သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညွတ်ရေးအတွက် သမ္မတ Biden ရော Trump ပါ တိုက်တွန်း


ညီညွတ်ရေးအတွက် သမ္မတ Biden ရော Trump ပါ တိုက်တွန်း
please wait

No media source currently available

0:00 0:03:26 0:00

အမေရိကန်သမ္မတ Joe Biden က အမေရိကန်တွေ စည်းလုံး ညီညွတ်ကြဖို့နဲ့ နိုင်ငံရေးအရ သဘောထားကွဲပြားမှုတွေကနေ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတဟောင်း Donald Trump လုပ်ကြံဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ Biden က သူ့ရဲ့ Oval ရုံးခန်းကနေ နိုင်ငံကို မိန့်ခွန်းပြောခဲ့တာပါ။

ညီညွတ်ရေးအတွက် သမ္မတ Biden ရော Trump ပါ တိုက်တွန်း

အမေရိကန်သမ္မတ Joe Biden က အမေရိကန်တွေ စည်းလုံး ညီညွတ်ကြဖို့နဲ့ နိုင်ငံရေးအရ သဘောထားကွဲပြားမှုတွေကနေ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ တနင်္ဂနွေနေ့ညမှာ တိုက်တွန်းလိုက်ပါတယ်။ သမ္မတဟောင်း Donald Trump လုပ်ကြံဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ Biden က သူ့ရဲ့ Oval ရုံးခန်းကနေ နိုင်ငံကို မိန့်ခွန်းပြောခဲ့တာပါ။ ဇူလိုင် ၁၅ ရက် ဒီကနေ့ တနင်းလာနေ့မှာ စတင်မယ့် ရီပတ်ဘလစ်ကန်တွေရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံတက်ရောက်ဖို့ Wisconsin ပြည်နယ် Milwaukee မြို့ကို ရောက်နေတဲ့ Trump ကလည်း ညီညွတ်ရေးအတွက် အလားတူ တိုက်တွန်းခဲ့ပါတယ်။ လာမယ့် နိုဝင်္ဘာမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာ အကြမ်းဖက်မှုတွေတိုးလာမှာကို စိုးရိမ်နေကြရတာပါ။ VOA သတင်းထောက် Anita Powell ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။

Forum

​
XS
SM
MD
LG