္ဍပေါင်းစုံနည်းတူ စိုက်ပျိုးရေးမှာလည်း အသုံးပြုနေကြပေမယ့် မြန်မာနိုင်ငံက တောင်သူလယ်သမားတွေအတွက်ကတော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ မြန်မာတောင်သူတွေအခြေအနေနိုင်ငံတကာနဲ့ နှိုင်းယှဥ်ပြီး စုစည်းတင်ဆက်ထားပါတယ်။
အသက် ၁၀၂ နှစ်အရွယ်အဖွားတယောက် သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် လေထီးခုန်နေတာပါ။ အမြင့်ပေ ၇၀၀၀ ကနေ ကောင်းကင်ထဲဒိုင်ဗင်ထိုးခုန်ဆင်းခဲ့လို့ ဗြိတိန်အသက်အကြီးဆုံး လေထီးခုန်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက် ၁၀၀ ပြည့်မွေးနေ့တုန်းကလည်း တနာရီ မိုင် ၁၃၀ အရှိန်နဲ့ ပြိုင်ကားမောင်းခဲ့ပါသေးတယ်။
ကျယ်ဝန်းလှပတဲ့ ရှုခင်းတွေ၊ ရေကြည်ရာ မြက်နုရာ လှည့်လည် သွားလာနေထိုင်ကြတဲ့ နေမှု ထိုင်မှုပုံစံတွေနဲ့ ဆွဲဆောင်ထားတဲ့ Mongolia နိုင်ငံဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားရမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံထဲဝင်ရောက်ဖို့ကြိုးစားကြတဲ့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ရွှေ့ပြောင်းဝင်ရောက်လာကြသူတွေဟာ Arizona ပြည်နယ် သဲကန္တာရထဲမှာ ဝေဒနာခံစားပြီး အသက်ဆုံးရှုံးရတာတွေနဲ့ ကြုံနေရပါတယ်။ ဒါတွေကို ကူညီကယ်ဆယ်ပေးဖို့ Diane Noonan Pothast ဆိုတဲ့ စေတနာ့ဝန်ထမ်းဟာ သူစွမ်းသလောက်ကူညီပေးနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမိုင်းတလျှောက် နိုင်ငံရေးပါတီအများအပြား ရှိခဲ့ပေမဲ့ ဒီမိုကရက်နဲ့ ရီပါဘလစ်ကန် ၂ ပါတီစနစ်ကတော့ နိုင်ငံရေးဖြစ်စဉ်မှာ လွှမ်းမိုးထားတာပါ။ VOA ပုံပြရုပ်သံကို ကိုဝင်းခန့်မောင် တင်ဆက်ပေးထားပါတယ်။
အမေရိကန် ရီပါဗလစ်ကန် သမ္မတလောင်း Donald Trump နဲ့ ဒုသမ္မတလောင်း JD Vance တို့သာ ရွေးကောက်ပွဲနိုင်ရင် တနိုင်ငံလုံး ကိုယ်ဝန်ဖျက်ခွင့် ပိတ်ပင်ဖို့ လုပ်မှာ မဟုတ်ဘူးလို့ ဒုသမ္မတလောင်း JD Vance က ပြောလိုက်ပါတယ်။
အမေရိကန် ဒုတိယ သမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump တို့က သူတို့ရဲ့ စီးပွားရေး မျှော်မှန်းချက်တွေကို ထုတ်ဖော် ပြောဆိုလာကြပြီး နှစ်ဦးစလုံးကတော့ ငွေကြေးဖောင်းပွမှု အရေးကို ကိုင်တွယ်ဖို့နဲ့ အလုပ်သမားတွေ ရတဲ့ ဘောက်ဆူးငွေ အပေါ်မှာ ပြည်ထောင်စု အခွန် မကောက်ရေးတို့ကို ကတိပြုထားကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေကြောင့် အချိန်ပြည့် စောင့်ရှောက်မှုလိုအပ်တဲ့ ဘိုးဘွားတွေအတွက် ဘယ်လိုစောင့်ရှောက်မှု စနစ်တွေရှိပါလဲ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ Alondra သက်ကြီးစောင့်ရှောက်ရေးလုပ်ငန်းပိုင်ရှင် မသင်းသင်းအေးနဲ့ မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်း မှာတင်ပြထားပါတယ်။
၂၀၂၀ ခုနှစ်ကတည်းက အာရှနွယ်ဖွား အမေရိကန်တွေထဲက မဲပေးခွင့်ရတဲ့ မဲဆန္ဒရှင်ဦးရေဟာ အမေရိကန်မှာအမြန်ဆုံးတိုးလာနေတယ်လို့ Pew သုတေသနစင်တာက ဖော်ပြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ မဲပေးနိုင်တဲ့ အာရှနွယ်ဖွား အမေရိကန် အများဆုံးရှိပြီး သူ့နောက်မှာတော့ နယူးယောက် နဲ့ တက္ကဆက်ပြည်နယ်ရှိပါတယ်။
ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေအပြင် ရခိုင်ဒေသမှာပါ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်လာပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာ ဒီအကြောင်းအရာကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်းအာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေမှာ အသက်ဘေးကလွတ်အောင်တိမ်းရှောင်ပြေးနေရတဲ့ရိုဟင်ဂျာတွေအပါအဝင် ဒေသခံပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လူသားဆန်မှု စာနာစိတ်တွေနဲ့ နိုင်ငံတကာစံ ဥပဒေတွေကို လိုက်နာချဉ်းကပ်ဖို့ NUG ဒုဝန်ကြီး အကြံပြုတိုက်တွန်းပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်မလာမီတစ်ရက်အလို ဩဂုတ်လ ၁၃ ရက်နေ့ညနေပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဖယ်ရှားကာ တန်ပြန်အာဏာသိမ်းမှုဖြစ်ပွါးတယ်ဆိုတဲ့သတင်းတွေ ဆိုရှယ်မီဒီယာမှာ အရှိန်အဟုန်နဲ့ ပြန့်နှံ့ခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။