သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မဝင်ရေး သမ္မတ Biden ဆုံးဖြတ်ချက် ဒီမိုကရက်ခေါင်းဆောင်တွေ ကြိုဆို


 သမ္မတဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲမဝင်တော့မယ့်ဆုံးဖြတ်ချက်ကို ကြိုဆိုကြတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Nancy Pelosi နဲ့အထက်လွှတ်တော်ဒီမိုကရက်ခေါင်းဆောင် Chuck Schumer လွှတ်တော်ပူးတွဲအစည်းအဝေးတခုမှာ တွေ့ရစဥ်။ (မတ်လ ၇၊ ၂၀၂၄)
သမ္မတဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲမဝင်တော့မယ့်ဆုံးဖြတ်ချက်ကို ကြိုဆိုကြတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း Nancy Pelosi နဲ့အထက်လွှတ်တော်ဒီမိုကရက်ခေါင်းဆောင် Chuck Schumer လွှတ်တော်ပူးတွဲအစည်းအဝေးတခုမှာ တွေ့ရစဥ်။ (မတ်လ ၇၊ ၂၀၂၄)

လာမယ့်ရွေးကောက်ပွဲမှာ သူ ‘ဝင်ပြိုင်တော့မှာမဟုတ်ဘူး’ ဆိုပြီး သမ္မတ Joe Biden ရုတ်တရက် ကြေညာလိုက်တာကို ဒီမိုကရက်တစ်ပါတီအတွင်း လွှတ်တော်အမတ်တွေ အံ့အားသင့်နေကြပြီး အထင်ကရခေါင်းဆောင်တွေကတော့ ကြိုဆိုတဲ့ကြေညာချက်တွေ ထုတ်ပြန်ကြပါတယ်။

အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer က ‘သမ္မတ Joe Biden ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်လိုက်တာဟာ လွယ်လွယ်ကူကူ ဆုံးဖြတ်လိုက်တာမဟုတ်ဘဲ တိုင်းပြည်နဲ့ပါတီရဲ့အကျိုး၊ ကျနော်တို့ရဲ့အနာဂတ်ကို ရှေ့တန်းတင် စဉ်းစားတာသာ ဖြစ်ပါတယ်’ လို့ ဒီနေ့ တနင်္ဂနွေနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။ Joe Biden ဟာ ကြီးမြတ်တဲ့ သမ္မတတယောက်ဖြစ်ရုံတင်မဟုတ်ဘဲ ဥပဒေပြုရေး ကိစ္စတွေမှာလည်း ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ အံ့အားသင့်စရာကောင်းတဲ့သူတယောက် ဖြစ်ကြောင်း ကြေညာချက်မှာဖေါ်ပြပါတယ်။ Joe Biden ဟာ စစ်မှန်တဲ့ မျိုးချစ်အမေရိကန်တယောက်ဆိုတာ ဒီနေ့ သူ့ရဲ့ ဆုံးဖြတ်ချက်က ပြလိုက်တာလို့လည်း ဒီမိုကရက် အထက်လွှတ်တော်အမတ် Chuck Schumer က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

Chuck Schumer ဟာ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Nancy Pelosi နဲ့အတူ သမ္မတ Biden ရွေးကောက်ပွဲဆက်မဝင်ဖို့ နောက်ကွယ်က နားချစည်းရုံးတဲ့သူတွေထဲမှာ အဓိကပါသူတွေဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ ရွေးကောက်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့်ပြည်နယ်တွေမှာ သမ္မတ Biden အပေါ် လူထုထောက်ခံမှုကျဆင်းနေပြီဆိုတဲ့စစ်တမ်းတွေ မကြာခင်ကထွက်လာပြီးနောက်ပိုင်းမှာ သမ္မတကို ရွေးကောက်ပွဲဆက်မပြိုင်တော့ဖို့ တိုက်တွန်းချက်တွေ ပိုထွက်လာခဲ့တာပါ။ အိုဟိုင်းရိုး၊ မွန်တာနားနဲ့ အနောက် ဗာဂျီးနီးယားပြည်နယ်တွေက အထက်လွှတ်တော်အမတ်တွေက သမ္မတ Biden ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူတို့ ပြန်အရွေးခံရနိုင်တဲ့အခွင့်အလမ်း နည်းသွားလိမ့်မယ်ဆိုပြီး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Nancy Pelosi ကတော့ သမ္မတ Joe Biden ဟာ တိုင်းပြည်အကျိုးကို အမြဲရှေ့တန်းတင်တဲ့ မျိုးချစ်အမေရိကန်တယောက်ဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ သမိုင်းအမွေ၊ သူ့ရဲ့ အမြော်အမြင်နဲ့ ခေါင်းဆောင်မှုတန်ဖိုးတွေကြောင့် အမေရိကန်သမိုင်းမှာ အထူးအရေးပါတဲ့ သမ္မတတယောက်အဖြစ် အသိအမှတ်ပြုခံရတာ ဖြစ်တဲ့အကြောင်း ဒီနေ့ တနင်္ဂနွေနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။

Forum

XS
SM
MD
LG