Sheik Hasina ထွက်သွားပြီးတဲ့နောက် အခက်အခဲမျိုးစုံနဲ့ မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒီမိုကရေစီအတွက် စိန်ခေါ်မှုတွေအများအပြားရှိနေပါတယ်။ ဒီတပတ် အယ်ဒီတာနဲ့ မေးမြန်းခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ကမ္ဘာကျော် လူကြိုက်များတဲ့ အစားအစာတခုထဲမှာ အီတလီနိုင်ငံက ရေခဲမုန့်တွေလည်း ပါပါတယ်။ တခြားရေခဲမုန့်တွေလောက် နို့မလိုင် မများလှတဲ့ Gelato (ဂျလာတိုး) ရေခဲမုန့်တွေ ဘာကြောင့်နာမည်ကြီးသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ရောမမြို့ကိုသွားပြီး စားကြည့်ရအောင်ပါ။
ဒုသမ္မတ Kamala Harris က သူ အစိုးရရှေ့နေ ဘဝကစလို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်ခဲ့တာကို ထောက်ပြ မဲဆွယ်နေချိန်မှာ Donald Trump ကတော့ လက်ရှိအစိုးရ လက်ထက်မှာ နိုင်ငံထဲ ရွှေ့ပြောင်း ဝင်ရောက်သူဦးရေ စံချိန်တင် အများဆုံး ဖြစ်လာတယ်လို့ ဝေဖန်ပြီး နေရပ် ပြန်ပို့မယ်လို့ ကတိပြု ပြောဆိုနေပါတယ်။
ဂရိနိုင်ငံမှာ တနင်္ဂနွေနေ့ကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီး Athens မြို့တော် မြောက်ဘက် ဆင်ခြေဖုံးအထိ အကြီးအကျယ် ပျံ့နှံလာနေတဲ့အတွက် အမြင့်ဆုံး အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားရသလို မီးငြိမ်းသတ်ရေး ဥရောပ သမဂ္ဂရဲ့ အကူအညီကို တရားဝင် တောင်းခံထားရပါတယ်။
အမေရိကန် လူငယ်မဲတွေ နဲ့ ထရမ့် သို့မဟုတ် ဟဲရစ် သမ္မတ ဖြစ်လာနိုင်မလား၊ လူငယ်မဲဆန္ဒရှင်တွေ အကြား ထောက်ခံမှုတွေ၊ စိတ်အားတက်ကြွတာတွေ တိုးလာတာကို နှစ်ဘက်စလုံးက စီစဉ်သူတွေကတော့ မြင်ကြရပါတယ်။ ဒါပေမဲ့လည်း သမိုင်းမှတ်တမ်းတွေ အရတော့ လူငယ်တွေဟာ ရွေးကောက်ပွဲမှာ မဲလာပေးတာ နည်းပါတယ်။
CLAWS လို့ အတိုကောက်ခေါ်တဲ့ စိုက်ပျိုးရေးသုံး စက်ရုပ်ဟာ စိုက်ကွင်းထဲမှာ အစုံအဆန်မောင်းနှင်ပြီး မီးလေဆာရောင်ခြည်သုံးကာ အပင်တွေ၊ မြေဆီလွှာတွေကို မထိခိုက်စေပဲ ပေါင်းမြက်တွေကို ရှင်းလင်းသတ်ပစ်နိုင်ပါတယ်။ Reuters သတင်းဌာနက Arrthy Thayaparan သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump က သူ့ရဲ့ အင်တာနက်စာမျက်နှာ ဖေါက်ထွင်းခိုးယူခံရကြောင်း ပြောပါတယ်။ ဒုသမ္မတ Kamala Harris နဲ့ ဒီမိုကရက် ဒုသမ္မတလောင်း အဖြစ် ရွေးချယ်ထားသူ Tim Walz တို့ဟာ ခုအခါ လှည့်လည် မဲဆွယ်စည်းရုံးနေပြီး စီးပွားရေးမူဝါဒနဲ့ ပတ်သတ်လို့ အဓိကထား ပြောဆိုရှင်းလင်းပါတယ်။
လက်တွေ့မှာလည်း အင်အားကြီး နိုင်ငံလည်းဖြစ်တဲ့ အိမ်နီးချင်းတရုတ်ရဲ့ အခန်းကဏ္ဍက ထင်သာ၊မြင်သာရှိပြီး အမေရိကန်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေ၊တန်ဖိုးတွေပေါ်မှာ ရပ်ခံတာကလွဲလို့ တော်လှန်ရေးကို ထိထိ ရောက်ရောက် ကူညီတာ မရှိဘူးလို့ မြင်သူတွေ၊ဝေဖန် သုံးသပ်သူတွေလည်း ရှိပါတယ်။
ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း Tim Walz ရဲ့ တရုတ်ပြည်အတွေ့အကြုံတွေဟာ သူ ဒုသမ္မတ ဖြစ်လာတဲ့အခါ အသုံးဝင်လာနိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး Walz ရဲ့ ရပ်တည်ချက် နဲ့ ပတ်သက်ပြီး Anita Powell နဲ့ Paris Huang တို့ တင်ပြထားပါတယ်။ကိုငြိမ်းချမ်း က တင်ပြမှာပါ။
အမေရိကန်ဟာ မြန်မာ့အရေးမှာ အပြောပဲရှိပြီး လက်တွေ့မှာ ထိထိရောက် မကူညီဘူးလို့ ဝေဖန်ကြတာတွေရှိပါတယ်။ မြန်မာ့အရေးမှာ ထိထိရောက်ရောက် ပါဝင်ကူညီလာစေဖို့ အမေရိကန်ရောက် မြန်မာတွေအနေနဲ့ သူတို့ရဲ့ မဲဆန္ဒရှင်အခွင့်အရေးတွေကို အသုံးချသင့်တဲ့အကြောင်းကို ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
ရိုဟင်ဂျာတွေအတွက် ဥပဒေရေးရာအရ လုံခြုံရေးဆိုင်ရာ အကာအကွယ်ပေးမှုအပါအဝင် စိတ်ချလုံခြုံတဲ့နေရာဖန်တီးပေးမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီပေးရေးဆိုင်ရာ အချက်အလက်တွေ ထည့်သွင်းမယ့် ဥပဒေကို အမေရိကန်လွှတ်တော်ကပြဋ္ဌာန်းဖို့ရှိတယ်လို့ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ မဝေဝေနုက ဗွီအိုအေကိုပြောပါတယ်။
ဂျာမနီနိုင်ငံမှာ နွေရာသီအချိန်ရောက်ရင် ည ၉နာရီ နောက်ပိုင်းမှ နေဝင်တာမို့လို့ ရုံးဆင်းချိန် အချိန်ပိုအလုပ်တွေပြီးသွားခဲ့ရင်တောင် နေဝင်ချိန် သွားကြည့်လို့ရပါတယ်။ နော်သဇင်နဲ့အတူ သူနေတဲ့ မြို့စွန်က စပျစ်ခင်း၊ ပြောင်းခင်းနားမှာ နေဝင်ချိန်အလှကို သွားကြည့်ကြရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။