ဒီကနေ့ဟာ အိန္ဒိယသမုဒ္ဒရာတွင်းဆူနာမီရေလှိုင်း ကျရောက်ခဲ့တဲ့ နှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဆူနာမီကြောင့် နိုင်ငံပေါင်း (၁၄ )နိုင်ငံမှ လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ရပါတယ်။ ထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုတော့ “ ဒီအဖြစ်ဆိုးမှာ မေ့ပျောက်ခံရသူများ” လို ခေါ်ဝေါ်ခဲ့ကြပါတယ်။
ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေး တည်ငြိမ်မှုကင်းမဲ့တာနဲ့အတူ အခြေခံလုံခြုံရေး စီးပွါးရေးနဲ့ စာနာမှုအခြေအနေတွေလည်း ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ ပြိုလဲလုဖြစ်လာတဲ့ စစ်ကောင်စီကို တရုတ်နိုင်ငံက စစ်ရေး၊ နိုင်ငံရေးအပါအဝင် နည်းမျိုးစုံနဲ့ ကျားကန်ပေးဖို့ လုပ်လာပေမဲ့ ထိရောက်မှု ရှိပါ့မလား။
၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ အာချဲကျွန်းအနီး ဗဟိုပြုခဲ့တဲ့ အင်အား ၉ ဒသမ ၂ လောက် ရှိတဲ့ ဆူနာမီ ငလျင်ကြောင့် လူတွေထောင်ချီသေဆုံးခဲတဲ့ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ နှစ်၂၀ ပြည့် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပဖို့ ပြင်တင်နေတဲ့အကြောင်း ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
၂၀၂၄ ခုနှစ်ဟာ လူငယ်တွေအတွက် အောင်မြင်မှုတွေရတဲ့ နှစ်ဖြစ်တယ်လို့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ရဲ့ ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။ စစ်ပွဲတွေကြား အခက်အခဲတွေ ကြုံနေရပေမဲ့ လူငယ်တွေကတော့ နှစ်သစ်ကို အကောင်းဆုံး ပုံဖော်ဖို့ မျှော်မှန်းနေကြတဲ့အကြောင်း GenZ အထူးအစီအစဉ်မှာ မခင်လေး တင်ပြထားပါတယ်။
၂၀၂၄ ခုနှစ် မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာမှာ ကျင်းပခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ၊ ယူရို ၂၀၂၄ ဥရောပဖလား ပြိုင်ပွဲအပါအဝင် ကမ္ဘာတဝန်းက စိတ်ဝင်စားစရာ အားကစားသတင်းတွေကို ကိုရန်နိုင်က ပြန်လည်စုစည်းတင်ဆက်ပေးထားပါတယ်။
လေဖြတ်တာကို ကုသတဲ့အခါမှာ ဘယ်အချိန်က စလေဖြတ်သလဲဆိုတဲ့အချက်က ဆရာဝန်တွေအတွက် အရေးကြီးပါတယ်။ အခုတော့ AI ဉာဏ်ရည်တု နည်းပညာ ဆော့ဖ်ဝဲအသစ်က လေဖြတ်လူနာတွေရဲ့ ဦးနှောက်ကို Scan ဖတ်ပေးပြီး အချိန်ခန့်မှန်းမှု နှစ်ဆတိုး တိကျစေပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြထားပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီခေါင်းဆောင်တက်ရောက်တဲ့ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နှစ်တရာပြည့် အထိမ်းအမှတ်အခမ်းအနားကို ဖိတ်ကြားခံရတဲ့ ကျောင်းသားဟောင်း အများစု နဲ့ CDM ဆရာ ဆရာမတွေ အားလုံးနီးပါးက တက်ရောက်ခြင်းမရှိဘဲ သပိတ်မှောက် ထားပါတယ်။
Santa Claus ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ရွာလိုဆိုတဲ့ Finland နိုင်ငံက Rovaniemi (ရိုဗာနီရဲမီ) မြို့ကို ကမ္ဘာလှည့်ဧည့်သည်တွေ စံချိန်တင်သွားနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတလွှား ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မမြသဇင်အောင်တို့က စုစည်း တင်ဆက်ထားပါတယ်။
ဂျပန်နိုင်ငံမှာ အစဉ်အလာ အမျိုးသားများကြီးစိုးတဲ့ ဆာကေး အရက်ချက်လုပ်တဲ့ လုပ်ငန်းမှာ အမျိုးသမီးတွေ တဖြည်းဖြည်းချင်း ဝင်ရောက်လုပ်ကိုင်နေကြပါပြီ။ ဒါဟာဆိုရင် ရာစုနှစ်နဲ့ချီ တည်ရှိလာတဲ့ အစဉ်အလာကို ချိုးဖောက်ပြီး ထွက်ပေါ်လာတဲ့ လုပ်သား အင်အားသစ်ဖြစ်ပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတလွှားမှာ ခရစ္စမတ်ကို ပုံစံအမျိုးမျိုးနဲ့ ကြိုဆိုနေကြပါတယ်။ မအိသန့်စင်က စုစည်း တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။