စစ်ကောင်စီတပ်သားတွေ စစ်ကောင်စီကိုပြန်တိုက်ဖို့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလာတဲ့ အခြေအနေကိုကြည့်ရင် မြန်မာစစ်ခေါင်းဆောင်တွေ အသုံးချခံနေရတာကို သဘောပေါက်လာတာဖြစ်တယ်လို့ CDM တပ်မတော်သား ကိုနောင်ရိုးက ပြောပါတယ်။ ပြည့်သူ့ပန်းတိုင်အဖွဲ့တာ၀န်ခံ ကိုနောင်ရိုးကို မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်မှာ ပြောနေတဲ့ စကားတွေထဲမှာ အခု ခေတ်စားနေတဲ့ ဗန်းစကား Basic တိုက်ရိုက်အဓိပ္ပာယ်ပြန်ရင် အခြေခံ၊ သမားရိုးကျလို့ ပြောရမယ့် လူအများရဲ့ အကြိုက်ဖြစ်နေတဲ့အရာတွေကို ရည်ညွှန်းတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး မကြေးမုံက အမေရိကန်အင်္ဂလိပ်စကားနဲ့ ရောပြီး ရှင်းပြထားပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ အလှူဒါနနဲ့ တရားဘာဝနာပွားများမှုတွေကို ရောက်ရာအရပ်ဒေသမှာပဲ စုဝေးပူဇော်ကျင်းပကြတာမှာ ဘန်ကောက်မြို့တော်နားက ပထုံဌာနီခရိုင်မှာရှိတဲ့ ဓမ္မကာယ စေတီတော်ကြီး မြန်မာပြည်သားတွေ ဘာသာရေး အခမ်းအနားတွေ ကျင်းပတတ်ကြတာပါ။ မညိုညိုလွင် တင်ဆက်ပေးထားပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် မယ်ဟောင်ဆောင်ဒေသ ဒုက္ခသည်စခန်းမှာ မွေးဖွားပြီး အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချခွင့်ရခဲ့တဲ့ ကရင်နီလူငယ်တဦး ကမ္ဘာ့ထိပ်တန်း ဟားဗက်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရပြီး အနာဂတ်အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေးစကားပြောထားပါတယ်။
ဂျာမဏီ၊ ဘာလင်မြို့တော်က ဟိုတယ်ခေါင်မိုးပေါ်မှာ တမြို့လုံးကို မြင်နိုင်တဲ့ ဒါန်းစီးနိုင်၊ နိုင်ဂျီးယားပန်းချီဆရာ ကမ္ဘာ့အကြီးဆုံးပန်းချီဆွဲပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်တင်ဖို့ ကြိုးပမ်း၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မမြသဇင်အောင်တို့ တင်ဆက်ထားပါတယ်။
တရုတ်ရဲ့ခြိမ်းခြောက်မှုခံနေရတဲ့ထိုင်ဝမ်မှာအန္တရယ်ကျလာရင်တုန့်ပြန်ဆောင်ရွက်နိုင်ဖို့လေ့ကျင်မှုတွေပြုလုပ်ပါတယ်ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတရုတ်ပြည်ကိုလာရောက်စဉ်ရုရှားနဲ့စစ်ပွဲရပ်စဲနိုင်ရေးဆွေးနွေးပါတယ်ဘင်္ဂလားဒေ့ရှ်မှာလူ ၂၀၀ လောက်သေဆုံးခဲ့တဲ့ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။ ကိုဇော်မိုး ကျော်ကတင်ပြထားပါတယ်
ကမ္ဘာ့နေရာဒေသတချို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာနိုင်ငံတွေရဲ့ ငြိမ်းချမ်းလုံခြုံမှုတွေလည်း ထိခိုက်ကျဆင်းလာနေရတယ်လို့ လေ့လာမှုတွေက ပြောဆိုထားပါတယ်။ နိုင်ငံပေါင်း ၁၆၃ နိုင်ငံကို လေ့လာစစ်တမ်းကောက်ယူပြီး နိုင်ငံတွေရဲ့ ငြိမ်းချမ်းမှု အညွှန်းကိန်းတွေကိုလည်း ထုတ်ပြန်ခဲ့ကြပါတယ်။
Kamala Harris ရဲ့ မိသားစုဟာ သမရိုးကျမဟုတ်တဲ့ မိသားစုလို့တချို့က ဆိုကြပါတယ်။ အမေရိကန်နိုင်ငံမှာ မိသားစုနဲ့ နိုင်ငံရေး ဘယ်လို အပြန်အလှန် သက်ရောက်နေကြပါသလဲ။ ဒီအပတ် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဥ်မှာ ဦးတင်မောင်သန်းက နိုင်ငံရေးလေ့လာသူ ဦးအောင်မိုးဝင်းကို မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးရွားလာနေတဲ့ လူငယ်သင်တန်းကျောင်းတွေရဲ့ အခြေအနေအကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
တော်လှန်ရေးကာလအတွင်း လက်နက်ကိုင်တပ်တွေအနေနဲ့ အင်အားရှိရင် ကြိုက်တာလုပ်လို့ ရတဲ့ပုံစံနဲ့ နိုင်ငံရေးကစားရင် ဆိုးကျိုးဖြစ်နိုင်တယ်လို့ ချင်းခေါင်းဆောင်တဦးက သတိပေးလိုက်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ချင်းအစိုးရ ပြောခွင့်ရ ဒေါက်တာရွေခါရ်းကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားလို့ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာသန်းချီ လျော့ကျသွားပါတယ်။ ဒီသတင်းတွေ ဒီသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျက ဘယ်လိုရှိပါသလဲ။ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင် ဆက်ပေးထားပါတယ်။
တရုတ်နဲ့ အပါအဝင် နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်ကို ထိခိုက်မလာအောင် သတိထားဖို့ တရုတ်သတိပေး၊ ၂၀၀၈ အခြေခံဥပဒေမှာ မပါရှိပေမဲ့ စစ်ကောင်စီအကြီးအကဲက သမ္မတအာဏာ လွှဲပြောင်းယူလိုက်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။