အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံမှားယွင်းကြေညာခဲ့တဲ့အပေါ် နိုင်ငံတကာအိုလံပစ်ကော်မတီ IOC က တောင်းပန် လိုက်ပါတယ်။ Seine မြစ်မှာ ရေထုညစ်ညမ်းမှုကြောင့် အိုလံပစ်ပွဲစဉ်တချို့ ပြိုင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ပဲရစ်အိုလံပစ်ပြိုင်ပွဲဘက်က အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
ပိုမိုပြင်းထန်လာတဲ့ မြန်မာ့ပဋိပက္ခမှာ အထိနာနေတဲ့ စစ်ကောင်စီက ၂၀၂၅ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာနိုင်ပါမလား။ ရွေးကောက်ပွဲအလွန်မှာရော တိုင်းပြည်အခြေအနေ တည်ငြိမ်ကောင်းမွန်လာနိုင်ပါမလား။
ယူကရိန်းအရှေ့ခြမ်းက ယူကရိန်းနိုင်ငံသားတွေအနေနဲ့ ရုရှားယဉ်ကျေးမှုနဲ့ ဆက်နွယ်တယ်လို့ ခံယူသူတွေ ရုရှားကို ပြောင်းနေဖို့ ယူကရိန်းသမ္မတက နှင်ထုတ်တယ်လို့ ရုရှားအစိုးရက ပြောနေပါတယ်။ ဒါပေမဲ့ ယူကရိန်းသမ္မတက အဲဒီလိုမျိုး ပြောတာမဟုတ်ဘူးဆိုတဲ့အကြောင်း VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းတွေဟာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးနေပြီးစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ သတင်းမီဒီယာတွေက အားပေးအားမြှောက်ပြုနေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာအနီးမှာ ကျင်းပတဲ့ နိုင်ငံတကာ ကား ပြပွဲတစ်ခုမှာ ကားထုတ်လုပ်သူတွေဟာ နောက်ဆုံးပေါ်နည်းပညာသုံး ကားတွေကို ပြသထားပါတယ်။ GAIKINDO အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာ ကားပြပွဲ (GIIAS) မှာ ကား ကုမ္ပဏီပေါင်း ၅၀ ကျော်က လျှပ်စစ်ကားတွေကို ပြသထားတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ဂျာမနီမှာ ဒုံးကျည်တွေ ထားဖို့အစီအစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားသမ္မတပူတင်ကလည်း ဒုံးလက်နက်သစ်တွေ ထားနိုင်တဲ့အကြောင်း ပြောပါတယ်။ စစ်အေးခေတ်သဘောတူစာချုပ်နဲ့ တားမြစ်ထားခဲ့တဲ့ တာလတ်ပစ်လက်နက်စနစ်တွေ ပြန်တပ်ဆင်ဖို့ နှစ်နိုင်ငံလုံး အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အချက်ပြထားပါတယ်။
စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံတဝန်း တိုက်ပွဲတွေ မငြိမ်မသက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ စီးပွားရေး လုပ်ငန်းတွေ ဆုံးရှုံးရသလို တဖက်မှာလည်း နေထိုင်စားသောက်ရေး စာရိတ်ကြီးမြင့်မှုနဲ့လည်း ကြုံနေကြရပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
မြန်မာပြည်တွင်းစစ်ရှောင်တွေအတွက် တဖက်တလမ်းရန်ပုံငွေရရှိစေဖို့နဲ့ ပြည်ပရောက် မြန်မာတိုင်းရင်းသားပေါင်းစုံ စုစည်းဖို့ ရည်ရွယ်ပြီး၊ နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့ Buffalo Myanmar Association ဦးဆောင်ကျင်းပတဲ့ Buffalo Union Night အကြောင်း ဟောင်ဆာက သွားရောက် တင်ဆက်ထားပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက် သမ္မတလောင်းလည်းဖြစ် လက်ရှိ ဒု သမ္မတလည်းဖြစ်တဲ့ ကမ်မလာ ဟဲရစ်စ်တို့ဟာ ဘယ်သူ့ကို မဲပေးရမလဲဆိုတာ ဝေခွဲမရဖြစ်နယ်တဲ့ ပြည်နယ်တွေကို ဦးတည်ထား စည်းရုံးနေတဲ့ တချိန်တည်းမှာ အားနည်းချက်တွေနဲ့ ပတ်သတ်လို့ အပြန်အလှန် ထောက်ပြ အပြစ်တင်နေကြပါတယ်။
အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေအတွင်း နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေအပြင် တိုက်ပွဲဖြစ်စဉ်တွေအကြား သေဆုံးခဲ့ရတဲ့ အရပ်သား အရေအတွက်က တိုးလာပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာ အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
၂၀၀၈ အခြေခံဥပဒေအရ ၆ လတစ်ကြိမ် သက်တမ်းတိုးနေတဲ့ စစ်ကောင်စီဟာ လာမယ့် ဇူလိုင်လ ၃၁ ရက်ဆိုရင် ၆ လပြည့်ပြန်ပါပြီ။ ဒီလိုအချိန်မှာ ယာယီသမ္မတဦးမြင့်ဆွေက စစ်ကောင်စီဥက္ကဋ္ဌကို ယာယီသမ္မတတာဝန် လွှဲပြောင်းပေးတယ်ဆိုတဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာပါတယ်။ ဒီထုတ်ပြန်ချက်အပေါ် သတင်းမီဒီယာတွေ ဘယ်လို တုံ့ပြန်ကြပါသလဲ။
လူသိများ ကျော်ကြားတဲ့ YouTuber- Lily Hevesh ဟာ ဒိုမီနို (ခေါ်) ဒိုးဇက်ပြားတွေနဲ့ ဖန်တီးမှုနဲ့ ပရိသတ်ကို ဆွဲဆောင်လာတာ ၁၅ နှစ်တာ ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကတော့ ဝါရှင်တန် မြို့တော်မှာ ရှိတဲ့ National Building ပြတိုက်မှာ သူမရဲ့ ဧရာမရည်မှန်းချက်ကြီးတခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။