ဩဂုတ် ၂၂၊ ၂၀၂၄ - မြန်မာစားကုန်တချို့ တရားမဝင်ဖြစ်ကြောင်း အမေရိကန် အစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန (FSIS) က သတိပေးတာအပေါ် ဘယ်လို လုပ်ဆောင်သင့်ပါလဲ။
ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ တတိယနေ့ညမှာတော့ ပါတီရဲ့ ဒုသမ္မတလောင်း အဖြစ်အဆိုပြုခံရသူ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tin Waltz က လက်ခံမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ရှီကာဂိုမြို့ကနေ Kane Farabaugh သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြမှာပါ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ အနုပညာရှင်တွေဟာ ဒီကနေ့အထိ ပြည်တွင်းမှာ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ အာဏာရှင်စနစ်ကို နည်းမျိုးစုံနဲ့ တော်လှန်နေကြသူတွေကို သူတို့တတ်နဲ့ပညာနဲ့ တဘက်တလမ်းက ကူညီ ပံ့ပိုးပေးနေကြတာမှာ ရန်ပုံငွေဂီတပွဲတွေကျင်းပတာလည်း ပါဝင်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဩဂုတ်လ ၂၈ ကနေ စက်တင်ဘာ ၈ အထိ ကျင်းပမယ့် မသန်စွမ်းသူများ အိုလံပစ်ပြိုင်ပွဲမှာ အပြေး ၊ အလေးမ၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို စတဲ့အားကစားတွေမှာ ပါဝင်ယှဉ်ပြိုင်မဲ့ ဒုက္ခသည်များ အဖွဲ့က အားကစားသမားတွေဟာ မျှော်လင့်ချက် ဆိုတဲ့ သတင်းစကားကို အဓိကအားဖြင့် ပါးကြမှာပါ။
တက်တူး အနုပညာရှင်တွေနဲ့ တက်ရဲ့တူးဝါသနာပါသူတွေရဲ့ စုဝေးပွဲကို မက္ကဆီကိုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပါတယ်။ ဒီပွဲကို တက်တူးအနုပညာရှင်တွေ၊ တက်တူးစိတ်ဝင်စားသူတွေ အမြောက်အများ တက်ရောက်ခဲ့ကြသလို ပွဲစီစဥ်သူတွေကလည်း တက်တူးထိန်းသိမ်းနည်းတွေကို မျှဝေဟောပြောခဲ့ကြပါတယ်။
ကရင်တော်လှန်ရေး အစဥ်အလာ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - 'ဝ'တပ်ဖွဲ့ကလွဲပြီး တိုင်းရင်းသားတပ်ဖွဲ့တွေဟာ ကရင်တော်လှန်ရေးအဖွဲ့ရဲ့ အရိပ်အာဝါသနဲ့မလွတ်ကင်းနိုင်သူတွေ ဖြစ်ပါတယ်။ စစ်အင်အားအစဥ်အလာကြီးမားတဲ့ ကရင်တပ်ဖွဲ့တွေဟာ နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုကြောင်း ဦးအောင်ခင် တင်ပြထားပါတယ်။
ဆွီဒင်နိုင်ငံသားတွေအနေနဲ့ ကိုယ့်အစားအသောက်က ရတဲ့စွန့်ပစ်ပစ္စည်းကို recycle ပြန်သုံးဖို့ ဥပဒေသစ် တရပ် ထုတ်ပြန်ထားပါတယ်။ အရင်ကတည်းကဒီစနစ်သုံးခဲ့တဲ့ မြို့ရွာတွေအပြင် အခုတော့ မြို့တော် စတော့ဟုမ်း မှာပါ ဒီဥပဒေကို လိုက်နာလာတာ တွေ့ရတဲ့ အကြောင်း AP သတင်း တပုဒ်ကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
လူဆန်ဆန် စက်ရုပ်အမျိုးအစား ၆၀ ကျော်ပါဝင်ပြသမယ့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံကို တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ဒီပြပွဲမှာ ဘယ်လို စက်ရုပ်ဒီဇိုင်းအမျိုးအစားအသစ်တွေကို တွေ့မြင်ရပါမှာလဲ။ ရိုက်တာသတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ ကြုံတွေ့ခံစားနေရတဲ့အခြေအနေအပေါ် နှစ်ဖက်ပြောဆိုမှုတွေ ကွဲလွဲနေပြီး သတင်းမှားတွေရဲ့ သားကောင်မဖြစ်ကြဖို့ အရေးကြီးတယ်လို့ NUG လူ့အခွင့်အရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုပါတယ်။ မဆုမွန် တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံဟာ ဒီအင်အားကြီးနိုင်ငံ နှစ်ခုကြား Proxy War ခေါ် တဆင့်ခံစစ်ပွဲရဲ့ စစ်မြေပြင်တခု ဖြစ်လာနိုင်ခြေကော ရှိနေပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေရဲ့ အကူအညီကို မှီခိုနေရတဲ့ ယူကရိန်းရဲ့ တန်ပြန်စစ် ဟာ နို၀င်ဘာလမှာ ပြုလုပ်မဲ့ အမေရိကန်ရွေးကောက်ပွဲ ရလာဒ်ပေါ်မူတည်ပြီး တမျိုးတဖုံ ပြောင်းလဲသွားနိုင်တဲ့အခြေအနေနဲ့ မြန်မာပြည်တွင်းစစ်အခြေအနေကို ယူကရိန်းမြန်မာလွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဥ်ချက် အစီအစဥ်ကနေ တင်ဆက်ထားပါတယ်။
ရှီကာဂိုမြို့မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယ နေ့မှာတော့ အမေရိကန် သမ္မတဟောင်း Barack Obama က မိန့်ခွန်း ပြောကြားပြီး ဒုသမ္မတ Kamala Harris ဟာ လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ Donald Trump ကို ယှဉ်ပြိုင်ဖို့ မှန်ကန်တဲ့ ရွေးချယ်မှုပဲ ဆိုတာ ပြောခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။