ဒီအပတ်တော့ နော်သဇင်က ဂျာမနီမှာရှိတဲ့ တက္ကသိုလ် မြို့တမြို့ ဖြစ်တဲ့ Tübingen မြို့က ချော့ကလက်ပွဲတော်ကို သွားဆင်နွှဲခဲ့တာပါ။ နှစ်စဉ် ခရစ်စမတ်ပွဲတော် မကျင်းပခင် ဥရောပတိုက်တခုလုံးက ချော့ကလက်ကုန်သည်တွေနဲ့ အနုပညာရှင်တွေ လာရောက်ရောင်းချတဲ့ ချောကလက်ပွဲတော်ကို နော်သဇင်နဲ့အတူ သွားကြရအောင်ပါ။
ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အသုံးချပြီး ရိုဟင်ဂျာတွေကို လက်နက်တွေတပ်ဆင်ပြီး အာရက္ခတပ်တော် (AA) ကို ပြန်တိုက်ခိုက်နေတဲ့အတွက် ပဋိပက္ခတွေ ပိုပြီး ဆိုးရွားလာနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ရိုဟင်ဂျာလူငယ် ကိုဇာနည်စိုးက ပြောပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေငြာခဲ့တဲ့ သမ္မတယွန်ဆွတ်ယိုးကို ရာထူးကနေနှုတ်ထွက်ပေးဖို့ အတိုက်အခံ ဒီမိုကရက်ပါတီနဲ့ဆန္ဒပြပြည်သူတွေကတောင်းဆိုနေပါတယ်။ ။ အာဏာရပါတီခေါင်းဆောင်ကိုယ်တိုင် နှုတ်ထွက်စေ့ချင်ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တင်ခံထားရတဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် ထပ်မံကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေကို ကျော်ဖြတ်နိုင်ရေး မျှော်လင့်ချက်တွေက ဘာတွေလဲ။ ကိုဇာနည်စိုးကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း တဘက်တလမ်းကလည်း ဝါသနာပါတဲ့ ဓာတ်ပုံပညာကိုဆည်းပူးခဲ့တဲ့ မြန်မာလူငယ်က ဗြိတိန်နိုင်ငံက ဓာတ်ပုံဝါသနာရှင်မဂ္ဂဇင်းနဲ့ TECNO Mobile ကုမ္ပဏီတို့ ပူးပေါင်းကျင်းပတဲ့ နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ မခင်လေး ဆက်သွယ်စကားပြော ထားပါတယ်။
ပိုလန်နိုင်ငံက ကက်သလစ်ဘုရားကျောင်းတခုမှာ ဘုရားကျောင်းလာတက်သူတွေရဲ့ အမေးကို AI ဉာဏ်ရည်တုနဲ့ ဖြေကြား၊ စပိန်နိုင်ငံ မက်ဒရစ်မြို့တော်မှာတော့ ဘုရားကျောင်းတကျောင်းမှာ ရာဘာဘဲရုပ်လေးတွေနဲ့ တန်ဆာဆင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
တိုင်းရင်းသား အဖွဲ့တွေ အပေါ် တရုတ်နိုင်ငံရဲ့ဖိအားက အမြင့်ဆုံး အဆင့် ကျရောက်နေပေမယ့် အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အပေါ် သက်ရောက်မှုမှာတော့ အကန့်အသတ်ရှိတယ်လို့ နိုင်ငံရေးသုတေသီတွေက ဗွီအိုအေကို ပြောပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဘယ်ဟာ အဓိကလဲဆိုတာ မြန်မာ့နိုင်ငံရေးမှာ အငြင်းပွါးစရာ အကြောင်းအရာတရပ် ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်ဝင်းအား ဦးတင်မောင်သန်းက ဆက်သွယ်မေးမြန်းပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အကျဉ်းထောင် လက်စွဲဥပဒေအရ စစ်ပွဲအခြေအနေ ဖြစ်လာရင် အကျဉ်းသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီရဲ့ အကျဉ်းထောင် အာဏာပိုင်တွေကတော့ အကျဉ်းသားတွေ အန္တရာယ်ကျရောက်နိုင်မယ့် အခြေအနေမျိုး လုပ်နေတဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း အချမ်းသာဆုံး စာရင်းဝင်တွေ၊ ထိပ်တန်း ၅ နေရာကို ရောက်လာတဲ့ နိုင်ငံတွေ၊ စီးပွားရေး လုပ်ငန်းတွေအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
တယောက်နဲ့ အမြင်မတူတာ၊ သူတို့ ပြောတာကို ကိုယ်လက်မခံနိုင်တာတို့ဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ့်ဆန္ဒကို ထုတ်ပြောနိုင်ပါတယ်။ နှုတ်ဆက်စကား၊ အငြင်းစကား စသဖြင့် ပြောရတတ်တဲ့ စကားတွေကို မကြေးမုံ ပြောပြထားပါတယ်။ မကြေးမုံက အမေရိကန်အင်္ဂလိပ်စကား၊ အမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။