လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့မယ်ဆိုရင်၊ သူ့အနေနဲ့ ဖယ်ဒရယ် ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရားတခုလုံးကို သမ္မတရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာထားဖို့ ကြိုးပမ်းလာနိုင်ချေ ရှိနေပါတယ်။
ရီပတ်ဘလစ်ကန်ပါတီ ညီလာခံအပိတ်မှာ ပြောကြားတဲ့ သမ္မတဟောင်း Donald Trump ရဲ့ မိန့်ခွန်းဟာ အရင် မိန့်ခွန်းတွေနဲ့စာရင် ညီညွတ်ရေးကို နှိုးဆော်သွားပြီး ထိန်းထိန်းသိမ်းသိမ်း ပြောကြားတဲ့ မိန့်ခွန်းတခုအဖြစ် ကယ်လီဖိုးနီးယားပြည်နယ် San Francisco Bay Area က နိုင်ငံရေးသုံးသပ်သူ ဦးကိုကိုလေးက ရှုမြင်ပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
ကုန်ဈေးနှုန်းတွေမြင့်တက်နေတဲ့ ဒီနေ့ခေတ်မှာ နောင်မျိုးဆက် ကလေးတွေကို ငယ်ငယ်ကတည်းက ပိုက်ဆံအကြောင်း အသိပညာသင်ပေးနေကြပါတယ်။ သြစတြေးလျနိုင်ငံတောင်ပိုင်းမှာတော့ ဝင်ငွေရှာနည်းနဲ့ စုနည်း၊ စီးပွားရေးလုပ်နည်း စသဖြင့် ကလေးတွေကို သင်ပေးနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ဓါတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ အရေပြားတု မျက်နှာပြင်တွေရဲ့ Tissue တွေကို ပြုံးလာအောင် ဖန်တီးလို့ ရပြီဖြစ်တဲ့အကြောင်း ဂျပန်သိပ္ပံပညာရှင်တွေက ကြေညာလိုက်ပါတယ်။ စက်ရုပ်တွေရဲ့ မျက်နှာအတွက် ဖန်တီးထားတဲ့ သက်ရှိ လူရဲ့ အရေပြား ဆဲလ်တွေလိုမျိုး မျက်နှာပုံစံ အရေပြားကို ပြုံးလာအောင် ဖန်တီးတာမှာ အောင်မြင်သွားတာပါ။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့လယ်က နယ်မြေတခုကို ပဲရစ်မြို့က ပုံစံမျိုး ခမ်းနားစွာ တည်ဆောက်ပြီး ပြန်ရောင်းစားမယ့် အိမ်ခြံမြေ ဈေးကွက်သစ်တခုအကြောင်းနဲ့ မြောက်ကိုရီးယားလုပ် မျက်တောင်တုတွေကို တရုတ်က Made in China နာမည်ခံပြီး ကမ္ဘာ့ဈေးကွက်ထဲ တင်ပို့ပေးနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားမှု အပြီး ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာံမှာ ဆွေးနွေးချက်တွေ၊ လုပ်ကြံဖို့ ကြိုးစားမှုကြောင့် ညီလာခံနဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း Donald Trump အပေါ် ထောက်ခံမှုနဲ့ သက်ရောက်မှုအခြေအနေ သုံးသပ်ချက်တွေကို ကိုအောင်အောင် စုစည်းတင်ပထားပါတယ်။
စစ်တပ်က အာဏာသိမ်းယူထားတဲ့ ၃ နှစ်ခွဲကာလအတွင်း NLD ပါတီဝင် အယောက် ၁၅၀၀ ကျော် ယောက် ဖမ်းဆီးခံထားရ၊ ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်ထဲက ခိုမုန်းရွာမှာ စစ်တပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား ၃ ယောက် ပွဲချင်းပြီး သေဆုံး၊ စတဲ့ သတင်းလွှာတွေကို တိုင်းရင်းသတင်းထောက်တွေ စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံထဲ ရန်ကုန်က မြို့တချို့မှာပါ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဆက်ဖြစ်နေချိန်၊ ကာကွယ်သင့်တာတွေကို ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။ ဒီရောဂါ စမဖြစ်အောင် ဘယ်လို ဝိုင်းကာကွယ်သင့်ပြီး၊ ဘယ်လိုလူတွေက အန္တရာယ်ပိုကြီးနိုင်ပါလဲ။
ပါကစ္စတန်နိုင်ငံမှာ ဂျွန်းဘား အားကစားမှာ ပါဝင်တဲ့ မိန်းကလေးငယ် လူဉီးရေ နည်းပါးလာပါတယ်။ ကလေးအလုပ်သမားများတဲ့ ပါကစ္စတန်နိုင်ငံမှာ ပါကစ္စတန် ညီအမ ၂ ယောက်ကတော့ ကျောင်းလည်းမထွက်ဘဲ ဂျွန်းဘား အားကစားကို အားစိုက် ကြိုးပမ်းနေပါတယ်။ VOA သတင်းထောက် Sidra Dar ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
သြစတြေးလျနိုင်ငံတဝှမ်းက လုပ်ငန်းခွင်မျိုးစုံမှာ ဝန်ထမ်းသစ် ရှာဖွေရတာ ခက်ခဲနေတာကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေကို အလုပ်ခန့်နေကြပါတယ်။ Queensland အရပ်က ဓာတ်ဆီဆိုင်တွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေ အလုပ်လုပ်ကိုင်နေကြပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် စနေနေ့က ပင်ဆားဗေးနီးယားပြည်နယ် မဲဆွယ်စည်းရုံးပွဲမှာ သမ္မတဟောင်း Donald Trump ကိုလုပ်ကြံဖို့ကြိုးပမ်းမှုက အမေရိကန်နိုင်ငံရေးလောကကို ဘယ်လို ဂယက်ရိုက်နိုင်ပါသလဲ။ လာမယ့် နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာ မဲဆန္ဒရှင်တွေက သုံးသပ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။