အမေရိကန်သမ္မတဟောင်းလည်းဖြစ် ရီပတ်ဘလစ်ကန်သမ္မတကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ Donald Trump ဟာ Wisconsin ပြည်နယ် Milwaukee မြို့မှာကျင်းပတဲ့ RNC ရီပတ်ဘလစ်ကန်နိုင်ငံလုံးဆိုင်ရာ ညီလာခံ တက်ရောက်ခဲ့ပါတယ်။ မဲဆွယ်ပွဲအတွင်း ပစ်ခတ်လုပ်ကြံခံရအပြီး ၂ ရက်အကြာမှာ ကျင်းပတဲ့ RNC ညီလာခံကို တက်ရောက်ခဲ့တာပါ။
ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင် Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုကျင်းပနေတဲ့ ပါတီ ညီလာခံ လုံခြုံရေး စိုးရိမ်မှုနဲ့ မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။ အမေရိကန် လျို့ဝှက်ထောက်လှမ်းရေး အဖွဲ့ တာဝန်ရှိသူတွေကတော့ ညီလာခံ လုံခြုံရေးကို အာမခံတဲ့အကြောင်း ပြောဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီတွင်း ခေါင်းဆောင်တချို့က သမ္မတ ဘိုင်ဒန်ကို ရွေးကောက်ပွဲ ဆက်မပြိုင်တော့ဖို့ တောင်းဆိုတာတွေကို သမ္မတက ပယ်ချလိုက်ပါတယ်။ တကယ်လို့ ဘိုင်ဒန်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ် မဟုတ်ဘူးဆိုရင် ဘယ်သူ တက်မလဲ ဆိုတာကို Scott Stearns က သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်သမ္မတ Joe Biden က အမေရိကန်တွေ စည်းလုံး ညီညွတ်ကြဖို့နဲ့ နိုင်ငံရေးအရ သဘောထားကွဲပြားမှုတွေကနေ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတဟောင်း Donald Trump လုပ်ကြံဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ Biden က သူ့ရဲ့ Oval ရုံးခန်းကနေ နိုင်ငံကို မိန့်ခွန်းပြောခဲ့တာပါ။
တရုတ်ဟာ ကမ္ဘာ့ပေါ် အဝတ်အထည် ဝယ်ယူမှုနဲ့ ထုတ်လုပ်မှုမှာ အကြီးဆုံးဖြစ်ပြီး၊ တနှစ်ကို အဝတ်အထည်ပေါင်း တန်ချိန် ၂၆ သန်း စွန့်ပစ်ရပါတယ်။ ဆန်းသစ်တီထွင်လူငယ်ဒီဇိုင်နာတွေက ဒီအရေးကြီးတဲ့ အဝတ်ထည်စွန့်ပစ်မှု ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာပြောပြပါမယ်။
နယ်စပ်ကုန်သွယ်ရေး၊ ကျောက်မျက်ရတနာနဲ့ ခရီးသွားလုပ်ငန်းတို့လို ဝင်ငွေကောင်းရာ မြို့ကြီးအတော်များများကို စစ်ကောင်စီက အပြည့်အ၀ မထိန်းချုပ်နိုင်တော့ဘဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ရယူလာနေပါတယ်။ ဒီအခြေအနေမှာ နေ့စဉ်စားဝတ်နေရေးကနေ စီးပွားရေးလုပ်ငန်းကြီးတွေထိ လုပ်ငန်းလည်ပတ်မှုတွေ ပြောင်းလဲလာပါတယ်။
စစ်ရေးပဋိပက္ခတွေဟာလူမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေရှိနေပါတယ်။ ရုရှား-ယူကရိန်းနဲ့ အစ္စရေးလ် ဂါဇာလိုစစ်ရေးပဋိပက္ခတွေဖြစ်နေချိန်မှာပဲသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအကြောင်း ခုလိုမီးမှောင်းထိုးပြောဆိုလာတာဖြစ်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်က တင်ပြထားပါတယ်။ ..
သမ္မတဟောင်း Trump အပေါ် ပါတီတွင်းထောက်ခံမှုနဲ့ ပြိုင်ဘက် လက်ရှိသမ္မတ Joe Biden ရွေးကောက်ပွဲမှာ ဝင်ပြိုင်သင့် မပြိုင်သင့်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အပေါ် ဖလော်ရီဒါပြည်နယ် Saint Johns မြို့က နိုင်ငံရေးသုံးသပ်သူ ဉီးဆန်းအောင်ထွန်းရဲ့ သုံးသပ်ချက်အမြင် ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။
ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနဲ့ ဆန်လုပ်ငန်းရှင်တွေ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဘဏ်ဥက္ကဋ္ဌတွေနဲ့ ဘဏ်တာဝန်ရှိသူတွေ နေပြည်တော်မှာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီလိုသတင်းတွေကြောင့် ဘဏ်တွေမှာ ငွေလိုသလောက် ထုတ်ယူမရတော့ဘဲ စျေးကွက်ထဲ ကမောက်ကမ ဖြစ်နေတဲ့အကြောင်း ပြည်သွေးနိုင် ဆွေးနွေးတင်ပြထားပါတယ်။
မနှစ်ကစခဲ့တဲ့ အယ်လ်နီညိုဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲရာသီဥတုဘေးတွေကို ပြည်သူတွေ ခံစားနေရဆဲဖြစ်ပါတယ်။ မိုးဦးနဲ့ မိုးလယ်ကာလတွေမှာ ဖြစ်လေ့ရှိတဲ့ ရေကြီးရေလျှံမှုအပြင် ဝမ်းရောဂါတွေကိုပါ ပြည်သူတွေ ရင်ဆိုင်နေကြရတာပါ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စုမှာ ပိုင်းခြားဖော်ပြသွားပါမယ်။
ထိုင်းနိုင်ငံမှာ အရင်ကတည်းက မြန်မာလုပ်သား နှစ်သန်းနီးပါးရှိပြီး အဲဒီအလုပ်သမားတွေဟာ ဥပဒေအရအကာကွယ်တွေ၊ မျှတတဲ့ဆက်ဆံမှုတွေနဲ့ ရပိုင်ခွင့်တွေ စတဲ့ သူတို့အခွင့်အရေးရဖို့ ကြိုးစားနေကြရပါတယ်။ တစ်ဖက်မှာလည်း အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ တက်ကြွလှုပ်ရှားသူတွေက အဲဒီအခြေအနေကနေ တိုးတက်လာအောင် ကူညီပေးနေကြပါတယ်။
သမ္မတဟောင်း ထရန့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ဖြစ်ရပ်ဟာ အင်မတန်အကျည်းတန်ပြီး၊ ဒီလို နိုင်ငံရေးအကြမ်းဖက်မှုကို ရှုတ်ချတယ်လို့ အမေရိကန်ပြည်ထောင်စုနေ မြန်မာနွယ် အသိုင်းအဝိုင်းတွေကလည်း တု့န်ပြန်ခဲ့ကြပါတယ်။ မြန်မာအသိုင်းအဝိုင်းတွေအမြင် ကိုသားညွန့်ဦး စုစည်းတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။