မြန်မာအလယ်ပိုင်း တစိတ်တပိုင်း၊ ကချင်၊ ရှမ်းတိုက်ပွဲတွေ ပြင်းထန်၊ ရခိုင်မှာ ပိုဆိုးဖွယ်ရှိ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ဒေသတွင်း တာဝန်ရှိသူတွေနဲ့ တွေ့ပြီး မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ဆက်တိုက်လုပ်၊ စသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအလွန် ဝန်ထမ်းတွေအိမ်ကနေ အလုပ်လုပ်တာလျှော့ပြီး ရုံးပြန်တက်ဖို့ တချို့ အလုပ်ရှင်တွေက လိုလားကြပါတယ်။ အမေရိကန်မှာတော့ ဝန်ထမ်းအများစုက အိမ်ကနေအလုပ်လုပ်တာ ဒါမှမဟုတ် အလုပ်သွားရမယ့်တချို့ရက်တွေကို အိမ်ကလုပ်လိုကြတာပါ။ဝန်ထမ်းအများစု အိမ်ကအလုပ်လုပ်တာက ကုမ္ပဏီလုပ်ငန်းတွေကို ထိခိုက်နိုင်ပါသလား။
ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ အင်္ဂါဂြိုဟ်ရဲ့ အပေါ်ယံ မျက်နှာပြင် အောက်မှာ သမုဒ္ဒရာရေပြင်လောက် များပြားတဲ့ရေတွေ၊ ပုန်းခိုနေနိုင်တဲ့ အထောက်အထားတွေ တွေ့တယ်လို့ ပြောပါတယ်။ အေပီ သတင်းတပုဒ်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။
၄ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့မှာ ပြောကြားခဲ့တဲ့ ဒီမိုကရက်သမ္မတလောင်းဟဲရစ် မိန့်ခွန်းသုံးသပ်ချက်အထူးအစီအစဥ်အဖြစ် ဗွီအိုအေ ဌာနမှူး ဒေါ်ခင်စိုးဝင်း၊ နိုင်ငံရေး သုံးသပ်သူ ဒေါက်တာတင့်ဆွေ၊ ဇိုသုန်းမှုန် တို့နဲ့အတူ ဦးကျော်ဇံသာက ဆွေးနွေး တင်ဆက်ထားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ ရွေးကောက်ပွဲ ထပ်မပြိုင်တော့ဘူးလို့ ကြေညာအပြီး တလအကြာ Kamala Harris ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ်လက်ခံမိန့်ခွန်းပြောပါတယ်။ သူ့ရဲ့ သမိုင်းမှတ်တမ်းနဲ့ နိုင်ငံအတွက် ရည်မှန်းချက်တွေကို ပြိုင်ဘက် ဖြစ်သူ သမ္မတဟောင်း Donald Trump နဲ့ နှိုင်းယှဉ်ပြောသွားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ပြင်းထန်လာနေတဲ့ ကရင်ပြည်နယ်မှာ ကလေးငယ်တွေ အခြေခံပညာ ရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေရပြီး ဒီလိုကြိုးပမ်းရာမှာ အမျိုးသမီးတွေ အများအပြား အဓိက ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်တယ်လို့ ကရင်ပညာရေးနဲ့ ယဥ်ကျေးမှုဌာနရဲ့ အခြေခံပညာရေးဗျူရို အကြီးအကဲ နော်နယူးတန်ပယ်ထွန်း က ပြောပြပါတယ်။
ပါကစ္စတန် နိုင်ငံတဝန်းမှာ ကုန်ကျစရိတ် သက်သာတဲ့ ပြန်ပြည့်မြဲ စွမ်းအင်ကို ပိုပြီး ပြောင်းလဲ သုံးစွဲလာနေပါတယ်။ ဒါဟာ နိုင်ငံရဲ့ မဟာဓာတ်အားလိုင်း စနစ် အတွက်တော့ အကျပ်အတည်း တခု ဖြစ်လာစေနိုင်ကြောင်း ဗွီအိုအေရဲ့ ပါကစ္စတန် ဗျူရို အကြီးအကဲ Sarah Zaman က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။
ဂျပန်အစိုးရနဲ့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးတွဲပိုင်ဆိုင်တဲ့ Tokyo Metro ရထားလိုင်းတွေရဲ့ စတော့ရှယ်ယာ ထက်ဝက်လောက်ကို အများပိုင် အစုရှယ်ရာအဖြစ် ရောင်းချသွားဖို့ စီစဥ်နေတဲ့အကြောင်းနဲ့ Alibaba အွန်လိုင်း ဈေးရောင်းကုမ္ပဏီရဲ့ ဝင်ငွေ ကျဆင်းခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အာဖရိကတိုက် အနောက်ပိုင်း ဆီနီဂေါနိုင်ငံမှာ လူငယ် စိုက်ပျိုးရေးသမားတွေဟာ သူတို့ရဲ့ စိုက်ပျိုးထွက်ကုန် အသီးအနှံတွေကို အင်တာနက် လူမှုကွန်ယက်ကို အသုံးချပြီး အရောင်းမြှင့်တင်နေကြပါတယ်။ ဒီအကြောင်း AFP သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
မြန်မာစားကုန်တချို့ တရားမဝင်ကြောင်း အမေရိကန်သတိပေးတာအပေါ် ဘယ်လို လုပ်ဆောင်သင့်ပါလဲ။ မြန်မာက တင်သွင်းတဲ့ စည်သွပ်ဗူးနဲ့ မုန့်ဟင်းခါးအနှစ်တချို့ဟာ တရားမဝင်လို့ မသုံးစွဲဖို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA)၊ အစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန (FSIS) က သတိပေးလိုက်ပါတယ်။
မိုးမောက်မြို့နယ်ထဲက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ - ၄၃၇ ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ရှမ်းပြည်အထူးဒေသ ၁ မှာနိုင်ငံတကာ အဆင့်မှီ ကျန်းမာရေးစနစ်ကို CDM ကျန်းမာရေး ဝန်ထမ်း ၅၀၀ ဝန်းကျင်နဲ့ စပြီးအကောင်အထည် ဖော်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ချီကာဂိုမြို့တော်မှာ ကျင်းပနေတဲ့ ဒီမိုကရက်ပါတီညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ ဒုသမ္မတ Kamala Harris က ပါတီသမ္မတလောင်းအဖြစ် တရားဝင်လက်ခံမိန့်ခွန်းပြောဆိုဖို့ရှိပြီး၊ အဲဒီ တပြိုင်တည်းမှာပဲ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ဒီအထူးအစီအစဉ်မှာ DNC ဒီမိုကရက်ပါတီညီလာခံ ပါတီသမ္မတလောင်းလက်ခံမိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ချက်နဲ့အတူ၊ သုံးသပ်ချက်အစီအစဉ် ရွေးကောက်ပွဲသတင်းဆောင်းပါးတွေကိုပါ ထုတ်လွှင့်သွားပေးသွားမှာပါ။ ဒီအစီအစဉ်ကို ဗွီအိုအေ မြန်မာပိုင်းရဲ့ လူထုမိတ်ဆွေရုပ်သံချာနယ်နဲ့ ဗွီအိုအေ ဝက်ဆိုဒ်အပြင် ဗွီအိုအေမြန်မာပိုင်း Facebook နဲ့ Youtube လူမှုမီဒီယာတွေမှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။